Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းနှင့် မတ္တရာတွင် စစ်ကြောင်းထိုးနေသော စစ်အုပ်စုကို တိုက်ခိုက်ခံရပြီး ခဲယမ်းအချို့သိမ်းဆည်းရမိ

ဒီဇင်ဘာ ၂ရက် နံနက်၅နာရီ၀န်းကျင်က စစ်ကိုင်းတပ်မ(၃၃)မှ စစ်ကောင်စီစစ်ကြောင်းသည် စစ်ကိုင်းမြို့နယ်နှင့် မတ္တရာမြို့နယ်ဘက်ခြမ်းကျေးရွာများသို့ အင်အား(၁၀၀)ကျော်ဖြင့်စစ်ကြောင်းထိုးကာ မွှေနှောက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။

သိမ်းဆည်းရမိသော စစ်ကောင်စီ၏ ခဲယမ်းအချို့နှင့် ခြင်းကျားတစ်လုံးအား တွေ့ရစဥ်၊ ဓာတ်ပုံ-ကောင်းကင်တော်လှန်ရေးအင်အားစု
သိမ်းဆည်းရမိသော စစ်ကောင်စီ၏ ခဲယမ်းအချို့နှင့် ခြင်းကျားတစ်လုံးအား တွေ့ရစဥ်၊ ဓာတ်ပုံ-ကောင်းကင်တော်လှန်ရေးအင်အားစု

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်နှင့် မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ကို အလစ်ဝင်တိုက်ခိုက်ရာ စစ်ကောင်စီအရာရှိတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး ခဲယမ်းအချို့ သိမ်းဆည်းနိုင်ခဲ့ကြောင်း ကောင်းကင်တော်လှန်ရေး အင်အားစုက သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ ၂ရက် နံနက်၅နာရီ၀န်းကျင်က စစ်ကိုင်းတပ်မ(၃၃)မှ စစ်ကောင်စီစစ်ကြောင်းသည် စစ်ကိုင်းမြို့နယ်နှင့် မတ္တရာမြို့နယ်ဘက်ခြမ်းကျေးရွာများသို့ အင်အား(၁၀၀)ကျော်ဖြင့်စစ်ကြောင်းထိုးကာ မွှေနှောက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။

အဆိုပါစစ်ကြောင်းကို ဒီဇင်ဘာ ၃ရက် နံနက်၈နာရီခန့်တွင် ပြင်ဦးလွင်ခရိုင်(ပကဖ) မတ္တရာမြို့နယ် ကောင်းကင်တော်လှန်ရေး အင်အားစုများနှင့် နယ်မြေခံ(ပကဖ)တပ်ဖွဲ့များ ပူးပေါင်း၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုမသိရသေးဟု ကောင်းကင်တော်လှန်ရေး အင်အားစုက အသိပေးသည်။

ဆက်လက်ပြီး စစ်ကြောင်းဆက်ထိုးလာသော စစ်ကောင်စီရှေ့ပြေးအဖွဲ့တစ်ဖွဲ့ ရွာအတွင်းသို့ဝင်ချိန် ကောင်းကင်တော်လှန်ရေးအင်အားစု၊ နဂါးနီပြောက်ကျားတပ်ဖွဲ့က အလစ်၀င်တိုက်ရာ စစ်ကောင်စီအရာရှိတစ်ဦးနှင့် တပ်သားတစ်ဦးအား အနီးကပ်၀င်‌ရောက်ပစ်ခတ်ရှင်းလင်းနိုင်ခဲ့သ​ည်ဟု ကောင်းကင်တော်လှန်ရေး အင်အားစုက ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီဘက်က 5.56 ကျည် အတောင့် ၄၀၊ (၄၀)မမ ကျည် လေးလုံး၊ ခြင်းကျားတစ်လုံးနှင့် အသုံးဆောင်ပစ္စည်းအချို့ပါသိမ်းဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ ကောင်းကင်တော်လှန်ရေး အင်အားစုထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိပေ။ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများအား ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ပြီးခဲ့သည့် နိုဝင်ဘာအတွင်းကလည်း စစ်ကိုင်းနှင့် မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာများအား စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

ကော့ကရိတ်မြို့၌ အင်အားအများအပြားအသုံးပြုထိုးစစ်ဆင်လာသော စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းအား မြဝတီမြို့သို့မရောက်ရှိစေရန် ရဲဘော်များက ခက်ခက်ခဲခဲဖြင့် ကြားဖြတ်တိုက်ခိုက်နေသည်ဟု ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။