News မုံရွာတွင် စစ်ကောင်စီတပ်ကို ပါဆယ်ဗုံးဖြင့်တိုက်ခိုက်မှု၌ ဒဏ်ရာရခဲ့သောကလေးငယ် အသက်မသေ ထိုဖြစ်စဥ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ လေးဦးသေဆုံးပြီး ၊ဒဏ်ရာရသူအချို့ရှိခဲ့ကြောင်း မြို့ပြပျောက်ကြားအဖွဲများထုတ်ပြန်ထားသည်။ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဝေးဝေးနေကြရန် မဟာမိတ်အဖွဲ့များက အသိပေးထားသည်။ LuduNwayOoဇန်နဝါရီ 12, 2022
News တကူတိုက်နယ် နှစ်ရက်ဆက်တိုက်ပွဲ စစ်ကောင်စီတပ်သား အနည်းဆုံးနှစ်ဦးသေဆုံးဟု ဘက်မလိုက်ပြောက်ကြားတပ်ဖွဲ့ ထုတ်ပြန် "ဒီလ ၁၀ ရက် ကနေ ၁၁ ရက်နေ့အထိ တိုက်ပွဲ လေးကြိမ် ဖြစ်တယ်။တကူသံတိုက် ၊လှေဆိပ် နဲ့ ကျားခေါင်းတောင် တို့မှာ ဖြစ်တာ။မိုင်းဆွဲတာရော ထိတွေ့ တိုက်ပွဲရော "ဟု ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။ LuduNwayOoဇန်နဝါရီ 12, 2022
News စစ်ကောင်စီ၏ တရားခွင်များ တရားဥပဒေစိုးမိုးရေးကိုဖျက်ဆီးနေဟု အီးယူထုတ်ပြန် မြန်မာစစ်ကောင်စီက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ် ထောင်ဒဏ် ၄ နှစ် ချမှတ်လိုက်ခြင်းအပေါ် ဥရောပသမဂ္ဂက သဘောထားကြေညာချက်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ LuduNwayOoဇန်နဝါရီ 12, 2022
News ချင်းပြည်နယ်တိုက်ပွဲများတွင် တစ်ရက်တည်းစစ်ကောင်စီတပ် အနည်းဆုံး ၂၂ ဦးသေ တိုက်ပွဲများသည် မင်းတပ်-မတူပီမြို့ကြားနှင့် ဖလမ်းမြို့နယ်၊ ဝေဘူလမြို့အနီးတို့တွင် ဖြစ်ပွားခြင်းဖြစ်သည်ဟု ဒေသခံကာကွယ်ရေးတပ်များက သတင်းထုတ်ပြန်ခြင်းဖြစ်သည်။ LuduNwayOoဇန်နဝါရီ 12, 2022
News ဝေဘူလမြို့တွင် CNDFက စစ်ကောင်စီတပ်ကို စခန်းအထိလိုက်တိုက်၊ စစ်ကောင်စီဘက်မှ ၁၅ဦးခန့်သေဟုဆို ထိခိုက်ဒဏ်ရာရရှိသူများ များပြားခဲ့သောကြောင့် စစ်ကောင်စီတပ်ဘက်မှ ထိပ်တိုက်တွေ့ဆုံတိုက်ခိုက်မှု မပြုလုပ်ရဲဘဲ ရှောင်ရှားခဲ့ကြရာ CNDF မှ ၎င်းတို့ တပ်စွဲထားသော စခန်းနေရာထိလိုက်လံပစ်ခတ်ခဲ့ကြခြင်း ဖြစ်သည်။ LuduNwayOoဇန်နဝါရီ 12, 2022
News စစ်ကောင်စီအားပေး Non-CDMများကို စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု နောက်ဆုံးအကြိမ်သတိပေး "သင်တို့သည် စစ်အာဏာရှင်လက်အောက်တွင် ပြည်သူ့ဆန္ဒအား မျက်ကွယ်ပြုလျက် မိမိတစ်ဦးတစ်ယောက် ကောင်းစားရေးအတွက် စကစယန္တရားအား လည်ပတ်စေရန် ပါဝင်လုပ်ကိုင်လျက်ရှိကြောင်း ကျွန်ုပ်တို့ စုံစမ်း သိရှိရသည်"ဟု KRF က ဆိုသည်။ LuduNwayOoဇန်နဝါရီ 12, 2022
News လွိုင်ကော်တိုက်ပွဲ စစ်ကောင်စီတပ်မှ ၂၀ဦးသေ၊ ထွက်ပြေးလာသည့်စစ်ကောင်စီတပ်သားသုံးဦးဖမ်းမိဟု KNDF ထုတ်ပြန် စစ်ကောင်စီတပ်များသည် မြို့တွင်းတိုက်ပွဲအတွင်း အရပ်သူပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ ပြည်သူ့ အိုးအိမ်များကို ဗုံးကျဲတိုက်ခိုက်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်း စသောစစ်ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိကြောင်း KNDFက ထုတ်ပြန်သည်။ LuduNwayOoဇန်နဝါရီ 11, 2022
News လွိုင်ကော်မြို့ကို စစ်ကောင်စီတပ် တိုက်လေယာဥ်ဖြင့်တိုက်ခိုက်စဥ် စနေအသင်းဘုရားကျောင်းပြိုကျပြီး ပြည်သူများ ပိတ်မိ "တိုက်လေယာဥ်နဲ့ ပစ်သွားတာ။ ဘရားကျောင်းထဲ လူတွေ ပိတ်မိနေတယ်"ဟု ပြောသည်။မြေပြင်တိုက်ပွဲတွင်စစ်ကောင်စီတပ်က အထိနာပြီးနောက် လေကြောင်းမှတစ်ဆင့် တိုက်ခိုက်လာခြင်းဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။ LuduNwayOoဇန်နဝါရီ 11, 2022
News ပျူစောထီးအလောင်းများလာရောက်ကောက်သည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်သား လေးဦးသေဟု ဝက်လက် PDFထုတ်ပြန် "ဒီနေ့ ဖြစ်တာပေါ့။သူတို့ အလောင်းလာကောက်မယ့် အချိန် ကို စောင့်နေတာလည်းပါတယ်။ကျွန်တော်တို့ ရဲဘော်တွေတော့ အထိအခိုက်မရှိခဲ့ပါဘူး"ဟု ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။ LuduNwayOoဇန်နဝါရီ 11, 2022
News လွိုင်ကော် စစ်ရှောင်များတိမ်းရှောင်ရာသို့ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်၍ ထပ်မံတိမ်းရှောင်နေရ နားမခေါ်ရွာသည် ဒီးမော့ဆိုမြို့နယ်မှ ကျေးရွာဖြစ်ပြီး လွိုင်ကော်နှင့် ၁၀မိုင်ခန့်ဝေးသည်ဟု ဆိုသည်။ဇန်နဝါရီ ၁၀ရက်က ယင်းကျေးရွာဘက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခဲ့၍ လွိုင်ကော်စစ်ရှောင်များနှင့် ကျေးရွာခံများပါ ဒီးမော့ဆိုမြို့နယ်ရှိ အခြားနေရာသို့ ထပ်မံတိမ်းရှောင်ရသည်ဟု ဆိုသည်။ LuduNwayOoဇန်နဝါရီ 11, 2022