Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီကတစ်ဒေါ်လာလျှင် ၂၁၀၀ကျပ်ဟု​ပြောင်းလဲသတ်မှတ်ပြန်

စစ်ကောင်စီဘက်မှတင်းကျပ်ထားရာမှ အနည်းငယ်ဖြေလျော့ပေးသည်ဟုဆိုသော်လည်း စီးပွားရေးလည်ပတ်နိုင်သည့် ပုံစံမဟုတ်သောကြောင့် စစ်ကောင်စီမျှော်မှန်းထားသလို အခြေအနေဖြစ်လာနိုင်စရာမရှိကြောင်းလည်းအထက်ပါလုပ်ငန်းရှင်ကသုံးသပ်သည်။

(စစ်​ကောင်စီအာဏာသိမ်းထား​သော တစ်နှစ်ခွဲကာလအတွင်း​ဒေါ်လာနှင့်ပါတ်သပ်​သောမူဝါဒ အကြိမ်​ရေ ဆယ်နှင့်ချီပြုလုပ်ထားပြီး ကျပ်​ငွေတန်ဖိုးလည်းစံချိန်တင်​ကျဆင်း​နေသည်။ ။ဓါတ်ပုံ-Bloomberg)
(စစ်​ကောင်စီအာဏာသိမ်းထား​သော တစ်နှစ်ခွဲကာလအတွင်း​ဒေါ်လာနှင့်ပါတ်သပ်​သောမူဝါဒ အကြိမ်​ရေ ဆယ်နှင့်ချီပြုလုပ်ထားပြီး ကျပ်​ငွေတန်ဖိုးလည်းစံချိန်တင်​ကျဆင်း​နေသည်။ ။ဓါတ်ပုံ-Bloomberg)

စစ်​ကောင်စီ၏ ဗဟိုဘဏ်က တစ်ဒေါ်လာကို ၁၈၅၀ကျပ်ဖြင့်သတ်မှတ်ပြီးငါးလအကြာတွင် တစ်ဒေါ်လာလျှင် ကျပ် ၂၁၀၀ အဖြစ် ယ​နေ့​ပြောင်းလဲသတ်မှတ်လိုက်ပြန်သည်။

ပြင်ပ​ငွေလဲလှယ်​ရေး​ဈေးကွက်တွင်တစ်ဒေါ်လာ ၂၆၅၀ ကျပ်ရှိနေချိန်တွင်စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်က သြဂုတ် ၅ ရက်တွင် တစ်ဒေါ်လာကို ၂၁၀၀ကျပ်ဟု ပြောင်းလဲသတ်မှတ်ခြင်းဖြစ်သည်။ ထိုသတ်မှတ်ချက်အတိုင်းမလိုက်နာပါက နိုင်ငံခြားသုံး​​ငွေ စီမံခန့်ခွဲမှုဥပ​ဒေအရအ​ရေးယူမည်ဟုလည်းခြိမ်း​ခြောက်ထားသည်။

ထိုအပြင်ပို့ကုန်လုပ်ငန်းရှင်များ၏ ပို့ကုန်ရငွေများထဲမှ ၆၅ ရာခိုင်နှုန်းကို ကျပ်ငွေအဖြစ်မဖြရ်မ​နေပြောင်းလဲရမည်ဖြစ်ပြီးကျန် ၃၅ ရာခိုင်နှုန်းကို လက်ဝယ်ထားရှိနိုင်သည်ဟု စစ်ကောင်စီက ဆိုသည်။ ၂၀၂၂ ဧပြီ ၃ ရက်ကမူ ပို့ကုန်ရငွေအားလုံးအပါအဝင် ​ဒေါ်လာရရှိ​သောလုပ်ငန်း၊ဝန်​ဆောင်မှုအားလုံးကို တစ်ဒေါ်လာလျှင် ကျပ် ၁၈၅၀ကျပ်ဖြင့် စစ်​ကောင်စီသတ်မှတ်ထား​သောဘဏ်များ တွင် ၂၄ နာရီအတွင်းမဖြစ်မ​နေလဲလှယ်ရမည်ဟုထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထိုသို့သတ်မှတ်ခဲ့​သော်လည်းပြင်ပ​ငွေလဲလှယ်​ရေး​ဈေးကွက်တွင် ၁ ​ဒေါ်လာလျှင် ၂၈၀၀ ကျပ်အထိ့စံချိန်တင်မြင့်တက်ခဲ့သည်။

Public Service Announcement

Public Service Announcement

“သူတို့စီ ဒေါ်လာလို့အပ်ချက်ကို ရမလားဆိုပြီးပြန်လည်ဖြေလျော့ပေးတဲ့ သဘောပါ။သူတို့ကကျပ်ငွေတွေလည်း ထပ်ရိုက်မယ်လို့ သတင်းတွေလည်း ကြားနေရတယ်”ဟု ရန်ကုန်အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

စစ်ကောင်စီဘက်မှတင်းကျပ်ထားရာမှ အနည်းငယ်ဖြေလျော့ပေးသည်ဟုဆိုသော်လည်း စီးပွားရေးလည်ပတ်နိုင်သည့် ပုံစံမဟုတ်သောကြောင့် စစ်ကောင်စီမျှော်မှန်းထားသလို အခြေအနေဖြစ်လာနိုင်စရာမရှိကြောင်းလည်းအထက်ပါလုပ်ငန်းရှင်ကသုံးသပ်သည်။

လက်ရှိတွင် ပြင်ပပေါက်ဈေးတွင် တစ်ဒေါ်ကို ၂၆၅၀ကျပ်ဖြင့် အများဆုံးရောင်းဝယ်ဖြစ်နေပြီး တချို့နေရာများတွင် တစ်ဒေါ်လာကို ၂၇၀၀ကျပ်အထိဈေးမြင့်တက်လျှက်ရှိသည်ဟု ငွေလဲလုပ်ငန်းဆောင်ရွက်နေသူများကပြောသည်။

ယခုသတ်မှတ်ချက်များကြောင့် ဒေါ်လာဈေးဆက်လက်မြင့်တက်နိုင်ပြီး ကျပ်ငွေတန်ဖိုးကျဆင်းမှု ဆက်လက်ဖြစ်ပေါ်နိုင်​ကြောင်းငွေလဲလုပ်ငန်းဆောင်ရွက်နေသူတစ်ဦးကပြောသည်။

(စစ်​ကောင်စီအာဏာသိမ်းထား​သော တစ်နှစ်ခွဲကာလအတွင်း​ဒေါ်လာနှင့်ပါတ်သပ်​သောမူဝါဒ အကြိမ်​ရေဆယ်နှင့်ချီပြုလုပ်ထားပြီး ကျပ်​ငွေတန်ဖိုးလည်းစံချိန်တင်​ကျဆင်း​နေသည်။ ။ဓါတ်ပုံ-Bloomberg)

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ရုပ်ပုံ ပါရှိတဲ့ တစ်ဒေါ်လာတန် ဒင်္ဂါးတွေကို အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက တရားဝင် ထုတ်ဝေလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ဆောင်းပါး

ခွေးကိုက်ခံရတာက ကြောက်စရာကောင်းပါတယ်။ဒါပေမယ့် မြန်မာနိုင်ငံမှာ ခွေးကိုက်ခံရပြီးဆေးရုံရောက်သွားတဲ့အခါလိုအပ်တဲ့ ခွေးရူးကာကွယ်ဆေးကို အချိန်မီ မရနိုင်တာက ပိုပြီး ကြောက်စရာကောင်းလာနေပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်