Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီက ​မော်လမြိုင်တွင်​လေဆိပ်နှင့်ဆိပ်ကမ်းသစ်တည်​ဆောက်မည်ဟုဆို

အာဏာသိမ်း​စစ်ခေါင်း​ဆောင်က အာဏာသိမ်းပြီးစကတည်းက ​လျှပ်စစ်ရထားများ၊​လျှပ်စစ်ကား၊မြေ​အောက်ရထားစီမံကိန်းများပြုလုပ်မည်ဟု လှည့်လည်​ပြောဆိုခဲ့သည်။သို့​သော် နိုင်ငံတစ်ဝန်းမီးများပျက်​တောက်​နေပြီး​ယခု​နောက်ပိုင်း ထိုသို့​ပြောကြားခြင်း​နည်းလာသည်ကို​တွေ့ရသည်။

အာဏာသိမ်းစစ်​ကောင်စီကမော်လမြိုင်မြို့အနီးတွင် နိုင်ငံတကာအဆင့်မှီ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း တစ်ခုနှင့် လေယာဉ်ကွင်းအသစ် တစ်ခု တည်​ဆောက်ရန် ကြီးကြပ်မူကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်ပြန်တမ်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထိုစီမံကိန်းအကောင်အထည်ဖော်ရေးကြီးကြပ်မူဗဟိုကော်မတီကို အကြမ်းဖက်စစ်ကောင်စီက ခန့်အပ်ထားသည့် ဝန်ကြီး ၇ ဦးအပါအဝင် ၁၄ ဦးဖြင့် ၂၀၂၁ ဒီဇင်ဘာ ၁၀ ရက်တွင် ဖွဲ့စည်းထားသည်ဟုပါရှိသည်။

ထိုကော်မတီတွင် အကြမ်းဖက်စစ်ကောင်စီကခန့်အပ်ထားသည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးက ဥက္ကဌဖြင့်ဆောင်ရွက်ပြီး စစ်ကောင်စီလက်အောက်ခံဝန်ကြီး၊ ဒုဝန်ကြီးနှင့် အခြားဌာနဆိုင်ရာများပါဝင်သည်။ ထိုအပြင်စစ်အင်ဂျင်နီယာညွန့်ကြားရေးမှူးရုံးက ညွန့်ကြားရေးမှူးလည်း အဖွဲ့ဝင်အဖြစ်ပါဝင်သည်ဟုဆိုသည်။

အဆိုပါစီမံကိန်းများနှင့်ပတ်သတ်ပြီး မည်သည့်နိုင်ငံဖြင့်ဆောင်ရွက်မည်ကို အကြမ်းဖက်စစ်ကောင်စီက ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။

Public Service Announcement

Public Service Announcement

သို့​သော်မွန်ပြည်နယ် ၊မော်လမြိုင်တွင် မြန်မာ့နိုင်ငံ၏ အထူးစီးပွားရေးဇုန်စီမံကိန်းကြီး တစ်ခုကို ဖော်ဆောင်မည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၂၀ ဇူလိုင် ၂၉ ရက်က ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည့် ‘Myanmar-Japan Investment Dialogue’ တွင် ဗီဒီယိုဖြင့်သတင်းစကား ပြောကြားစဉ် ထည့်သွင်းပြောခဲ့ဖူးသည်။ ထိုစီမံကိန်းကို ဂျပန်ပြည်ပကုန်သွယ်ရေးအဖွဲ့ (JETRO)က ဦးဆောင်အကောင်အထည်ဖော်ခွင့်ရရှိမည်ဟု ထိုစဥ်ကသိရှိထားသည်။ အရပ်သားအစိုးရလက်ထက်တွင် တင်ဒါခေါ်ရန် စီစဉ်နေချိန်တွင် အကြမ်းဖက်စစ်တပ်က နိုင်ငံတော်အာဏာကို လုယူလိုက်ခြင်းကြောင့် စီမံကိန်း ရပ်တန့်ခဲ့ခြင်းဖြစ်သည်။

သို့​သော်ယခုစီမံကိန်းတွင် JETRO ပါဝင်ခြင်းရှိ၊မရှိကို လူထု​နွေဦးသတင်းဌာနက အတည်မပြုနိုင်​သေးပါ။

အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)က အာဏာသိမ်းစစ်​ကောင်စီလက်​အောက်တွင် နိုင်ငံအာဏာကိုအတင်းအဓ္ဓလုယူပြီး MIC ကိုလည်းစစ်​ကောင်စီအလိုကျပုဂ္ဂိုလ်များဖြင့်ဖွဲ့စည်းလိုက်၍ ​ဖေ​ဖော်ဝါရီ ၁ ရက်မှစ၍ ​ဆောင်ရွက်​သော စီမံကိန်းများ၊ပြည်ပရင်းနှီးမြှပ်နှံမှုများသည် တရားမဝင်​ကြောင်း ထုတ်ပြန်ထားသည်။

အာဏာသိမ်းစစ်​ကောင်စီက နိုင်ငံခြား​ငွေလိုအပ်ခြင်း၊ နိုင်ငံတကာ၏​ထောက်ခံမှုလိုအပ်ခြင်းနှင့်စီမံလုပ်ကိုင်နိုင်သည်ဟု ဝါဒဖြန့်နိုင်ရန် ပြည်ပရင်းနှီးမြှပ်နှံမှုများကို အသည်းအသည် လိုလား​နေသည်။ နိုင်ငံတကာမှ လူ့အခွင့်အ​ရေးနှင့်ဒီမိုက​ရေစီလိုလား​သော ကုမ္ပဏီများက မြန်မာနိုင်ငံမှ လုပ်ငန်းများရုတ်သိမ်းသွားကြသည်။ကျန်​နေ​သော​သော ကုမ္ပဏီနှင်လုပ်ငန်းများကိုအာဏာသိမ်း
စစ်​ကောင်စီလက်​အောက်တွင်မလုပ်ရန်အရပ်ဖက်အဖွဲ့အစည်းများ ၊အစိုးရများကဖိအား​ပေး​နေသည်။

အာဏာသိမ်း​စစ်ခေါင်း​ဆောင်က အာဏာသိမ်းပြီးစကတည်းက ​လျှပ်စစ်ရထားများ၊​လျှပ်စစ်ကား၊မြေ​အောက်ရထားစီမံကိန်းများပြုလုပ်မည်ဟု လှည့်လည်​ပြောဆိုခဲ့သည်။သို့​သော် နိုင်ငံတစ်ဝန်းမီးများပျက်​တောက်​နေပြီး​ယခု​နောက်ပိုင်း ထိုသို့​ပြောကြားခြင်း​နည်းလာသည်ကို​တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ထိုင်း-မြန်မာ၊ နယ်စပ်လမ်းကြောင်းတွေကနေတဆင့် မှောင်ခိုဝင်ရောက်လာတဲ့ ထိုင်းကုန်စည်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်က ဘားအံနဲ့ မော်လမြိုင်မြို့တွေမှာ ကြားဖြတ်ဖမ်းဆီးသိမ်းဆည်းတာတွေပိုမိုလုပ်ဆောင်လာနေပါတယ်။

သတင်း

မွန်ပြည်နယ် ၊မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်၊ ကမ်းနားလမ်းရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ကို မနေ့ (သြဂုတ် ၂၈ ရက် ) မနက်ပိုင်းမှာ အမျိုးသား သုံးဦးက သေနတ်ပြပြီး ဓားပြတိုက်သွားတယ်လို့မြို့ခံအချို့ဆီကသိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook