Connect with us

Hi, what are you looking for?

LuduNwayOo

News

ပုလဲမြို့နယ်တွင် ပျူစောထီးသင်တန်းမှပြန်လာသော စစ်ယာဥ်တန်း တိုက်ခိုက်ခံရ

ထိုတိုက်ခိုက်မှုကို ယနေ့နေ့လယ် ၁နာရီခွဲက မင်းတိုင်ပင်ရွာအရှေ့ဘက်၌ ပုလဲပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဌာနချုပ်အဖွဲ့သားများက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင် ပျူစောထီးများကို သင်တန်းပေးပြီး ပြန်လာသောစစ်ကောင်စီတပ်ယာဥ်တန်းကို ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း Pale PDF Headquarters က ယနေ့(မတ် ၂၃) ထုတ်ပြန်သည်။

ယနေ့နံနက် ၆နာရီခန့်တွင် အင်မထီးရွာ ပျူစောထီးသင်တန်းစခန်းသို့ အင်အားဖြည့်ပြီး ပြန်လာသော ယာဥ်၁၁စီးပါ စစ်ယာဥ်တန်းကို ပြောက်ကျားစနစ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုတိုက်ခိုက်မှုကို ယနေ့နေ့လယ် ၁နာရီခွဲက မင်းတိုင်ပင်ရွာအရှေ့ဘက်၌ ပုလဲပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဌာနချုပ်အဖွဲ့သားများက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်သော် လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။