Connect with us

Hi, what are you looking for?

News

စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲ၍ ဒဏ်ရာရခဲ့သည့် မိုးတားဒေသခံ ၁၀ဦးခန့်တွင် ကလေးငယ်နှစ်ဦးပါဝင်

ထို့ပြင် ကျေးရွာအတွင်း၌ မပေါက်ကွဲသေးသည့် ဗုံးငါးလုံးကျန်ခဲ့၍ ဗုံးငါးလုံးကိုလည်း ရှင်းလင်းနိုင်ရန် ဆောင်ရွက်နေသည်ဟုဆိုသည်။

▪️မပေါက်ကွဲသေးသည့် ဗုံး ၅လုံးကျန်နေ

အာဏာသိမ်းစစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း ကသာမြို့နယ် မိုးတားကြီးရွာသို့ တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့ရာ ဒေသခံ ပြည်သူ၁၀ထက် မနည်းထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း Katharevolution –IR က ထုတ်ပြန်သည်။

ယနေ့ (ဇန်နဝါရီ ၁၂ရက်) နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်က တိုက်လေယာဉ် သုံးစီးဖြင့် မိုးတားကြီးရွာကို ပစ်ခတ်ဗုံးကြဲခဲ့၍ အရပ်သားနေအိမ်၁၀လုံးခန့် မီးလောင်ပျက်ဆီးခဲ့ပြီး စပါးဂိုဒေါင်များ၊ စပါးကျီများ မီးလောင်ခဲ့ကြောင်း ဖော်ပြထားသည်။ စပါးများစွာ ဆုံးရှုံးခဲ့ရသည်ဟုဆိုသည်။

မိုးတားကြီးအထက်တန်းကျောင်းအနီးရှိ ကျူရှင်စာသင်ဆောင်မှ စာအုပ်များစွာမီးလောင်ခဲ့ကြောင်း၊ အရပ်သား ပြည်သူ ၁၀ဦးထက်မနည်း ထိခိုက်မိပြီး အသက်အန္တရာယ် စိုးရိမ်ရမှုများရှိခဲ့ကြောင်း၊ ဒဏ်ရာရသူများအနက် အသက် (၆)နှစ်နှင့် (၇)နှစ်အရွယ် ကလေးငယ် နှစ်ဦးလည်း ပါဝင်ကြောင်းထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ကျေးရွာအတွင်း၌ မပေါက်ကွဲသေးသည့် ဗုံးငါးလုံးကျန်ခဲ့၍ ဗုံးငါးလုံးကိုလည်း ရှင်းလင်းနိုင်ရန် ဆောင်ရွက်နေသည်ဟုဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က သံတွဲမြို့နယ်၊ရွှေလှေ နဲ့ လင်းသီကျေးရွာတို့ကိုဒီက​​နေ့ ဂျက်ဖိုက်တာနဲ့ ဗုံးသုံးလုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့်အရပ်သားလူနေအိမ်ပေါ် တည့်တည့်ကျပြီး ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၁ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာရဲ့ အနောက်ဘက် ရှေးဟောင်းသမိုင်းဝင်သစ္စာရဘုရားအနီး စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အသက် ၇၆နှစ်အရွယ် စစ်ဘေးရှောင်အဘိုးအိုတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဇီကြီးလေကြောင်းတိုက်ခိုက်မှုအပါအဝင် ပြည်သူတွေကို​လေ​ကြောင်းက​နေအစုလိုက်အပြုံလိုက်သတ်ဖြတ်တဲ့စစ်ရာဇဝတ်မှု​တွေမှာအမိန့်ပေးစေခိုင်းခဲ့တဲ့လေတပ်ရဲ့ကာကွယ်ရေးဦးစီးချုပ်ဟောင်း၊ လက်ရှိကာကွယ်​ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးထွန်းအောင်ရဲ့ နေအိမ်ကို ​ရန်ကုန်​UG တစ်ဖွဲ့က ချိန်ကိုက်ဗုံးပို့ဆောင်ခဲ့တယ်လို့ စစ်​ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။