Connect with us

Hi, what are you looking for?

LuduNwayOo

News

ကသာနယ် မိုးတားကြီးရွာတစ်​လျှောက်ကို စစ်​ကောင်စီတပ်က ​​လေ​ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

အကြမ်းဖက်စစ်ကောင်စီ၏ လေယာဥ်သုံးစီးသည် စုစုပေါင်း ဗုံး ၁၂ လုံးခန့်ကြဲချခဲ့ပြီး မိုးတားကြီးရွာ စျေးတန်း၊ ယင်းရွာအနီးရှိ ကချင်စုနှင့် ဗျူဟာရောင်ခြည်ဘုန်းကြီးကျောင်းအနီးမှ ဒေါ်အောင်လျှိုအပါအဝင် သုံးနေရာ ဗုံးကြဲခံခဲ့ရသည်ဟု ထုတ်ပြန်ချက်၌ ပါရှိသည်။

က​လေးငယ်သုံးဦးအပါအဝင် ငါဦးဒဏ်ရာရ၊ ​နေအိမ်​ခြောက်လုံး မီး​လောင်

စစ်ကိုင်းတိုင်း ကသာမြို့အထက်ပိုင်း မိုးတားကြီးရွာနှင့်အနီးကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်လေယာဥ်သုံးစီးဖြင့် ဗုံးကြဲတိုက်ခိုက်ရာ က​လေးငယ်သုံးဦးအပါအဝင် ​ဒေသခံပြည်သူငါးဦးထိခိုက်ဒဏ် ရာရရှိပြီး နေအိမ်ခြောက်လုံး မီးလောင်ခဲ့ကြောင်း မြို့လှ PDF က ထုတ်ပြန်သည်။

ယနေ့(ဇန်နဝါရီ ၁၂ ရက်)နေ့လယ် ၁၂နာရီ ၄၈ မိနစ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်လေယာဥ် သုံးစီးဖြင့် ကသာမြို့၏အထက် မိုးတား​ကြီးရွာနှင့် အနီးပတ်ဝန်းကျင်တစ်လျှောက် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ဗုံးကြဲမှုကြောင့် ကလေးငယ် သုံးဦးအပါအဝင် စုစု ပေါင်းအပြစ်မဲ့ဒေသခံ ငါးဦး ထိခိုက်ဒဏ်ရာရခဲ့သည်။ သေဆုံးသူဦးရေရှိမရှိ ဆက်လက်ရှာဖွေနေသည်”ဟု မြို့လှ PDFက ဆိုသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီ၏ လေယာဥ်သုံးစီးသည် စုစုပေါင်း ဗုံး ၁၂ လုံးခန့်ကြဲချခဲ့ပြီး မိုးတားကြီးရွာ စျေးတန်း၊ ယင်းရွာအနီးရှိ ကချင်စုနှင့် ဗျူဟာရောင်ခြည်ဘုန်းကြီးကျောင်းအနီးမှ ဒေါ်အောင်လျှိုအပါအဝင် သုံးနေရာ ဗုံးကြဲခံခဲ့ရသည်ဟု ထုတ်ပြန်ချက်၌ ပါရှိသည်။

မိုးတားကြီးရွာတွင် အိမ်ငါးလုံး နှင့် ဓမ္မာရုံတစ်ခု၊ ကချင်စု၌ နေအိမ်ဝတစ်လုံး စုစုပေါင်း အိမ်​ခြောက်လုံးနှင့် ဘာသာရေးအဆောက်အဦး ဓမ္မရုံတစ်ခု မီး​လောင်ပျက်စီးခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ၎င်းတို့အား တော်လှန်နေသည့် ပြည်သူ့တပ်ဖွဲ့များအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား မြေပြင် တိုက်ခိုက်ရာတွင် အထိနာနေသဖြင့် လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်အသုံးပြုနေရသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။