Connect with us

Hi, what are you looking for?

News

ပုလဲမြို့နယ်တွင် ပျူစောထီးသင်တန်းမှပြန်လာသော စစ်ယာဥ်တန်း တိုက်ခိုက်ခံရ

ထိုတိုက်ခိုက်မှုကို ယနေ့နေ့လယ် ၁နာရီခွဲက မင်းတိုင်ပင်ရွာအရှေ့ဘက်၌ ပုလဲပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဌာနချုပ်အဖွဲ့သားများက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင် ပျူစောထီးများကို သင်တန်းပေးပြီး ပြန်လာသောစစ်ကောင်စီတပ်ယာဥ်တန်းကို ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း Pale PDF Headquarters က ယနေ့(မတ် ၂၃) ထုတ်ပြန်သည်။

ယနေ့နံနက် ၆နာရီခန့်တွင် အင်မထီးရွာ ပျူစောထီးသင်တန်းစခန်းသို့ အင်အားဖြည့်ပြီး ပြန်လာသော ယာဥ်၁၁စီးပါ စစ်ယာဥ်တန်းကို ပြောက်ကျားစနစ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုတိုက်ခိုက်မှုကို ယနေ့နေ့လယ် ၁နာရီခွဲက မင်းတိုင်ပင်ရွာအရှေ့ဘက်၌ ပုလဲပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဌာနချုပ်အဖွဲ့သားများက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်သော် လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်တပ်လက်အောက်ခံ ပျူစောထီး(ပြည်သူ့စစ်)တွေဟာ လက်နက်ကိုင် သောင်းကျန်းနေကြောင်း ၎င်းတို့ကို မွေးထုတ်ပေးနေတဲ့ သင်္ဃန်းဝတ်ပေါက်ကိုယ်​တော်ကိုယ်တိုင် ဝန်​ခံလိုက်ပါတယ်။