Connect with us

Hi, what are you looking for?

သတင်း

မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို အမှု ၅ မှုနဲ့ ထောင် ၁၀ နှစ် ချ၊ လူသတ်မှု ၊ဓားပြမှု ၊မတရားအသင်းဆက်သွယ်မှု တွေနဲ့ ပါ စစ်ကောင်စီစွပ်စွဲတရားစွဲထား

အဲဒီအမှုတွေအပြင် ပြီးခဲ့တဲ့နှစ် မတ်လအတွင်းက စစ်ကောင်စီသြဇာခံ ပုလဲရဲစခန်းက ရဲတစ်ဦးနဲ့ ခင်ဦး မြို့နယ်က ရဲတစ်ဦး အသတ်ခံရမှုမှာ လည်း ကိုဝေမိုးနိုင်ပါဝင်တယ်ဆိုပြီး စွပ်စွဲကာ လူသတ်မှု ၊အားပေးကူညီမှုတွေနဲ့ စစ်ကောင်စီက ထပ်မံတရားစွဲဆိုထားပါသေးတယ်။

မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်
မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်

ကားနဲ့တိုက်ဖမ်းခံရတဲ့ အသက် ၂၆ နှစ်အရွယ် မုံရွာသပိတ် ဦးဆောင်သူ ကိုဝေမိုးနိုင်ကို စစ်ကောင်စီက စွဲဆိုထားတဲ့ပုဒ်မတွေထဲက ကနဦးအနေနဲ့ သြဂုတ်လ ၁၂ ရက်မှာ အမှု ၅ မှုအတွက် ထောင်ဒဏ် ၁၀ နှစ် ချလိုက်တယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းကနေသိရပါတယ်။

မတည်မငြိမ်ဖြစ်အောင်လှုံဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့စွဲဆိုထားတဲ့အမှု ၅ မှုအတွက် ထောင်ဒဏ် ၂ နှစ်စီနဲ့ စုစုပေါင်းထောင်ဒဏ် ၁၀ နှစ်ကို မုံရွာထောင်တွင်းတရားရုံးက အမိန့်ချလိုက်တာပါ။

အဲဒီအမှု ၅ မှု ဟာ ဆန္ဒပြတာ ၊ အကြမ်းမဖက်အာဏာဖီဆန်လှုပ်ရှားမှု CDM လုပ်ဖို့ လှုံဆော်တယ်ဆိုပြီးစစ်ကောင်စီက တရားစွဲဆိုထားတာလို့သိရပါတယ်။

ဒါအပြင် မုံရွာမှာ မိသားစုတစ်စုကို ဒလန်ဆိုကာ ဖမ်းဆီးရိုက်နှက်ပြီး နယ်နှင်ဒဏ်ပေးတဲ့ကိစ္စမှာ ကိုဝေမိုးနိုင် ဦးဆောင်ပါဝင်တယ်ဆိုပြီး ဓားပြမှု ၊ မတရားချုပ်နှောင်ထားမှု ၊အပြင်းအထန်နာကျင်စေမှု ၊အားပေးကူညီမှု ပုဒ်မတွေ နဲ့ စစ်ကောင်စီက တရားစွဲထားတာရှိပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီအမှုတွေအပြင် ပြီးခဲ့တဲ့နှစ် မတ်လအတွင်းက စစ်ကောင်စီသြဇာခံ ပုလဲရဲစခန်းက ရဲတစ်ဦးနဲ့ ခင်ဦး မြို့နယ်က ရဲတစ်ဦး အသတ်ခံရမှုမှာ လည်း ကိုဝေမိုးနိုင်ပါဝင်တယ်ဆိုပြီး စွပ်စွဲကာ လူသတ်မှု ၊အားပေးကူညီမှုတွေနဲ့ စစ်ကောင်စီက ထပ်မံတရားစွဲဆိုထားပါသေးတယ်။

မုံရွာက လူငယ်အချို့ကို PDF သင်တန်းတက်ဖို့ဆက်သွယ်ပေးတယ်ဆိုပြီး မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) အပြင် အခြားသောပုဒ်မတွေနဲ့လည်း စစ်ကောင်စီဟာ အမှုဖွင့်တရားစွဲထားတယ်လို့သိရပါတယ်။

မုံရွာမြို့သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ပြီးခဲ့တဲ့နှစ် ဧပြီလလယ်အတွင်း မုံရွာမှာ ဆိုင်ကယ်နဲ့လှည့်လည်ဆန္ဒပြချိန် စစ်ကောင်စီ ဟာ ကားနဲ့တိုက်ပြီး အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးသွားခဲ့တာပါ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။