News NUG နဲ့ စစ်ကောင်စီတို့ရဲ့ သံတမန်ရေးရာအားပြိုင်ပွဲ စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို ကုလညီလာခံစကားပြောဆိုခွင့် ပြုမှာ မဟုတ်တဲ့အကြောင်း အင်အားကြီး နှစ်နိုင်ငံ ဆွေးနွေးမှုမှာ သဘောတူခဲ့တယ်လို့ Foreign Policy သံတမန်တွေကို ကိုးကားပြီးရေးပါတယ်။ LuduNwayOoစက်တင်ဘာ 14, 2021
News အရာတော်မြို့နယ်မှ ကျေးရွာအချို့ကို ဖျက်၍ပြောင်းမည်ဟု စစ်ကောင်စီတပ်ခြိမ်းခြောက်၊ လက်နက်များအပ်ရန်ပြော စစ်ကိုင်းတိုင်း အရာတော်မြို့နယ်တွင် စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြနေသောကျေးရွာများနှင့် PDF ရှိသည်ဆိုသည့် ကျေးရွာများအားဖျက်၍ ရွှေ့ပြောင်းမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်နေကြောင်း ဒေသခံများက ပြော သည်။ LuduNwayOoစက်တင်ဘာ 14, 2021
News စစ်ကောင်စီက စစ်ကိုင်း၊မကွေးနှင့် မန္တလေးရှိ မြို့နယ်အချို့ အင်တာနက်ဖြတ်တောက် မန္တလေးတိုင်း မြင်းခြံမြို့နယ်တွင် ယနေ့ နေ့လည်ပိုင်းမှစ၍ တယ်လီဖုန်းအော်ပရေတာအားလုံးကို အင်တာနက်ဖြတ်တောက်ခဲ့ဟု မြင်းခြံဒေသခံက ပြောသည်။ LuduNwayOoစက်တင်ဘာ 14, 2021
News ဒီးမော့ဆိုတိုက်ပွဲ စစ်ကောင်စီတပ်သားသုံးဦးထက်မနည်းသေဆုံး၊ ကရင်နီတပ်မှ နှစ်ဦးကျဆုံး ကျဆုံးသွားသော သူရဲကောင်းနှစ်ဦးဖြစ်သည့် မောင်ဆီမိုးနယ်(ခ)အောင်နိုင်နှင့် မောင်ပီတာအား ဒီမောဆိုပြည်သူ့ကာကွယ်ရေးတပ်မှ သူရဲကောင်းသမိုင်းမှတ်တမ်းတင် အပ်သည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ LuduNwayOoစက်တင်ဘာ 14, 2021
News ဂန့်ဂေါနယ်ရှိ ကျေးရွာအချို့တွင် စစ်ကောင်စီသတ်ဖြတ်ထားသည့် အရပ်သားငါးလောင်းတွေ့ မွေ့လည်နှင့် ရေရှင်မ ရွာများသည် နှမ်းခါးရွာနှင့် မိုင်အနည်းငယ်သာ ကွာဝေးသည်။ စစ်ကောင်စီတပ်သည် နှမ်းခါးရွာကိုလည်း စက်တင်ဘာ ၁၀ရက်နှင့် ၁၃ရက်က မီးနှစ်ကြိမ်ရှို့ခဲ့ရ ကျေးရွာရှိ ပြည်သူများ၏ နေအိမ် ၅၀ ကျော်နှင့် ဆန်စက်အချို့ မီးလောင်ပျက်စီးခဲ့ရသည်ဟု ဒေသခံက ပြောသည်။ LuduNwayOoစက်တင်ဘာ 14, 2021
News သုံးလအတွင်းတိုက်ပွဲနှင့် ပဋိက္ခဖြစ်စဉ် တစ်ထောင်ကျော်ဖြစ်ခဲ့ရာ စစ်ကောင်စီတပ်သား ၁,၇၀၀ ကျော်သေဆုံးဟု NUG ထုတ်ပြန် သုံးလအတွင်း လက်နက်ကိုင်တိုက်ပွဲနှင့် ပဋိပက္ခ ဖြစ်စဉ်ပေါင်း ၁,၁၇၁ ခုဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၁,၇၁၀ဦး သေဆုံးပြီး ၆၃၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူလူထု ၄၃၁ဦး ကျဆုံးကာ ဒဏ်ရာရသူ ၁၈၄ ဦးရှိခဲ့ကြောင်း ဖော်ပြထားသည်။ LuduNwayOoစက်တင်ဘာ 14, 2021
News ကုလညီလာခံမှာ စစ်ကောင်စီကိုအသိအမှတ်မပြုဖို့ အမေရိကန်နဲ့ တရုတ်အကြား သဘောတူညီချက်ရရှိထား အဲဒီ အမေရိကန်နဲ့ တရုတ်နိုင်ငံရဲ့သဘောတူညီချက်ဟာ နိုင်ငံတကာရဲ့တရားဝင်ထောက်ခံမှုကို ရရှိဖို့ကြိုး စားနေတဲ့ စစ်ကောင်စီအတွက် ထိုးနှက်ချက်တစ်ခုဖြစ်တယ်လို့ဆိုပါတယ်။ LuduNwayOoစက်တင်ဘာ 14, 2021
News စစ်ကိုင်းနဲ့မကွေးမှာ စစ်ကောင်စီရဲ့နေ့စဉ်ရက်ဆက်ကျူးလွန်မှုတွေကို ကုလလူ့အခွင့်အရေးကောင်စီမှာ NUG အစီရင်ခံစာတင်သွင်း လူ့အခွင့်အရေးကောင်စီရဲ့ အစည်းအဝေးအဖွင့်မှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အရင်ညီလာခံတွေမှာ ဆုံးဖြတ်ခဲ့တဲ့ အတိုင်း အထွေထွေညီလာခံက ဆုံးဖြတ် ချက် မချမချင်း မြန်မာနိုင်ငံကိုယ်စားလှယ်ကို ကိုယ်စားပြုတက်ရောက် ခွင့် မပေးပါဘူး။ LuduNwayOoစက်တင်ဘာ 13, 2021
News ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းခွဲတိုက်ခိုက်ရာ ခြောက်ဦးသေ “အဲဒီဟာကိုတော့ မသိသေးပါဘူး။ ယုန်ထိုး တောင်ဆိုတာက အရင်တစ်ခါ ဖြစ်တဲ့နေရာနဲ့ သိပ်မကွာဘူး။ အရင် တစ်ခါရွာကနေ နွားထိုးကြီးကြားပေါ့။ ယုန်ထိုးတောင်နဲ့ ထိန်ပင်ရွာလမ်းဖြစ်မှာပေါ့။ ယုန်ထိုးက တောင်လည်းရှိတယ် ရွာလည်းရှိတယ်” ဟု မြင်းခြံဒေသခံ တစ်ဦးက ပြောသည်။ LuduNwayOoစက်တင်ဘာ 13, 2021
News နိုင်ငံတကာကိုအားကိုးမရ၍ တစ်မျိုးသားလုံးညီညွတ်မှုဖြင့် စစ်ကောင်စီကိုဖယ်ရှားနိုင်ရေး ကြိုးပမ်းနေဟု NUG ရှင်းလင်း ပြီးခဲ့သည့် ခုနှစ်လတာ ကာလကို ပြန်လည်ဆန်းစစ်ကြည့်ပါက တမျိုးသားလုံး စုစည်းညီညွတ်မှု၊ စုပေါင်းဆောင်ရွက်မှု တို့ဖြင့်သာလျှင် စစ်ကောင်စီကြောင့် ပေါ်ပေါက်ခဲ့သော အာဏာသိမ်းရန် ကြိုးပမ်းမှုနှင့် မတည်ငြိမ်မှုများကို အဆုံးသတ်နိုင် လိမ့်မည် ဖြစ်ကြောင်း သိသာထင်ရှား နေပြီဖြစ်သည်ဟု ဖော်ပြထားသည်။ LuduNwayOoစက်တင်ဘာ 13, 2021