Connect with us

Hi, what are you looking for?

သတင်း

ချင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ် ယမန်နေ့က ထိတွေ့မှု သုံးကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ် ၁၂ဦးသေဆုံး

ဩဂုတ် ၅ရက်က ဟားခါး – ထန်တလန်ကြား သီမစ်ချောင်းအနီးတဝိုက်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဟားခါး – ဂန့်ဂေါလမ်းတွင်လည်းတိုက်ပွဲဖြစ်ခဲ့ကြောင်း The Chin Journal က ဖော်ပြထားသည်။

ချင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ် ယမန်နေ့က ထိတွေ့မှု သုံးကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ် ၁၂ဦးသေဆုံး
ချင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ် ယမန်နေ့က ထိတွေ့မှု သုံးကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ် ၁၂ဦးသေဆုံး

ချင်းလက်နက်ကိုင်တပ်ဖွဲ့နှင့် စစ်ကောင်စီတို့ယမန်နေ့က ထိတွေ့တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ကသေဆုံးထိခိုက်ရှိခဲ့ကြောင်းချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီကပြောကြားသည်။

ဩဂုတ် ၅ရက်က ဟားခါး – ထန်တလန်ကြား သီမစ်ချောင်းအနီးတဝိုက်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဟားခါး – ဂန့်ဂေါလမ်းတွင်လည်းတိုက်ပွဲဖြစ်ခဲ့ကြောင်း The Chin Journal က ဖော်ပြထားသည်။

“၅ရက်နေ့မှာ ထိတွေ့မှု၃ကြိမ်ဖြစ်၊ စကစ၁၂ ကျ ၈ဒဏ်ရာရ”ဟု ဆလိုင်းထက်နီက တိုက်ပွဲသတင်းအခြေအနေ အကျဉ်းကို စာဖြင့်ဖြေကြားပေးသည်။

စစ်ကောင်စီတပ်သည် ဟားခါးနှင့်ထန်တလန်ကြားသို့ဇူလိုင် ၂၉ရက်က စတင်ပြီး ထိုးစစ်ဆင် လျက်ရှိရာ ချင်းအမျိုးသားတပ်မတော်(CNA)၊ချင်းကာကွယ်ရေးတပ်(CDF) ပူးပေါင်းတပ်များက ခုခံတိုက်ခိုက်လျက်ရှိရာတိုက်ပွဲများ မကြာခဏဖြစ်ပွားခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

Facebook