Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ကွပ်မျက်မှု ရန်စခြင်းဖြစ်ပြီး ထပ်တိုးအရေးယူဖိအားပေးရန် နိုင်ငံတကာကို အီးယူအကြီးအကဲတိုက်တွန်း

အထက်ပါ အီးယူအကြီးအကဲက နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် စစ်ကောင်စီအပေါ် စီးပွားရေး၊ နိုင်ငံရေး ဘက်ပေါင်းစုံ ပိုမိုဖိအားပေးမှု ဆက်လက်လုပ်ဆောင်ရမည်ဟု တိုက်တွန်းသည်။

ဓာတ်ပုံ - Josep Borrell Fontelles/Twitter
ဓာတ်ပုံ - Josep Borrell Fontelles/Twitter

ဒီမိုကရေစီတက်ကြွလှုပ်ရှားသူလေးဦးကို ကွပ်မျက်ခြင်းသည် စစ်ကောင်စီ၏ ရန်စမှုဖြစ်ပြီး အာဆီယံနှင့် နိုင်ငံတကာအသိုင်းအဝန်းက ပိုမိုဖိအားပေးအရေးယူရန် ဥရောပသမဂ္ဂအကြီးအကဲ Josep Borrel က ပြောသည်။

ကမ္ဘောဒီးယား၌ ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး သို့ တက်ရောက် အပြီးတွင် မြန်မာ့အကျပ်အတည်းနှင့်ပတ်သက်၍ ခိုင်မာရဲရင့် သောလုပ်ဆောင်မှုများဖြင့် ဖြေရှင်း ဆောင်ရွက်ရန် အထက်ပါအီးယူအကြီးအကဲ က တိုက်တွန်းသည်။

မြန်မာ့ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများဖြစ်သည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ NLD အမတ်ဟောင်း ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်၊ ဦးအောင်သူရဇော်တို့လေးဦး ကို စစ်ကောင်စီက ဥပဒေမဲ့သတ်ဖြတ်မှုအပေါ် “ဒါက ရှင်းရှင်းလင်းလင်းရန်စလိုက်တာပါပဲ”ဟု Josep Borrel က ဆိုသည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကလည်း စစ်ကောင်စီ၏ ဘုံဆုံးဖြတ်ချက် ၅ ရပ်မလိုက်နာမှုနှင့် သေဒဏ်ကွပ်မျက်မှုများအပေါ် ‘လွန်စွာစိတ်ပျက်ကြောင်း’ ပြင်းထန်စွာ ပူးတွဲထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

အထက်ပါ အီးယူအကြီးအကဲက နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် စစ်ကောင်စီအပေါ် စီးပွားရေး၊ နိုင်ငံရေး ဘက်ပေါင်းစုံ ပိုမိုဖိအားပေးမှု ဆက်လက်လုပ်ဆောင်ရမည်ဟု တိုက်တွန်းသည်။

“ကျွန်တော်တို့ ဖိအားဆက်ပေးနေရပါမယ်။ စစ်ကောင်စီအနေနဲ့ အတိုက်အခံနိုင်ငံရေးအင်အားစု တွေနဲ့ ညှိနှိုင်းဖို့ စားပွဲဝိုင်းထိုင်ရေး ကြိုးပမ်းနေ တဲ့ အာဆီယံအထူးကိုယ်စားလှယ်ကိုလည်း အား ပေးထောက်ခံပါတယ်”ဟု Borrell က ပြောသည်။

အာဆီယံသည် ယခုကျင်းပပြီးစီးသော အစည်းအဝေးတွင်လည်း အကြမ်းဖက်စစ်ကောင်စီကို တက်ရောက်ခွင့်မပေးဘဲ ဖယ်ချန်ထားသည်။

ကိုးကား – laprensalatina

ဆက်စပ်သတင်းများ

သတင်း

ပြည်သူလူထုကို ဗုံးကြဲသတ်ဖြတ်မှုတွေကျူးလွန်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့လုပ်ရပ်တွေကို ဆန့်ကျင်ကန့်ကွက်ကြဖို့ တောင်းဆိုကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) အပါအဝင် အဖွဲ့အစည်း ၁၅ခုက ဇူလိုင် ၂၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။