Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်တွင် စစ်အုပ်စုအနီး ပြည်သူများရှိနေ၍ စစ်ဆင်ရေး ၅ခု ဖျက်သိမ်းခဲ့ရ

မိုးကုတ်မြို့နယ်သည် မန္တလေးတိုင်းအတွင်း စစ်ကောင်စီတပ်အား ဆန့်ကျင်တော်လှန်မှုအားကောင်းရာ ဒေသဖြစ်ပြီး မိုဘိုင်းအင်တာနက်ဖြတ်တောက်ခံထားရသည်။

မိုးကုတ်ဗျူဟာ တပ်ရင်း၁ Wolves Of Mogok အဖွဲ့ဝင်များ စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်၊ ဓာတ်ပုံ-Wolves Of Mogok
မိုးကုတ်ဗျူဟာ တပ်ရင်း၁ Wolves Of Mogok အဖွဲ့ဝင်များ စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်၊ ဓာတ်ပုံ-Wolves Of Mogok

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တွင် စစ်အုပ်စုအနီးတွင် ပြည်သူများရှိနေ၍ တိုက်ခိုက်ရန် ပြင်ဆင်ထားသော စစ်ဆင်ရေးငါးခုဖျက်သိမ်းခဲ့ရကြောင်း မိုးကုတ်ဗျူဟာတပ်ရင်း(၁)Red Wolves Of Mogok အဖွဲ့က အသိပေးသည်။

ပြည်သူများ အသွားအလာဆင်ခြင်ပေးကြရန်၊ စစ်အုပ်စုဝင် စစ်သား၊ရဲများနှင့် ဝေးရာတွင် နေကြရန် မကြာခဏသတိပေးခဲ့သော်‌လည်းလိုက်နာခြင်းမရှိ၍ တပ်ရင်းက ပြုလုပ်မည့် စစ်ဆင်ရေးငါးခုကို ဖျက်သိမ်းခဲ့ရကြောင်း Wolves Of Mogok အဖွဲ့က ယနေ့ (ဒီဇင်ဘာလ ၈ ရက်) ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် မိုးကုတ်မြို့ပြင် မြို့တွင်း မလိုအပ်ဘဲ သွားလာခြင်းမပြုဘဲ အသွားအလာဆင်ခြင်ပေးကြရန်၊ စစ်ကောင်စီတပ်နှင့် ပတ်သက်ဆက်နွယ်နေသော နေရာများ၊ အရာများကို လုံး၀(လုံး၀) ရှောင်ကြဉ်ပေးကြရန်၊ စစ်ကောင်စီကို အကူညီဖြစ်စေမည့် အရာမှန်သမျှ ရှောင်ကြဉ်ရန်၊ ပြည်သူများ၏ ကားများကိုလည်း မြို့တွင်း/မြို့ပြင် မှန်ချမောင်းပေးကြရန် Wolves Of Mogok အဖွဲ့က ထပ်မံသတိပေးသ​ည်။

Public Service Announcement
Public Service Announcement

အဆိုပါ သတိပေးချက်များကို လိုက်နာဆောင်ရွက်မှုမရှိပါက ဖြစ်ပေါ်လာမည့်အကျိုးဆက်များကို တာ၀န်ယူဖြေရှင်းပေးမည် မဟုတ်ကြောင်း Wolves Of Mogok အဖွဲ့က အသိပေးခဲ့သည်။

Public Service Announcement

Public Service Announcement

သတိပေးချက်နှင့်ပတ်သက်၍ Wolves Of Mogok အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

မိုးကုတ်မြို့နယ်သည် မန္တလေးတိုင်းအတွင်း စစ်ကောင်စီတပ်အား ဆန့်ကျင်တော်လှန်မှုအားကောင်းရာ ဒေသဖြစ်ပြီး မိုဘိုင်းအင်တာနက်ဖြတ်တောက်ခံထားရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ညအချိန်တွေမှာ စစ်တပ်စခန်းတွေကို ဒရုန်းအသုံးပြုတိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေကို စုန်းမအဖွဲ့က ထုတ်ပြန်ပါတယ်။

ဆောင်းပါး

အာဏာသိမ်း စစ်တပ် တပ်ချုပ်အသစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထက် ပထမဆုံး ဖော်ဆောင်တဲ့ ကြည်း၊ရေ၊လေပူးပေါင်းစစ်ဆင်ရေးဟာရှုံးနိမ့်သွားပြီလို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။