Connect with us

Hi, what are you looking for?

News

မတူပီ CDF လက်ဖြောင့်တပ်သားပစ်ခတ်၍ ထယ်ဘွေး တပ်စခန်းမှ စစ်ကောင်စီတပ်သား နှစ်ဦးထပ်မံသေ

မတူပီ CDFသည် အဆိုပါ ထယ်ဘွေးတပ်စခန်းကို ဇန်နဝါရီ ၃ရက်က စတင်ပြီး ငါးကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှု များပြားခဲ့သည်။ ထို့ပြင် မတူပီ -ဟားခါးလမ်း၌လည်း CDFနှင့် စစ်ကောင်စီအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

မတူပီ – ပလက်၀လမ်းအခြေစိုက် ထယ်ဘွေးတပ်စခန်းရှိ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယနေ့ ညနေပိုင်းတွင် စနိုက်ပါဖြင့် သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးထပ်မံ သေဆုံးခဲ့ကြောင်း မတူပီ ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF)က ထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုတွင် CDFဘက်က အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

မတူပီ CDFသည် အဆိုပါ ထယ်ဘွေးတပ်စခန်းကို ဇန်နဝါရီ ၃ရက်က စတင်ပြီး ငါးကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှု များပြားခဲ့သည်။ ထို့ပြင် မတူပီ -ဟားခါးလမ်း၌လည်း CDFနှင့် စစ်ကောင်စီအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အရပ်သားများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်အသုံးပြု၊ သတ်ဖြတ်မှုများ လုပ်ဆောင်ခဲ့ရာ အရပ်သား၁၀ဦး သေဆုံးခဲ့သည်ဟု CDFက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ယခုလဆန်းမှစ၍ မတူပီမြို့နယ်အတွင်း၌ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။ လက်ရှိတွင်လည်း မင်းတပ်မှ မတူပီသို့ စစ်ကား ၉၀ကျော်ဖြင့် အင်အားဖြည့်တင်းနေကြောင်း အဆိုပါ စစ်ယာဉ်တန်းကို မင်းတပ် CDF က ချုံခိုတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများရှိခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။