Connect with us

Hi, what are you looking for?

News

ဒီးမော့ဆိုတိုက်ပွဲ စစ်ကောင်စီတပ်သားသုံးဦးထက်မနည်းသေဆုံး၊ ကရင်နီတပ်မှ နှစ်ဦးကျဆုံး

ကျဆုံးသွားသော သူရဲကောင်းနှစ်ဦးဖြစ်သည့် မောင်ဆီမိုးနယ်(ခ)အောင်နိုင်နှင့် မောင်ပီတာအား ဒီမောဆိုပြည်သူ့ကာကွယ်ရေးတပ်မှ သူရဲကောင်းသမိုင်းမှတ်တမ်းတင် အပ်သည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ် ကဒါးလာကျေးရွာတွင် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ သုံးဦးအထက် သေဆုံးဒဏ်ရာရရှိနိုင်ပြီး ကရင်နီလက်နက် ကိုင်ပူးပေါင်းအဖွဲ့မှနှစ်ဦး ကျဆုံးကြောင်း ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၁၄ရက် နက် ၅နာရီခွဲမှ ၉နာရီကျော်အထိ ဖြစ်ပွားခဲ့သည့် တိုက်ပွဲ၌ စစ်ကောင်စီတပ်ကို ဒီးမော့ဆို PDF၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)၊ ကရင်နီအမျိုးသားတပ်မတော်(KA) တို့ အတူပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ကျဆုံးသွားသော သူရဲကောင်းနှစ်ဦးဖြစ်သည့် မောင်ဆီမိုးနယ်(ခ)အောင်နိုင်နှင့် မောင်ပီတာအား ဒီမောဆိုပြည်သူ့ကာကွယ်ရေးတပ်မှ သူရဲကောင်းသမိုင်းမှတ်တမ်းတင် အပ်သည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကယားပြည်နယ် လွိုင်ကော်မြို့ရှိ စစ်ကောင်စီတပ်အနီးတွင်လည်း စက်တင်ဘာ ၁၃ရက် ည ၇နာရီမှစ၍ ၂နာရီကျော် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သတင်းဌာနဖြစ်သည့် ကန္တာရ၀တီတိုင်း(မ်)က ဖော်ပြ သည်။ အဆိုပါ ဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ်ခဲ့၍ ပြည်သူလူထု နေအိမ်အချို့ ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အချို့ရှိခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။