Connect with us

Hi, what are you looking for?

သတင်း

လက်ခတ်တောင်တိုက်ပွဲ ဆုတ်မိန့်မရဘဲ တပ်ဆုတ်ခဲ့သည့် တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးကို စစ်ကောင်စီအရေးယူဟု KNU ထုတ်ပြန်

အဆိုပါ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းအား ဇူလိုင် ၂၀ရက်နံနက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၂၅နာရီခန့်အကြာတွင် စခန်းသိမ်းပိုက်နိုင်ခဲ့သည်ဟု တိုက်ပွဲ၌ ပါဝင်သည့် ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။

(စစ်ကောင်စီတပ်စခန်းမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ နှင့် KNLA - ကော်ဘရာ စစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - KNU)
(စစ်ကောင်စီတပ်စခန်းမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ နှင့် KNLA - ကော်ဘရာ စစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - KNU)

စစ်ရေးဗျူဟာအရ အချက်အချာကျသော ကရင်ပြည်နယ် မြ၀တီမြို့နယ်ရှိ လက်ခတ်တောင် တာဝါတိုင် စခန်းကုန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)နှင့် ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ တိုက်ပွဲ၌ဆုတ်မိန့်မရဘဲတပ်ဆုတ်ခဲ့သည့် တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးတို့ကို စစ်ကောင်စီက အရေးယူထားသည်ဟု ကရင်အမျိုးသားအစည်းအရုံး(KNU)က ယနေ့ ထုတ်ပြန်သည်။

အဆိုပါ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းအား ဇူလိုင် ၂၀ရက်နံနက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၂၅နာရီခန့်အကြာတွင် စခန်းသိမ်းပိုက်နိုင်ခဲ့သည်ဟု တိုက်ပွဲ၌ ပါဝင်သည့် ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။

ရန်သူထိခိုက် သေဆုံးမှုစာရင်းအား စီစစ်ဆဲဖြစ်ပြီး တိုက်ပွဲအတွင်း ဆုတ်မိန့် မရပဲ တပ်ဆုတ်ခဲ့ သော ခမရ(၂)မှ တပ်ရင်းမှူး အာကာအောင် နှင့် ဒုတပ်ရင်းမှူး ကျော်သူမောင်တို့ နှစ်ဦးအား အာဏာဖီဆန်မှုဖြင့် မွန်ပြည်နယ် ကျိုက်ထိုမြို့ အကျဥ်းထောင်တွင် အပြစ်ပေးထောင်ချခံနေရကြောင်း KNLA – ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောက ဒူးပလာယာခရိုင် သတင်းနှင့်ပြန်ကြားရေး သို့ အတည်ပြုပြောကြားခဲ့သည်ဟု KNU ဗဟို၏ ယနေ့ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ယင်းစခန်းကုန်း၌ အာဏာသိမ်း စစ်ကောင်စီတပ်မှ အင်အား ၆၀ကျော်ရှိသော ခမရ(၂)တပ်ရင်း နှင့် ခမရ(၁၁၈)တပ်ရင်း (၂)ရင်းတပ်စွဲထားခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း ရန်သူဘက်မှ ထိခိုက်သေဆုံးမှု များစွာရှိခဲ့သည်ဟု KNUက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ ဆက်သွယ်ရေး စက် (၁)လုံး၊ (၆၀)မမ ကျည် (၁၆)လုံး၊ ရှေ့ထွက်မိုင်း (၆) လုံး၊ ကားမိုင်း (၉)လုံး၊ Jammer စက် (၂)လုံး၊ မိုင်းရှာစက် (၂)လုံး၊ စက်လက်ပြောင်း (၁) ပြောင်း၊ ကွန်မန်ဒို (၆၀) မမ ပြောင်း (၂)လက်၊ (၄၀) မမ ကျည် (၉) လုံး၊ G3 ကျည်ဘောက် (၄) ခု၊ MA ကျည်ဘောက် (၂) ဘောက်၊ စစ်ခမောက် (၈) လုံး၊ RPG ပို့ယမ်း (၃) တောင့်၊ RPG သီး (၁) လုံး၊ ၇.၆၂ ကျည် (၁၈၈၀) တောင့် နှင့် ၅.၅၆ ကျည် (၃၀၂) တောင့် တို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲ၌ ပူးပေါင်းတပ်ဖွဲ့ဘက်မှ ကျဆုံးမှုမရှိဘဲ ၆ဦး မစိုးရိမ်ရသည့် ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။