Hi, what are you looking for?
ယနေ့ ကမ္ဘာဟာ မိမိရဲ့ မိုဘိုင်းမျက်နှာပြင်ကို လက်ချောင်းလေးနဲ့ ထိလိုက်ရုံနဲ့ အာလာဒင်ရဲ့ တစ်ထောင်နှင့်တစ်ည ပုံပြင်ထဲက လိုတရမီးခွက်လို ကမ္ဘာတစ်ခုလုံး ကိုယ့်ရှေ့ ရောက်လာစေနိုင်တဲ့ ခေတ် ဖြစ်ပါတယ်။ သို့သော် လူငယ်တချို့အတွက်တော့ ဒစ်ဂျစ်တယ်ကမ္ဘာနဲ့ နီးကပ်လာခြင်းက၊ မိမိလက်တွေ့ဘဝရဲ့ ပြင်ပကမ္ဘာနဲ့ ပိုမိုဝေးကွာသွားခြင်းရဲ့ အစလည်း ဖြစ်လာနေပါတယ်။
ဝါဒဖြန့်ချိမှုတွေက ပုံစံမျိုးစုံနဲ့လာတတ်ပါတယ်။ တစ်ချို့ဝါဒဖြန့်ချိမှုတွေက စိတ်ခံစားမှုကို လှုံ့ဆော်ပေးပါတယ်။ တစ်ချို့ကျတော့ အချက်အလက်ကိန်းဂဏန်းတွေ၊ အမှန်အကန်အကြောင်းအရာတွေကိုတပိုင်းတဆသုံးပြီးလည်း မသိမသာ ဝါဒဖြန့်တတ်ပါတယ်။ တစ်ချို့ကျတော့ ဇာတ်ကြောင်းတစ်ခုကိုပဲ ထပ်ကာ ထပ်ကာ ဖတ်မိ၊ ကြည့်မိ၊ နားထောင်မိအောင်လုပ်ပြီး မြင်ဖန်များ တစတစယုံကြည်လာအောင် ဝါဒဖြန့်တာမျိုးလည်းရှိတတ်ပါတယ်။ လူအစုအဖွဲ့တစ်ခု၊ လူမျိုးစုတစ်ခု၊ လူပုဂ္ဂိုလ်တစ်ဦးဦးကို အပြစ်တင်တဲ့ဇာတ်ကြောင်းပုံစံနဲ့...