Connect with us

Hi, what are you looking for?

LuduNwayOo

News

ကမ္ဘောဒီးယားမှာလုပ်မယ့်အာဆီယံဝန်ကြီးများတွေ့ဆုံပွဲကို စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးလူကိုယ်တိုင်တက်မယ်လို့ဆိုတွေ့ဆုံပွဲတက်ဖို့ကမ္ဘောဒီးယားက စစ်ကောင်စီကိုဖိတ်ကြားထား

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဟာ ပြီးခဲ့တဲ့ အောက်တိုဘာလကစပြီး အာဆီယံ ဆက်စပ်အစည်းအဝေးကိုတွေကို တက်ရောက်ခွင့်မရခဲ့တာပါ။

လာမယ့်ရက်သတ္တပတ်မှာ ကမ္ဘောဒီးယား နိုင်ငံမှာ ကျင်းပမယ့် အာဆီယံ ဝန်ကြီးများတွေ့ဆုံဆွေးနွေးပွဲကို အာဏာသိမ်း စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး လူကိုယ်တိုင်တက်ရောက်မယ်လို့ Thai PBS သတင်းဌာနက ဖော်ပြပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ၊အနောက်မြောက်ပိုင်းမှာရှိတဲ့ အပန်းဖြေမြို့ ဆီယမ်ရိ မှာ အာဆီယံဝန်ကြီးများတွေ့ဆုံဆွေးနွေးပွဲကို ဇန်နဝါရီလ ၁၈ ရက်နဲ့ ၁၉ ရက်မှာ ကျင်းပမှာပါ။

ဒီဆွေးနွေးပွဲကို စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးတက်ဖို့အတွက် အာဆီယံကိုယ်စားလှယ်ဖြစ်လာသူ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးက ဖိတ်ကြားလွှာပို့ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဟာ ပြီးခဲ့တဲ့ အောက်တိုဘာလကစပြီး အာဆီယံ ဆက်စပ်အစည်းအဝေးကိုတွေကို တက်ရောက်ခွင့်မရခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် နေပြည်တော်ကိုလာရောက်ပြီးတဲ့နောက် အခုလို တက်ရောက်ခွင့်ရလာတာလည်းဖြစ်ပါတယ်။

ဟွန်ဆန် အာဆီယံဥက္ကဋ္ဌ မဖြစ်ခင်ကတော့ အာဆီယံနိုင်ငံတွေဟာ စစ်ကောင်စီခေါင်းဆောင်တွေကို အာဆီယံအစည်းအဝေးတက်ခွင့်မပြုဘဲ နိုင်ငံရေးအရကိုယ်စားမပြုသူအဆင့်ကိုတက်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။

သတင်း

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးခစိုးမင်းထက် မဲ​ဆောက်​ဆေးရုံ၌ ​ဆေးကူသမှု ခံယူ​နေရင်း သေဆုံးကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားနေကြသည်ကို တွေ့ရသည်။