Connect with us

Hi, what are you looking for?

သတင်း

လပခတိုက်ခိုက်မှု ဒုတပ်ရင်းမှူးအပါအဝင် ခြောက်ဦးသေဟု ပြောက်ကျားအဖွဲ့ပြော

မန္တလေးမြို့ရှိ စစ်ကောင်စီ၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ) တိုက်ခိုက်မှုအတွင်း ဒုတပ်ရင်းမှူးအပါအဝင် ခြောက်ဦးသေဆုံးကြောင်း ပြောက်ကျားအဖွဲ့ Brave Warriors Myanmar (BWM) အဖွဲ့၏တာဝန်ရှိသူက ပြောသည်။

သတိုး/People’s Spring

မန္တလေးမြို့ရှိ စစ်ကောင်စီ၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ) တိုက်ခိုက်မှုအတွင်း ဒုတပ်ရင်းမှူးအပါအဝင် ခြောက်ဦးသေဆုံးကြောင်း ပြောက်ကျားအဖွဲ့ Brave Warriors Myanmar (BWM) အဖွဲ့၏တာဝန်ရှိသူက ပြောသည်။

လပခကို စက်တင်ဘာ ၂၉ ရက် နံနက် ၂ နာရီခွဲတွင် BWM၏ စီမံမှုဖြင့် Shadow Mandalay အဖွဲ့က ၁၀၇ မမ ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ‌ရှော့တိုက်ဒုန်း ၆ လုံးအနက် လပခအတွင်းသို့ လေးလုံးကျရောက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ ၂ လုံးက ဘားတိုက်ထိပြီးဘားတိုက်မှာ စခ ၆ ဦးသေတယ်။သေတဲ့ ၆ယောက်ထဲမှာ လပခထဲက ဒုတပ်ရင်းမှူးတစ်ယောက်ပါသွားတယ်လို့ သိရတယ်။ ၂၀ ဒဏ်ရာ ရပြီး အဲထဲမှာ ၄ဦးက အရေးပေါ်ဆေးရုံ ပို့ရ။ ဘားတိုက်အဆောက်အဦး ၂လုံး က လုံးဝပျက်စီး သွားတယ်။ ရှော့ဒုန်းအစတွေ စင်လို့ တခြားအဆောက်အအုံလေးလုံး နံရံပွင့်တာအမိုးလန်တာတွေဖြစ်တယ်” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

အခြားရှော့တိုက်ဒုန်း နှစ်လုံးမှာ လပခကွင်းထဲကျပြီး စစ်ဆင်ရေးကားများ ထိခိုက်ပျက်စီးသည်ဟု ၎င်းက ဆိုသည်။

အဆိုပါထိခိုက်မှုများနှင့်ပတ်သက်၍ လူထုနွေဦးအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

BWM သည် မဟာမိတ်များဖြင့် ပူးပေါင်း၍ လပခကို ပြီးခဲ့သည့် နှစ် ဒီဇင်ဘာတွင် တစ်ကြိမ် ၊ စက်တင်ဘာတွင် ၃ ရက်နှင့် ၂၉ ရက်တွင် တစ်ကြိမ်စီ စုစုပေါင်း သုံးကြိမ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာ ၃ ရက်တိုက်ခိုက်မှုတွင်လည်း ဗိုလ်မှူးကြီး အဆင့်တစ်ဦးအပါအဝင် ခုနစ်ဦးသေဆုံးပြီး တရုတ်နိုင်ငံနှင့်ပူးပေါင်းလုပ်ဆောင်နေသည့် ဒရုန်းစင်တာလည်းပျက်စီးခဲ့ကြောင်း BWM ကထုတ်ပြန်ထားသည်။

“ BWM အဖွဲ့သည် ရန်သူစစ်ရှုံးကောင်စီ၏ လေတပ်များအပြင် တော်လှန်ရေးအတွက် သက်ရောက်မှုကြီးမားသည့် အခြား စစ်ရေးပစ်မှတ်ကြီးများကိုလည်း ရှာဖွေဖော်ထုတ် တိုက်ခိုက်လျက်ရှိရာ၊ တိုင်းစစ်ဌာနချုပ်များသည် သက်ဆိုင်ရာဒေသ အလိုက် ရန်သူ့တပ်ရင်းတပ်ဖွဲ့များ၏အမိန့်ပေးစနစ်အတွက် ပင်မစစ်ရေးဗဟိုချက်များဖြစ်နေသောကြောင့် ရန်သူ၏ Chain of Command ကိုဖြတ်တောက်ဖြိုခွဲရန် ရည်ရွယ်၍ ယခုလိုတိုင်းစစ်ဌာနချုပ်များကို ရွေးချယ် တိုက်ခိုက်ရခြင်းဖြစ်သည်။” BWM ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ် ၊လေးကေ့ကော်ဒေသကို တပ်မ(၂၂)၊လက်​အောက်ခံဗျူဟာသုံးဗျူဟာနဲ့ စစ်သားအင်အား ၁၂၀၀ ​ကျော်သုံး စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ဟာ တိုက်ပွဲကာလတစ်လအတွင်းမှာ ဒုတပ်ရင်းမှူးတစ်ဦးအပါအဝင်၁၅၀ခန့်သေဆုံးပြီး ၂၀၀​ ခန့်ဒဏ်ရာရရှိကာအထိနာနေတယ်လို့ ပူးပေါင်းစစ်ဆင်ရေးမှူး ဗိုလ်မှူးသူရစောဒါဘောက လူထုနွေဦးကို ပြောကြားပါတယ်။

သတင်း

ရွှေဘိုမြို့နယ်ကစစ်ကောင်စီတပ်ရဲ့ အရေးပါတဲ့ ပျူစောထီးရွာနဲ့ ဗျူဟာ ကုန်း၃ကုန်းကို တော်လှန်ရေး ပူး ပေါင်းတပ် တွေသိမ်းပိုက်ရာမှာဖမ်းမိတဲ့ ဒုတိယတပ်ရင်းမှူး ဗိုလ်မှူးချမ်းလွင်မောင်ကိုစစ်ရာဇဝတ်မှု ကျူးလွန်ထားတာရှိ၊မရှိစစ်​​ဆေး​နေတယ်လို့ PDF ၉၇၀၆တပ်ရင်း(​ဒေါင်းနီတပ်ဖွဲ့)တပ်ရင်းမှူး ဗိုလင်္ကျာက​ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ ထောက်ကြန့်မြို့နယ် အမှတ် ၃ လမ်းနှင့် အမှတ် ၇ လမ်းထောင့်ရှိ စစ်ကောင်စီ ဘန်ကာကို အဝေးထိန်းမိုင်း နှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိနိုင်ကြောင်း Operation Flame(OF)အဖွဲ့တာဝန်ရှိသူက ပြောသည်။

သတင်း

ရန်ကုန်မြို့၊လှည်းကူးမြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ်(၂၁၁) ခြေမြန်တပ်ရင်း (ခမရ-၂၁၁) ဂိတ်ကင်းစခန်းကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း Yangon Army(YA) အဖွဲ့မှတာဝန်ရှိသူက ပြောသည်။