Connect with us

Hi, what are you looking for?

News

စစ်ကောင်စီကို နိုင်ငံတကာတရားရုံးများ၌ တရားစွဲဆိုနိုင်ရေး SAC ကို CRPH အကူအညီတောင်း

ထို့အပြင် မြန်မာပြည်သူများအား ကူညီပေးရာတွင် ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားသည့် CRPH ၊ NUG တို့ကို ကူညီအားပေးခြင်းသည် ထိရောက်သော ကူညီခြင်း ဖြစ် ကြောင်း CRPH ဥက္ကဌ ဦးအောင်ကြည်ညွန့်က ပြောသည်။

စစ်ကောင်စီကျူးလွန်သည့် ရာဇဝတ်မှုများနှင့်ပတ်သက်၍ နိုင်ငံတကာတရားရုံးများ၌ တရားစွဲ ဆိုရေးကိုကူညီပူးပေါင်းဆောင်ရွက်ရန် မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ(SAC)ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က တောင်းဆိုသည်။

CRPH ကိုယ်စားလှယ်များသည် ကုလသမဂ္ဂကျွမ်းကျင်ပညာရှင်များနှင့်ဖွဲ့စည်းထားသော SAC အဖွဲ့ဝင်များကို ဇန်နဝါရီ ၁၁ရက်တွင် အွန်လိုင်းမှတဆင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး စစ်ကောင်စီ ကျူးလွန်နေသည့် အကြမ်းဖက်လုပ်ရပ်များကို ပြည်သူအားလုံးနှင့်ကမ္ဘာကသိရှိနိုင်ရေး ဆောင်ရွက်ပေးနေမှုများအတွက်ကျေးဇူးတင်ကြောင်း ပြောသည်။

NUGသည် အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်မှုများနှင့်ပတ်သက်၍ နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC) အပါ အဝင် ကမ္ဘာလုံးဆိုင်ရာတရားစီရင်ရေးစနစ်(Universal Jurisdiction)ကျင့်သုံးသော နိုင်ငံများ၌ တရားစွဲဆိုနိုင်ရေး ကြိုးပမ်းလျက်ရှိသည်။

အထူးအကြံပေးကောင်စီ(SAC)၏ ဆောင်ရွက်ချက်များကို စတင်ဖွဲ့စည်းချိန်ကတည်းက တွေ့ မြင်ရပြီး ထိရောက်သောဆောင်ရွက်ချက်များဖြစ်သည်ဟု သုံးသပ်မိကြောင်း CRPH က ပြော သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မြန်မာပြည်သူများအား ကူညီပေးရာတွင် ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားသည့် CRPH ၊ NUG တို့ကို ကူညီအားပေးခြင်းသည် ထိရောက်သော ကူညီခြင်း ဖြစ် ကြောင်း CRPH ဥက္ကဌ ဦးအောင်ကြည်ညွန့်က ပြောသည်။

CRPH ၊ NUG သည် ပိုမိုကောင်းမွန်သည့်နည်းလမ်းများဖြင့် နိုင်ငံတကာအသိုက်အဝန်းက တရားဝင်အသိမှတ်ပြုမှု၊ စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု၊ လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာ အကူအညီများပေးအပ်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်းလည်း ဦးအောင် ကြည်ညွန့်က ဆက်ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

နိုင်ငံတကာ

အရင်က အင်တာဗျူး အသံဖိုင်တွေနဲ့ စာသား မှတ်တမ်းတွေ ထုတ်ပြန်လာမှာကို တားဆီးဖို့အတွက် အမေရိကန် သမ္မတဟောင်း ဂျိုးဘိုင်ဒန်က အမေရိကန် တရားရေး ဝန်ကြီးဌာနကို တရားစွဲဆိုခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။