Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ညောင်ဦးနှင့် တောင်သာရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့်ပျူစောထီးတစ်ဦးကို ပစ်ခတ်ရှင်းလင်း

အထက်ပါ စစ်ရေးပစ်မှတ်နှစ်ခုအား တိုက်ခိုက်ခြင်းကို မြင်းခြံခရိုင် တပ်ရင်း (၃)၊ တပ်ခွဲ (၁) မြေလတ် PDF နှင့် တပ်ရင်း (၃)၊ တပ်ခွဲ (၂)TTA ပြောက်ကျားတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။

(စစ်​ကောင်စီခန့်အုပ်ချုပ်​ရေးမှူး ကံထွန်းကို TTA ကသြဂုတ် ၁၂ ရက်တွင်ရှင်းလင်းခဲ့သည်။ ။ဓါတ်ပုံ-TTA)
(စစ်​ကောင်စီခန့်အုပ်ချုပ်​ရေးမှူး ကံထွန်းကို TTA ကသြဂုတ် ၁၂ ရက်တွင်ရှင်းလင်းခဲ့သည်။ ။ဓါတ်ပုံ-TTA)

ညောင်ဦးမြို့နယ်နှင့် တောင်သာမြို့နယ်တို့မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး နှင့် ပျူစောထီးတစ်ဦးတို့ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း (၃)၊တပ်ခွဲ (၂) TTA ပြောက်ကျားတပ်ဖွဲ့ကယနေ့(သြဂုတ် ၁၄)ထုတ်ပြန်သည်။

ညောင်ဦးနယ် ဂန့်ဂေါကျေးရွာမှ စစ်ကောင်စီလက်ကိုင် တုတ် ပျူစောထီးအဖွဲ့ဝင် ရှမ်းလေး(ခ)ရန်နိုင်စိုးသည် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအား ကြိုးကိုင်ချယ်လှယ်ကာ ပြည်သူများထံမှ မီတာခများမတရားကောက်ခံခြင်း၊ ရွာကိုမီးရှို့မည်ဟု ခြိမ်းခြောက်ခြင်းတို့ကြောင့် သြဂုတ် ၁၁ ရက်ညပိုင်းက သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်းဖော်ပြသည်။

“ခိုင်လုံသော သတင်းပေးမှုများအရ အာဏာရူးသူတို့သွားရာလမ်းကြောင်းအတိုင်း ပို့ဆောင်ပေးလိုက်ရာသေမင်းထံလိုင်စင်ယူနေဆဲဖြစ်ကြောင်း ကြားသိရပါ သည်”ဟု ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

ထို့အပြင် TTAတပ်ဖွဲ့မှ တော်လှရေးရဲဘော်တစ်ဦးက”(ပျူရှမ်းလေးအား)၄ ချက်ပစ်ခဲ့တာပါ။ ရင်ဘက် ၂ ချက်၊ တင် ၁ ချက်နဲ့ လတ်မောင်း ၁ ချက်။ မသေသေးဘူး။ အသတ်ပြင်းတာ”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အလားတူ တောင်သာနယ် သပြေဝကျေးရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးကံထွန်းဆိုသူသည် သားနှစ်ယောက်အား ပျူစောထီးလုပ်ခိုင်းပြီး ကျေးရွာပြည်သူများအပေါ် အာဏာပြခြင်း၊ ကျေးရွာလူထုအား တပ် ထောက်ခံပွဲများတွင် ပါဝင်စေခြင်း၊ ပြည်သူအပေါ်အနိုင်ကျင့်ဗိုလ်ကျခြင်းတို့ကြောင့် သြဂုတ် ၁၂ ရက်တွင် ပစ်ခတ်ရှင်းလင်းလိုက်ခဲ့ကြောင်းအသိ​ပေးထားသည်။

အထက်ပါ စစ်ရေးပစ်မှတ်နှစ်ခုအား တိုက်ခိုက်ခြင်းကို မြင်းခြံခရိုင် တပ်ရင်း (၃)၊ တပ်ခွဲ (၁) မြေလတ် PDF နှင့် တပ်ရင်း (၃)၊ တပ်ခွဲ (၂)TTA ပြောက်ကျားတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။

“ကျွန်ုပ်တို့ TTA-နှင့် မဟာမိတ်များ ၏ စကစခန့်အုပ်ချုပ်ရေးမှူးနှင့် ပျူ၊ဒလန် မစ်ရှင်း များ ခပ်စိပ်စိပ် လုပ်ဆောင်လာခြင်းကြောင့် တောင်သာမြို့နယ် နေရာအနှံ့ နီးပါ စကစ တပ်မှ ပိုက်စိပ်တိုက် ရှာဖွေဖမ်းဆီး မှု့များ ပြုလုပ်နေခြင်းကြောင့် ပြည်သူများအနေဖြင့် သတိထားသွားလာ ကြရန် အထူး သတိပေးအပ်ပါသည်”ဟု ဖော်ပြသည်။

ထို့အပြင် အထက်ပါတိုက်ခိုက်ရေးမက်ရှင်များတွင်ပါဝင်ခဲ့သည့်တော်လှန်ရေးရဲဘော်များဘေးကင်းလုံခြုံရာသို့ရောက်ရှိပြီဖြစ်ကြောင်းTTA ပြောက်ကျားတပ်ဖွဲ့ကအသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။