Connect with us

Hi, what are you looking for?

LuduNwayOo

News

မတူပီ CDF လက်ဖြောင့်တပ်သားပစ်ခတ်၍ ထယ်ဘွေး တပ်စခန်းမှ စစ်ကောင်စီတပ်သား နှစ်ဦးထပ်မံသေ

မတူပီ CDFသည် အဆိုပါ ထယ်ဘွေးတပ်စခန်းကို ဇန်နဝါရီ ၃ရက်က စတင်ပြီး ငါးကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှု များပြားခဲ့သည်။ ထို့ပြင် မတူပီ -ဟားခါးလမ်း၌လည်း CDFနှင့် စစ်ကောင်စီအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

မတူပီ – ပလက်၀လမ်းအခြေစိုက် ထယ်ဘွေးတပ်စခန်းရှိ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယနေ့ ညနေပိုင်းတွင် စနိုက်ပါဖြင့် သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးထပ်မံ သေဆုံးခဲ့ကြောင်း မတူပီ ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF)က ထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုတွင် CDFဘက်က အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

မတူပီ CDFသည် အဆိုပါ ထယ်ဘွေးတပ်စခန်းကို ဇန်နဝါရီ ၃ရက်က စတင်ပြီး ငါးကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှု များပြားခဲ့သည်။ ထို့ပြင် မတူပီ -ဟားခါးလမ်း၌လည်း CDFနှင့် စစ်ကောင်စီအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အရပ်သားများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်အသုံးပြု၊ သတ်ဖြတ်မှုများ လုပ်ဆောင်ခဲ့ရာ အရပ်သား၁၀ဦး သေဆုံးခဲ့သည်ဟု CDFက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ယခုလဆန်းမှစ၍ မတူပီမြို့နယ်အတွင်း၌ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။ လက်ရှိတွင်လည်း မင်းတပ်မှ မတူပီသို့ စစ်ကား ၉၀ကျော်ဖြင့် အင်အားဖြည့်တင်းနေကြောင်း အဆိုပါ စစ်ယာဉ်တန်းကို မင်းတပ် CDF က ချုံခိုတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများရှိခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။