Connect with us

Hi, what are you looking for?

News

စစ်ကိုင်းနဲ့မကွေးမှာ စစ်ကောင်စီရဲ့နေ့စဉ်ရက်ဆက်ကျူးလွန်မှုတွေကို ကုလလူ့အခွင့်အရေးကောင်စီမှာ NUG အစီရင်ခံစာတင်သွင်း

လူ့အခွင့်အရေးကောင်စီရဲ့ အစည်းအဝေးအဖွင့်မှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အရင်ညီလာခံတွေမှာ ဆုံးဖြတ်ခဲ့တဲ့ အတိုင်း အထွေထွေညီလာခံက ဆုံးဖြတ် ချက် မချမချင်း မြန်မာနိုင်ငံကိုယ်စားလှယ်ကို ကိုယ်စားပြုတက်ရောက် ခွင့် မပေးပါဘူး။

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ စစ်ကောင်စီက နေ့စဉ် ရက်ဆက်ကျူးလွန်နေတဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ် မှုတွေအကြောင်းကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီထံ အချိန်နဲ့တပြေးညီပေးပို့နေတယ်လို့ NUG လူ့အခွင့် အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ (၄၈) ကြိမ်မြောက်အစည်းအဝေးကို ဂျီနီဗာမြို့မှာ ဒီနေ့စတင်ကျင်းပနေပြီး မြန်မာပြည်သူလူထုအပေါ် စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေကို အမျိုးသားညီညွတ်ရေးအစိုးရက အစီရင်ခံစာတွေ ပေးပို့နေတာဖြစ်ပါတယ်။

“လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ စစ်ကောင်စီက နေ့စဉ်ရက်ဆက် ကျူးလွန်နေတဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတွေအကြောင်းတွေကို အချိန်နဲ့တပြေးညီပေးပို့နေပါတယ်။ သီးသန့်အစိရင်ခံစာတစ်စောင်ကိုလည်း မကြာမီ ဆက်လက်ပေးပို့သွားမှာဖြစ်ပါတယ်”လို့ ဝန်ကြီးဦးအောင်မျိုးမင်းက ပြည်သူကို အသိပေးထားပါတယ်။

လူ့အခွင့်အရေးကောင်စီရဲ့ အစည်းအဝေးအဖွင့်မှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အရင်ညီလာခံတွေမှာ ဆုံးဖြတ်ခဲ့တဲ့ အတိုင်း အထွေထွေညီလာခံက ဆုံးဖြတ် ချက် မချမချင်း မြန်မာနိုင်ငံကိုယ်စားလှယ်ကို ကိုယ်စားပြုတက်ရောက် ခွင့် မပေးပါဘူး။

Public Service Announcement

Public Service Announcement

နောက်ပြီး မြန်မာနိုင်ငံက တင်သွင်းရမယ့် လူ့အခွင့် အရေး အစီရင်ခံစာ နောက်ဆုံးအဆင့် တင်သွင်းရမယ့် အစီအစဉ်(UPR report)ကို လာမယ့်နှစ် မတ်လမှာ ကျင်းပမယ့်ညီလာခံမှာတင်သွင်းဖို့ ထပ်မံရွှေ့ဆိုင်းခဲ့ပါတယ်။

အခုကျင်းပနေဆဲ ကုလလူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အစီအစဉ် ၃ ခုပါဝင်ပြီး ပထမတစ်ခုက ဒီနေ့တင်သွင်းတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ရဲ့ အစီရင်ခံစာပါ။

ဒုတိယတစ်ခုက စက်တင်ဘာ ၂၂ ရက်မှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ အထူးအစီရင်ခံစာတင်သွင်းသူ တွမ်အန်ဒရူးရဲ့ တင်ပြမှုဖြစ်ပြီး နောက်ဆုံးတစ်ခုက စက်တင်ဘာ ၂၃ မှာ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရဲ့ တင်ပြမှုဖြစ်တယ်လို့ ဝန်ကြီးဦးအောင်မျိုးမင်းက ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။