Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းတွင် စစ်ကောင်စီတပ်က ကိုင်းကံရွာအား မီးရှို့ဖျက်ဆီးနေ၊ ‌ဒေသခံ ပြည်သူသုံးဦးအား သတ်ဖြတ်ထား

စစ်ရှောင်များရောက်ရှိနေသည့် ကျေးရွာများကလည်း ချက်ပြုတ်ကျွေးမွေး ထမင်းထုပ်ပို့ကာ ကူညီနေကြကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

(အရာ​တော်မြို့နယ် မင်းရွာအားယ​နေ့(သြဂုတ် ၆)နံနက် မီးရှို့ဖျက်ဆီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့)
(အရာ​တော်မြို့နယ် မင်းရွာအားယ​နေ့(သြဂုတ် ၆)နံနက် မီးရှို့ဖျက်ဆီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းသို့ အကြမ်းဖက်စစ်ကောင်စီတပ် တကျော့ပြန် ပြန်ဝင်လာပြီး ရဟတ်ယာဥ်ဖြင့်ပါပစ်ခတ်ကာ ရွာတစ်ရွာအား မီးရှို့ဖျက်ဆီးနေပြီး ဒေသခံသုံးဦးထက်မနည်း သတ်ဖြတ်ခံထားရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ယမန်နေ့(သြဂုတ် ၅ရက်)က အင်ပင်ယဒင် ကျေးရွာကို ရဟတ်ယာဥ်ဖြင့် ပစ်ခတ်ပြီး စစ်ကောင်စီတပ်သားများချခဲ့သည်။

ထိုသို့ပစ်ခတ်ခဲ့မှုကြောင့် အင်ပင်ကျေးရွာရှိ အမျိုးသမီးငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်သွား ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်က ကိုင်းကံရွာအနီး လယ်လုပ်နေသည့် လယ်သမား ၂၀ကျော်ကို ဖမ်းဆီးသွားပြီး နှစ်ဦးအား သတ်ဖြတ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

Public Service Announcement

Public Service Announcement

“အဲဒီထဲက နှစ်ယောက်ကတော့ အသတ်ခံရပြီး မူးထဲကို မျောလိုက်တယ်။ သတင်းအတိ အကျရပါတယ်။ ကျန်တဲ့သူတွေကတော့ ဘယ်အခြေအနေရှိလဲ တော့ မသိသေးပါဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ (သြဂုတ်၆ရက်) နံနက်ပိုင်းတွင်မူ အကြမ်းဖက်စစ်တပ်သည် အင်ပင်ယဒင်ကျေးရွာ အနီးရှိ ကိုင်းကံရွာကို အဖွဲ့ခွဲပြီး မီးရှို့နေကြောင်း ဒေသခံများက ပြောသည်။

မီးရှို့ဖျက်ဆီးခံနေရသည့် ကိုင်းကံကျေးရွာ၏ ထိခိုက်ဆုံးရှုံးမှု အခြေအနေမသိရ သေးဘဲ ဒီပဲယင်းနယ်အတွင်းရှိ လျှော်ဖြူ၊ မကျည်းအုပ်ကျေးရွာများဘက်သို့ ဦးတည်နေ၍ ၎င်းကျေးရွာများ က ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

စစ်ရှောင်များရောက်ရှိနေသည့် ကျေးရွာများကလည်း ချက်ပြုတ်ကျွေးမွေး ထမင်းထုပ်ပို့ကာ ကူညီနေကြကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ ရေဘေးကြောင့် ပြည်သူ ၇ ဦးသေဆုံးပြီး ၂၅၀၀၀ ကျော်ဟာ ရေဘေးသင့်ကာ အကူအညီတွေ လိုအပ်နေကြောင်း ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နိုင်ငံတကာက မြန်မာနဲ့ သံတမန်ရေး ထိတွေ့မှုတွေကို မြှင့်တင်ဖို့ ခြေလှမ်းပြင်လာချိန်မှာပဲ အာဏာသိမ်း စစ်တပ်ကမြန်မာပြည်သူတွေအပေါ် သတ်ဖြတ်မှုတွေလျော့ပါးမသွားတဲ့အပြင်ပိုပြီးတောင်ဆိုးရွားလာနေတယ်လို့ နိုင်ငံတကာ လေ့လာစောင့်ကြည့်မှု အဖွဲ့တစ်ခုက ထောက်ပြခဲ့ပါတယ်။