သတင်း ညောင်ဦးနှင့် တောင်သာရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့်ပျူစောထီးတစ်ဦးကို ပစ်ခတ်ရှင်းလင်း အထက်ပါ စစ်ရေးပစ်မှတ်နှစ်ခုအား တိုက်ခိုက်ခြင်းကို မြင်းခြံခရိုင် တပ်ရင်း (၃)၊ တပ်ခွဲ (၁) မြေလတ် PDF နှင့် တပ်ရင်း (၃)၊ တပ်ခွဲ (၂)TTA ပြောက်ကျားတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။ LuduNwayOoဩဂုတ် 14, 2022
သတင်း ခုနှစ်လကျော်အတွင်း ကုမ္ပဏီ ၃၀၀၀ ကျော် ဖျက်သိမ်းခံရ စစ်ကောင်စီ၏ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများညွန့်ကြားမှုဦးစီးဌာနကမူပြီးခဲ့သည့် ဇူလှိုင်လက ကုမ္ပဏီအသစ်ပေါင်း ၉၀၀ကျော်မှတ်ပုံသည်ဟု ဝါဒဖြန့်ထားသည်။သို့သော် ထိုပမာဏသည် စစ်တပ်အာဏာမသိမ်းခင်ကာလတစ်လ မှတ်ပုံတင်သောနှုန်းနှင့် နှိုင်းယှဉ်ပါက ထက်ဝက်နီးပါးလျော့နည်းနေဆဲဖြစ်သည်။ LuduNwayOoဩဂုတ် 14, 2022
သတင်း မြိုင်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ အဘိုးအဘွား လင်မယားနှစ်ဦးသေဆုံး မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး ကျေးရွာအများအပြားလည်း တိမ်းရှောင် ထွက်ပြေးနေရသည်။ LuduNwayOoဩဂုတ် 14, 2022
သတင်း ကလေးမြို့နယ်တောင်ပိုင်းကို စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်နှင့် PDFတို့ နှစ်ရက်ဆက် တိုက်ပွဲဖြစ် ယင်းတိုက်ပွဲမှာ မနက် ၁၁ နာရီမှ ညနေ ၅ နာရီခန့်အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ အနည်းဆုံးသုံးဦးသေဆုံးကာ PDF တပ်ရင်းများနှင့် မဟာ မိတ်ပူးပေါင်းတပ်မှ ရဲဘော်များ အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့ကြောင်း ဖော်ပြသည်။ LuduNwayOoဩဂုတ် 14, 2022
သတင်း စစ်ကောင်စီတပ်က ပြည်သူကိုပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်ဦးရေများစွာရှိလာပြီးအရေးပေါ် အကူအညီများလိုအပ်နေဟု KNU အသိပေး လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အနေဖြင့်ဖြစ်စေ အဖွဲ့အစည်းအလိုက်အနေအဖြင့်ဖြစ်စေ စစ်ဘေးရှောင် ပြည်သူလူထုများ လိုအပ်လျက်ရှိနေသောအကူအညီများကို ကူညီပေးလိုသည့် မည်သည့်လူပဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမဆို KNU အနေဖြင့်လက်ကမ်းကြိုဆိုလျက်ရှိကြောင်း ထုတ်ပြန်သည်။ LuduNwayOoဩဂုတ် 14, 2022
သတင်း ရှေ့တန်းရောက် စစ်သားများ ထွက်ပြေးလိုပါက လက်နက်ထားခဲ့ရန် စစ်ကောင်စီအရာရှိများပြောဟု KNU ထံအလင်းဝင်လာသည့် စစ်ကောင်စီတပ်ကြပ်ပြော တပ်ကြပ်ဇော်မင်းဦးသည် အာဏာသိမ်းစက ရခိုင်ပြည်နယ် မြောက်ဦး စစ်ဆင်ရေးဒေသ၌ တာဝန်ယူခဲ့ရပြီး နောက်တန်းပြန်ရောက်ပြီး ရက်အနည်းငယ်အကြာတွင် ကရင်ပြည်နယ် စစ်မြေပြင်သို့ လာရောက်ခဲ့ရသည်ဟု ဆိုသည်။ LuduNwayOoဩဂုတ် 14, 2022
သတင်း ဒီပဲယင်းတွင် စစ်ကောင်စီတပ်က ဒေသခံလေးဦးကို ထပ်မံသတ်ဖြတ်၊ နှစ်ပတ်အတွင်း ပြည်သူ ၁၄ဦးထက် မနည်း သတ်ဖြတ် အကြမ်းဖက်စစ်တပ်သည် ဒီပဲယင်းမြို့နယ်အတွင်း ဩဂုတ်လ (၂)ရက်နေ့မှစတင်ကာ စစ်ကြောင်းထိုးနေပြီး ပြည်သူ (၁၄)ဦးထက်မနည်း သတ်ဖြတ်ထားကာ ပြည်သူ (၅၀)ကျော်အား လူသားဒိုင်းအဖြစ် ဖမ်းဆီးထားကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။ LuduNwayOoဩဂုတ် 14, 2022
သတင်း မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို အမှု ၅ မှုနဲ့ ထောင် ၁၀ နှစ် ချ၊ လူသတ်မှု ၊ဓားပြမှု ၊မတရားအသင်းဆက်သွယ်မှု တွေနဲ့ ပါ စစ်ကောင်စီစွပ်စွဲတရားစွဲထား အဲဒီအမှုတွေအပြင် ပြီးခဲ့တဲ့နှစ် မတ်လအတွင်းက စစ်ကောင်စီသြဇာခံ ပုလဲရဲစခန်းက ရဲတစ်ဦးနဲ့ ခင်ဦး မြို့နယ်က ရဲတစ်ဦး အသတ်ခံရမှုမှာ လည်း ကိုဝေမိုးနိုင်ပါဝင်တယ်ဆိုပြီး စွပ်စွဲကာ လူသတ်မှု ၊အားပေးကူညီမှုတွေနဲ့ စစ်ကောင်စီက ထပ်မံတရားစွဲဆိုထားပါသေးတယ်။ LuduNwayOoဩဂုတ် 14, 2022
သတင်း AAနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က မောင်တောနှင့် ဆက်စပ်မြို့နယ်များတွင် လမ်းများ ပိတ်ထားဟု ဒေသခံပြော AAနှင့် စစ်ကောင်စီတပ်တို့သည် ယမန်နေ့က ရသေ့တောင်မြို့နယ်နှင့် မောင်တောမြို့နယ်တို့၌ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့ပြီး အချို့ဖမ်းဆီးခံခဲ့ရသည်ဟု ဆိုသည်။ LuduNwayOoဩဂုတ် 14, 2022
သတင်း စစ်ကောင်စီခေါင်းဆောင်ကို ဂုဏ်သရေရှိဝန်ကြီးချုပ် လို့ သုံးစွဲမှု NUG ကန့်ကွက် နိုင်ငံတကာအဖွဲ့အစည်း ၁၂ ဖွဲ့ရဲ့ ပူးတွဲပေးပို့စာဟာ မြန်မာပြည်သူတစ်ရပ်လုံးကိုစော်ကားသလို ဖြစ်နေပြီးသက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ပုံရိပ်လည်းထိခိုက်စေတယ်လို့ NUG ကဆိုပါတယ်။ LuduNwayOoဩဂုတ် 14, 2022