Connect with us

Hi, what are you looking for?

News

ကနီမြို့မှ ​စျေးဝယ်ပြန်လာ​သည့် စစ်​ကောင်စီတပ်နှင့် ပျူအဖွဲ့ တိုက်ခိုက်ခံရ

မတ်လ ၂၃ ရက် နှင့် ၂၄ ရက်တို့တွင် မင်းကင်းမြို့နယ်၊တောင်တွင်းချောင်ဒေသ၊ ကျော်ရွာ တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို KLG PDF အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်မှုရှိခဲ့ထားသည်။

ကနီမြို့မှ စျေးဝယ်ပြန်လာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုအချို့ရှိသည်ဟု KLG PDF က ထုတ်ပြန်သည်။

ယနေ့(မတ်လ ၂၅ ရက်) နံနက် ၁၀နာရီခွဲခန့်တွင် အင်အား ၂၀ကျော်ပါသည့် စစ်အုပ်စုကို လက်လုပ်လက်နက်ကြီးများဖြင့် အဓိကထားတိုက်ခိုက်ခဲ့ခြင်းဟု KLG PDF တာဝန်ရှိသူက ဆိုသည်။

“ကနီ မြို့ပေါ်က နေ ခြေလျင်ဆင်းလာတာ။ရေ လည်ကျွန်းမှာက အင်အား ၁၅၀ ဝန်းကျင်ရှိတဲ့ တပ်အထိုင်ရှိတယ်။ကျွန်တော်တို့ လည်း သူတို့ အဖွဲ့တွေ မြို့ပေါ်တက်တယ်ဆိုတာ သတင်းရတာနဲ့ သွားစောင့် တိုက်တာ။အထိအခိုက်က ရှိတယ်။ဘယ်နှယောက်မှန်းမသိသေးလို့ အတည်မပြုသေးတာ”ဟု ၎င်းက ပြောသည်။

Public Service Announcement

ယနေ့ ကြားဖြတ်တိုက်ခိုက်မှုကို မိနစ်ပိုင်းအတွင်း အလျင်အမြန် ဆောင်ရွက်၍ တပ်ဆုတ်ခဲ့ပြီး ရဲဘော်များ ထိခိုက်မှုတစ်စုံတစ်ရာ မရရှိခဲ့ဟုလည်း သိရသည်။

Public Service Announcement

Public Service Announcement

“ကနီမြို့ပေါ်နဲ့ ရေလည်ကျွန်းရွာ က ဆိုင်ကယ်နဲ့ ဆိုရင်တောင် ၁၅ မိနစ် လောက်နဲ့ရောက်နိုင်တယ်။စခ တပ်ကူတွေလည်း အလျင်အမြန် ရောက်နိုင်တာကို။ဒါကြောင့် စစ်ဆင်ရေးကို အောင်အောင်မြင်မြင်နဲ့ အပြီးသတ်နိုင်ခဲ့တယ်လို့ ပြောရမယ်”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

မတ်လ ၂၃ ရက် နှင့် ၂၄ ရက်တို့တွင် မင်းကင်းမြို့နယ်၊တောင်တွင်းချောင်ဒေသ၊ ကျော်ရွာ တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို KLG PDF အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်မှုရှိခဲ့ထားသည်။

ထိုဖြစ်စဥ်များတွင် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံးမှုရှိခဲ့ကြောင်းလည်း ပြည်သူ့တပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကို ထောက်ခံပြီး လက်နက်ကိုင်ဆောင်ထားတဲ့ သင်္ကန်းဝတ်ပျူခေါင်းဆောင်ပေါက်ကိုယ်တော် စစ်ကူတောင်းပေးနေတဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်က ပျူစောထီးအားကောင်းတဲ့ ကုက္ကိုလ်စုကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။