Connect with us

Hi, what are you looking for?

News

ကသာနယ် မိုးတားကြီးရွာတစ်​လျှောက်ကို စစ်​ကောင်စီတပ်က ​​လေ​ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

အကြမ်းဖက်စစ်ကောင်စီ၏ လေယာဥ်သုံးစီးသည် စုစုပေါင်း ဗုံး ၁၂ လုံးခန့်ကြဲချခဲ့ပြီး မိုးတားကြီးရွာ စျေးတန်း၊ ယင်းရွာအနီးရှိ ကချင်စုနှင့် ဗျူဟာရောင်ခြည်ဘုန်းကြီးကျောင်းအနီးမှ ဒေါ်အောင်လျှိုအပါအဝင် သုံးနေရာ ဗုံးကြဲခံခဲ့ရသည်ဟု ထုတ်ပြန်ချက်၌ ပါရှိသည်။

က​လေးငယ်သုံးဦးအပါအဝင် ငါဦးဒဏ်ရာရ၊ ​နေအိမ်​ခြောက်လုံး မီး​လောင်

စစ်ကိုင်းတိုင်း ကသာမြို့အထက်ပိုင်း မိုးတားကြီးရွာနှင့်အနီးကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်လေယာဥ်သုံးစီးဖြင့် ဗုံးကြဲတိုက်ခိုက်ရာ က​လေးငယ်သုံးဦးအပါအဝင် ​ဒေသခံပြည်သူငါးဦးထိခိုက်ဒဏ် ရာရရှိပြီး နေအိမ်ခြောက်လုံး မီးလောင်ခဲ့ကြောင်း မြို့လှ PDF က ထုတ်ပြန်သည်။

ယနေ့(ဇန်နဝါရီ ၁၂ ရက်)နေ့လယ် ၁၂နာရီ ၄၈ မိနစ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်လေယာဥ် သုံးစီးဖြင့် ကသာမြို့၏အထက် မိုးတား​ကြီးရွာနှင့် အနီးပတ်ဝန်းကျင်တစ်လျှောက် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ဗုံးကြဲမှုကြောင့် ကလေးငယ် သုံးဦးအပါအဝင် စုစု ပေါင်းအပြစ်မဲ့ဒေသခံ ငါးဦး ထိခိုက်ဒဏ်ရာရခဲ့သည်။ သေဆုံးသူဦးရေရှိမရှိ ဆက်လက်ရှာဖွေနေသည်”ဟု မြို့လှ PDFက ဆိုသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီ၏ လေယာဥ်သုံးစီးသည် စုစုပေါင်း ဗုံး ၁၂ လုံးခန့်ကြဲချခဲ့ပြီး မိုးတားကြီးရွာ စျေးတန်း၊ ယင်းရွာအနီးရှိ ကချင်စုနှင့် ဗျူဟာရောင်ခြည်ဘုန်းကြီးကျောင်းအနီးမှ ဒေါ်အောင်လျှိုအပါအဝင် သုံးနေရာ ဗုံးကြဲခံခဲ့ရသည်ဟု ထုတ်ပြန်ချက်၌ ပါရှိသည်။

မိုးတားကြီးရွာတွင် အိမ်ငါးလုံး နှင့် ဓမ္မာရုံတစ်ခု၊ ကချင်စု၌ နေအိမ်ဝတစ်လုံး စုစုပေါင်း အိမ်​ခြောက်လုံးနှင့် ဘာသာရေးအဆောက်အဦး ဓမ္မရုံတစ်ခု မီး​လောင်ပျက်စီးခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ၎င်းတို့အား တော်လှန်နေသည့် ပြည်သူ့တပ်ဖွဲ့များအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား မြေပြင် တိုက်ခိုက်ရာတွင် အထိနာနေသဖြင့် လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်အသုံးပြုနေရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကသာမြို့ကို ရောက်နေတဲ့ စစ်ကောင်စီ တိုက်သင်္ဘောသုံးစီး အပါအဝင် သင်္ဘော ၄စီးဟာ ဒီကနေ့ စက်တင်ဘာ ၈ရက်မနက်မှာ ဧရာဝတီမြစ်ကြောင်းအတိုင်း ဗန်းမော်မြို့ဆီကို ဆက်လက် ဆန်တက်သွားပြီလို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်