သတင်း အရာတော်မြို့နယ်မင်းရွာ သုံးရက်ဆက်တိုက်ပွဲစစ်ကောင်စီတပ် ၂၀ကျော်သေ၊ ပြည်သူ့ရဲဘော်တစ်ဦးကျဆုံး မင်းရွာထဲတွင်တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်များအား သြဂုတ်လ၅ရက်နေ့နံနက်ပိုင်းက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ (၅)ဦး ထပ်မံသေဆုံးခဲ့ကြောင်း BRTFက ပြောသည်။ LuduNwayOoဩဂုတ် 6, 2022
သတင်း တန့်ဆည်တွင်သုံးရက်အတွင်းစစ်ကောင်စီတပ်နှင့်ပျူ၂၀ ကျော်သေဆုံး၊ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိ အလောင်းများကို လှည်းဖြင့်သယ်သွားခဲ့ပြီး၎င်းတိုက်ပွဲကိုKPK၊ TSR၊Taze Tiger၊ တပ်ရင်း ၆၊၈၊၁၀၊၁၆၊ ပကဖ၊ ပလဖတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တန့်ဆည် ပ.က.ဖ အဖွဲ့က ပြောသည်။ LuduNwayOoဩဂုတ် 6, 2022
သတင်း တပ်မ(၄၄) စစ်သည် လေးဦးပြည်သူ့ရင်ခွင်ခိုလှုံလာ၊ CDM လုပ်လိုသည့် စစ်ကောင်စီတပ်သားများ ဆက်သွယ်နိုင်ကြောင်း ကော်ဘရာစစ်ကြောင်း ထပ်မံအသိပေး CDM ပြုလုပ်ခဲ့သော ခမရ (၂) မှ စစ်သည် လေးဦးမှာ စစ်မှုထမ်းသက် နှစ် ၃၀ရှိသည့် တပ်ကြပ်ကြီး ဇော်မင်းဦး၊ တပ်သားဟိန်းစိုး ၊ တပ်သားစိုးဝင်းနှင့် တပ်သား ဇော်ဇော်တို့ ဖြစ်ကြောင်း ဖော်ပြထားသည်။ LuduNwayOoဩဂုတ် 6, 2022
သတင်း ဒီပဲယင်းတွင် စစ်ကောင်စီတပ်က ကိုင်းကံရွာအား မီးရှို့ဖျက်ဆီးနေ၊ ဒေသခံ ပြည်သူသုံးဦးအား သတ်ဖြတ်ထား စစ်ရှောင်များရောက်ရှိနေသည့် ကျေးရွာများကလည်း ချက်ပြုတ်ကျွေးမွေး ထမင်းထုပ်ပို့ကာ ကူညီနေကြကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။ LuduNwayOoဩဂုတ် 6, 2022
သတင်း ချင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ် ယမန်နေ့က ထိတွေ့မှု သုံးကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ် ၁၂ဦးသေဆုံး ဩဂုတ် ၅ရက်က ဟားခါး - ထန်တလန်ကြား သီမစ်ချောင်းအနီးတဝိုက်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဟားခါး - ဂန့်ဂေါလမ်းတွင်လည်းတိုက်ပွဲဖြစ်ခဲ့ကြောင်း The Chin Journal က ဖော်ပြထားသည်။ LuduNwayOoဩဂုတ် 6, 2022
သတင်း စစ်ကောင်စီ၏ကွပ်မျက်မှု ရန်စခြင်းဖြစ်ပြီး ထပ်တိုးအရေးယူဖိအားပေးရန် နိုင်ငံတကာကို အီးယူအကြီးအကဲတိုက်တွန်း အထက်ပါ အီးယူအကြီးအကဲက နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် စစ်ကောင်စီအပေါ် စီးပွားရေး၊ နိုင်ငံရေး ဘက်ပေါင်းစုံ ပိုမိုဖိအားပေးမှု ဆက်လက်လုပ်ဆောင်ရမည်ဟု တိုက်တွန်းသည်။ LuduNwayOoဩဂုတ် 6, 2022
သတင်း စစ်ကောင်စီတပ်ကို နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ရာ ၂၀ ထက်မနည်းသေဟု ကလေးPDF ပြော ကလေးမြို့နယ်တွင် သြဂုတ် ၃၊၄ ရက်တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ၃၀ ကျော်သေဆုံးခဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ မှ ၃ ဦးကျဆုံးခဲ့သည်။ LuduNwayOoဩဂုတ် 6, 2022
သတင်း စစ်ကောင်စီကတစ်ဒေါ်လာလျှင် ၂၁၀၀ကျပ်ဟုပြောင်းလဲသတ်မှတ်ပြန် စစ်ကောင်စီဘက်မှတင်းကျပ်ထားရာမှ အနည်းငယ်ဖြေလျော့ပေးသည်ဟုဆိုသော်လည်း စီးပွားရေးလည်ပတ်နိုင်သည့် ပုံစံမဟုတ်သောကြောင့် စစ်ကောင်စီမျှော်မှန်းထားသလို အခြေအနေဖြစ်လာနိုင်စရာမရှိကြောင်းလည်းအထက်ပါလုပ်ငန်းရှင်ကသုံးသပ်သည်။ LuduNwayOoဩဂုတ် 6, 2022
သတင်း ပုလဲမြို့နယ် အင်မထီးရွာ ပျူစခန်းမှထွက်လာသည့် စစ်ကောင်စီအဖွဲ့ကို တိုက်ခိုက်ရာ အနည်းဆုံးငါးဦးသေဟုမြန်မာ့တော်ဝင်နဂါးတပ်တော် ပြော တိုက်ခိုက်မှုဖြစ်စဥ်အရ သြဂုတ် ၄ရက် နံနက် ၇နာရီခွဲခန့်က အင်မထီးကျေးရွာမှ အကြမ်းဖက် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများသည် မင်းတိုင်ပင် ကျေးရွာသို့ ပြည်သူပိုင်အိုး အိမ်များမှ ရိက္ခာများလုယူရန် ထွက်လာခဲ့သည်ဟု ဆိုသည်။ LuduNwayOoဩဂုတ် 5, 2022
သတင်း ထီးချိုင့်တွင် စစ်ဆေးရေးဂိတ်မှပြန်လာသည့် စစ်ကောင်စီတပ်နှင့်ရဲကို မိုင်းဆွဲတိုက်ခိုက်ရာ နှစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ ထီးချိုင့်မြို့နယ် ကက္ကုလမ်းဆုံတွင် ဂိတ်စစ်ပြီး ကား တစ်စီး၊ဆိုင်ကယ် နှစ်စီးဖြင့် မြတောင်ရွာ ဘက်သို့ပြန်လာသည့်စစ်ကောင်စီ တပ်နှင့်ရဲများကို ဩဂုတ်၅ရက် ညနေပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက မိုင်း ၂လုံးဖြင့်တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ LuduNwayOoဩဂုတ် 5, 2022