Connect with us

Hi, what are you looking for?

သတင်း

ညောင်ဦးနှင့် တောင်သာရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့်ပျူစောထီးတစ်ဦးကို ပစ်ခတ်ရှင်းလင်း

အထက်ပါ စစ်ရေးပစ်မှတ်နှစ်ခုအား တိုက်ခိုက်ခြင်းကို မြင်းခြံခရိုင် တပ်ရင်း (၃)၊ တပ်ခွဲ (၁) မြေလတ် PDF နှင့် တပ်ရင်း (၃)၊ တပ်ခွဲ (၂)TTA ပြောက်ကျားတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။

(စစ်​ကောင်စီခန့်အုပ်ချုပ်​ရေးမှူး ကံထွန်းကို TTA ကသြဂုတ် ၁၂ ရက်တွင်ရှင်းလင်းခဲ့သည်။ ။ဓါတ်ပုံ-TTA)
(စစ်​ကောင်စီခန့်အုပ်ချုပ်​ရေးမှူး ကံထွန်းကို TTA ကသြဂုတ် ၁၂ ရက်တွင်ရှင်းလင်းခဲ့သည်။ ။ဓါတ်ပုံ-TTA)

ညောင်ဦးမြို့နယ်နှင့် တောင်သာမြို့နယ်တို့မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး နှင့် ပျူစောထီးတစ်ဦးတို့ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း (၃)၊တပ်ခွဲ (၂) TTA ပြောက်ကျားတပ်ဖွဲ့ကယနေ့(သြဂုတ် ၁၄)ထုတ်ပြန်သည်။

ညောင်ဦးနယ် ဂန့်ဂေါကျေးရွာမှ စစ်ကောင်စီလက်ကိုင် တုတ် ပျူစောထီးအဖွဲ့ဝင် ရှမ်းလေး(ခ)ရန်နိုင်စိုးသည် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအား ကြိုးကိုင်ချယ်လှယ်ကာ ပြည်သူများထံမှ မီတာခများမတရားကောက်ခံခြင်း၊ ရွာကိုမီးရှို့မည်ဟု ခြိမ်းခြောက်ခြင်းတို့ကြောင့် သြဂုတ် ၁၁ ရက်ညပိုင်းက သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်းဖော်ပြသည်။

“ခိုင်လုံသော သတင်းပေးမှုများအရ အာဏာရူးသူတို့သွားရာလမ်းကြောင်းအတိုင်း ပို့ဆောင်ပေးလိုက်ရာသေမင်းထံလိုင်စင်ယူနေဆဲဖြစ်ကြောင်း ကြားသိရပါ သည်”ဟု ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

ထို့အပြင် TTAတပ်ဖွဲ့မှ တော်လှရေးရဲဘော်တစ်ဦးက”(ပျူရှမ်းလေးအား)၄ ချက်ပစ်ခဲ့တာပါ။ ရင်ဘက် ၂ ချက်၊ တင် ၁ ချက်နဲ့ လတ်မောင်း ၁ ချက်။ မသေသေးဘူး။ အသတ်ပြင်းတာ”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အလားတူ တောင်သာနယ် သပြေဝကျေးရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးကံထွန်းဆိုသူသည် သားနှစ်ယောက်အား ပျူစောထီးလုပ်ခိုင်းပြီး ကျေးရွာပြည်သူများအပေါ် အာဏာပြခြင်း၊ ကျေးရွာလူထုအား တပ် ထောက်ခံပွဲများတွင် ပါဝင်စေခြင်း၊ ပြည်သူအပေါ်အနိုင်ကျင့်ဗိုလ်ကျခြင်းတို့ကြောင့် သြဂုတ် ၁၂ ရက်တွင် ပစ်ခတ်ရှင်းလင်းလိုက်ခဲ့ကြောင်းအသိ​ပေးထားသည်။

အထက်ပါ စစ်ရေးပစ်မှတ်နှစ်ခုအား တိုက်ခိုက်ခြင်းကို မြင်းခြံခရိုင် တပ်ရင်း (၃)၊ တပ်ခွဲ (၁) မြေလတ် PDF နှင့် တပ်ရင်း (၃)၊ တပ်ခွဲ (၂)TTA ပြောက်ကျားတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။

“ကျွန်ုပ်တို့ TTA-နှင့် မဟာမိတ်များ ၏ စကစခန့်အုပ်ချုပ်ရေးမှူးနှင့် ပျူ၊ဒလန် မစ်ရှင်း များ ခပ်စိပ်စိပ် လုပ်ဆောင်လာခြင်းကြောင့် တောင်သာမြို့နယ် နေရာအနှံ့ နီးပါ စကစ တပ်မှ ပိုက်စိပ်တိုက် ရှာဖွေဖမ်းဆီး မှု့များ ပြုလုပ်နေခြင်းကြောင့် ပြည်သူများအနေဖြင့် သတိထားသွားလာ ကြရန် အထူး သတိပေးအပ်ပါသည်”ဟု ဖော်ပြသည်။

ထို့အပြင် အထက်ပါတိုက်ခိုက်ရေးမက်ရှင်များတွင်ပါဝင်ခဲ့သည့်တော်လှန်ရေးရဲဘော်များဘေးကင်းလုံခြုံရာသို့ရောက်ရှိပြီဖြစ်ကြောင်းTTA ပြောက်ကျားတပ်ဖွဲ့ကအသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။