Connect with us

Hi, what are you looking for?

News

စစ်ကောင်စီက စစ်ကိုင်း၊မကွေးနှင့် မန္တလေးရှိ မြို့နယ်အချို့ အင်တာနက်ဖြတ်တောက်

မန္တလေးတိုင်း မြင်းခြံမြို့နယ်တွင် ယနေ့ နေ့လည်ပိုင်းမှစ၍ တယ်လီဖုန်းအော်ပရေတာအားလုံးကို အင်တာနက်ဖြတ်တောက်ခဲ့ဟု မြင်းခြံဒေသခံက ပြောသည်။

People's Spring
People's Spring

အာဏာသိမ်းစစ်ကောင်စီသည် ယနေ့ နေ့လည်ပိုင်းမှစ၍ စစ်ကိုင်း၊ မန္တလေးနှင့် မကွေးတိုင်းရှိ မြို့နယ်အချို့ကိုအင်တာနက်ဖြတ်တောက်လိုက်ကြောင်း ဒေသခံများက ပြောသည်။

မန္တလေးတိုင်း မြင်းခြံမြို့နယ်တွင် ယနေ့ နေ့လည်ပိုင်းမှစ၍ တယ်လီဖုန်းအော်ပရေတာအားလုံးကို အင်တာနက်ဖြတ်တောက်ခဲ့ဟု မြင်းခြံဒေသခံက ပြောသည်။

“မိုဘိုင်းဒေတာရယ် ၀ိုင်ဖိုင်ရယ်ဖြတ်တာ။ ဖိုက်ဘာလိုင်းတွေကရတယ်။ သူတို့ မြင်းခြံနဲ့ နွားထိုးကြီးကြားကို ဝင်မွှေမယ်ကြားတယ်” ဟု ၎င်းက ဆိုသည်။ အဆိုပါဒေသတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက စစ်ကောင်စီတပ်များကို ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်မှုများ ပြုလုပ်ခဲ့၍စစ်ကောင်စီ တပ်ဖွဲ့ဝင်များသေဆုံးထိခိုက်မှုရှိခဲ့သည်။

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ဒေသခံတစ်ဦးက “ ဒီပဲယင်းမှာတော့ မဖြတ်သေးဘူး။ ဘုတလင်၊ ယင်းမာပင်၊ နောက်ပြီးတော့ ကနီ အဲဒီဘက်တွေ ဖြတ်တယ်ဗျ။ ဘုတလင်နယ်နဲ့ ကနီနယ်နားမှာတော့ စစ်ကြောင်းရောက်နေတယ် ကြားတယ် ရေကြောင်းကနေ တက်လာတယ် ကြားတယ်။ စစ်ကြောင်းထိုးမယ့်ပုံစံမျိုးလို့ ကြားတယ်” ဟု ပြောသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ကနီမြို့နယ် နှင့် ဘုတလင်မြို့နယ် အစပ်ရှိ ဝင်းမနား ရဲစခန်းကို ကနီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်ရှိကြောင်း၊ ယင်းဖြစ်စဉ်တွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်ဟု ဒေသခံက ပြောသည်။

မကွေးတိုင်း တောင်တွင်းကြီး မြို့နယ်တွင်လည်း အင်တာနက်ဖြတ်တောက်ထားကြောင်း ဒေသခံက ပြော သည်။

“ဖုန်းလိုင်းတော့မဖြတ်ဘူး အင်တာနက်လိုင်းတော့ ဖြတ်သွားပြီ”ဟု ဒေသခံက ပြောသည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် အင်တာနက်ဖြတ်တောက်ထားသည်မှာ ၁လခန့် ကြာပြီဖြစ်သည်။

စစ်ကောင်စီတပ်အနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်းက မကွေး တိုင်း ဂန့်ဂေါမြို့နယ် မြင်သား၊ နှမ်းခါးကျေးရွာများအပါအဝင် ဒေသတွင်းရှိ ကျေးရွာများသို့ ဝင်ရောက်စီးနင်း၍ တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ရာ အရပ်သားများကို သတ်ဖြတ်ခြင်း၊ ဒေသခံများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီး စသည်တို့ကို လုပ်ဆောင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

စစ်ကိုင်းမြို့အ​ခြေစိုက်၊တပ်မ(၃၃)ကိုပြန်လာတဲ့ စစ်တပ်ယာဉ်တန်း ဒီက​နေ့မှာမိုင်းဆွဲခံရပြီးထိခိုက်မှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။