News မြင်းမူနယ်တွင် တော်လှန်ရေးညီနောင်လေးဖွဲ့ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်၊ စစ်သား ၂ ဦးသေ မြောင်မြို့နယ် တော်လှန်ရေးတပ်အနေဖြင့် စစ်ကောင်စီတပ်အား အရှိန်အဟုန်မြှင့် တိုက်ခိုက်နေပြီး ပြည်သူများအနေဖြင့်လည်း ၎င်းတို့နှင့် အနီးကပ်မနေရန်နှင့် စစ်ကောင်စီတပ်များကို ရှောင်ကွင်းသွားလာကြရန် သတိပေးထားသည်။ LuduNwayOoမတ် 25, 2022
News ရေစကြိုရဲတပ်ဖွဲ့မှူးရုံးနှင့် တောင်သာရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ခိုက် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်နှင့် အနီးတစ်ဝိုက်တွင် သွားလာလှုပ်ရှားမှုမပြုရန်လည်း ပြောက်ကျားတပ်ဖွဲ့များက မေတ္တာရပ်ခံသည်။ LuduNwayOoမတ် 25, 2022
News ကသာတွင် သင်္ဘောလုံခြုံရေး စစ်ကြောင်းကို မြို့လှPDFက ယနေ့ဒုတိယ အကြိမ်တိုက်ခိုက် မြို့လှ PDFသည် မတ်လ ၂၂ရက်နှင့် ၂၃ရက်ကလည်း စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံး ထိခိုက်ရှိခဲ့သည်။ LuduNwayOoမတ် 24, 2022
News ရိက္ခာပို့လာသည့်ယာဉ်စီးရေ ၈၀ကျော်ပါ စစ်ယာဉ်တန်းတိုက်ခိုက်ရေးအတွက် ယခင်ထက် ပိုပြင်ဆင်လာဟု မင်းတပ်CDF ပြော စစ်ကောင်စီယာဉ်တန်းပါ ယာဉ်များသည် ရိက္ခာအပြည့် တင်ဆောင်လာပြီး ဖရိန်များကိုလည်း ယခင်ထက် ပိုမြှင့်ကာ မိုးကာများ အလုံပိတ်ထားကြောင်း ၎င်းက ဆိုသည်။ LuduNwayOoမတ် 24, 2022
News မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့်ပျူပူးပေါင်းအဖွဲ့ကို တော်လှန်ရေးအင်အားစုများ ပူးပေါင်းတိုက်ခိုက်ရာ ၁၇ဦးသေဟု ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ ပြော သေဆုံးသွားသော စစ်အုပ်စုတပ်သားများကို သရက်ကန်ကျေးရွာ သုဿာန်တွင်ပင် သဂြိုလ်ခဲ့ ကြောင်းလည်း ဒေသခံပြည်သူအချို့၏ ပြောကြားချက်ကို ကိုးကား၍ ကျားသစ်နက်ပြောက် ကျားတပ်ဖွဲ့က အသိပေး သည်။ LuduNwayOoမတ် 24, 2022
News ယင်းမာပင်နယ်တွင် စစ်ကောင်စီစစ်ကြောင်းအား PDF သုံးဖွဲ့တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်းသေဟုဆို မိုင်းဆွဲတိုက်ခိုက်ခံရအပြီး လက်ကျန်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျေးစာကျရွာနှင့် ဆည်ထန်းတောကြီးကျေးရွာများသို့ ဝင်ရောက်၍ ပြည်သူပိုင်ပစ္စည်းအများအပြားကို ဖျက်ဆီးကာ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း အမိမြေတော်လှန်ရေးတပ်ဖွဲ့က ပြောသည်။ LuduNwayOoမတ် 23, 2022
News ပုလဲမြို့နယ်တွင် ပျူစောထီးသင်တန်းမှပြန်လာသော စစ်ယာဥ်တန်း တိုက်ခိုက်ခံရ ထိုတိုက်ခိုက်မှုကို ယနေ့နေ့လယ် ၁နာရီခွဲက မင်းတိုင်ပင်ရွာအရှေ့ဘက်၌ ပုလဲပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဌာနချုပ်အဖွဲ့သားများက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ LuduNwayOoမတ် 23, 2022
News ဆားလင်းကြီးနယ်တွင် စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရ "ကားတွေက ယင်းမာပင်ဘက်သွားတာ။ နှစ်စီးထိတယ်"ဟု Unity Force Monywaမှ တာဝန်ရှိသူက ပြော သည်။ LuduNwayOoမတ် 23, 2022
News မုံရွာ-မန္တလေးလမ်းတွင် ပြည်သူများအား ငွေညှစ်တောင်းခံနေသည့် မအူဂိတ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားအချို့ သေဆုံး ယနေ့(မတ်လ ၂၄ ရက်) နံနက် ၂ နာရီခန့်က မုံရွာ- မန္တလေးလမ်းပေါ်ရှိ မအူဂိတ်တွင် ငွေညှစ် အကြမ်းဖက်နေသော စစ်အုပ်စုကို မုံရွာပူးပေါင်းတပ်ဖွဲ့များမှ ဝင်တိုက်ပြီးအကြမ်းဖက်စစ်သား လေးဦးထက်မနည်း သေဆုံးကြောင်း Monywa The Boys အဖွဲ့က သတင်းထုတ်ပြန်သည်။ LuduNwayOoမတ် 23, 2022
News မင်းကင်း တောင်တွင်းချောင်းရွာမှစစ်ကောင်စီတပ်ကိုဒေသခံPDFများတိုက်ခိုက်စစ်သား ၁၀ ဦးခန့်သေ တိုက်ပွဲမှာ ယနေ့ နံနက် ၇ နာရီခွဲအထိပြင်းထန်ခဲ့ပြီးနောက်ခေတ္တရပ်နားထားသော်လည်း အပြန်အလှန်ပစ်ခတ်မှု အချို့ရှိသေးကြောင်းလည်း ၎င်း က ဆက်ပြောသည်။ LuduNwayOoမတ် 23, 2022