Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုနယ်တိုက်ပွဲက ဖမ်းဆီးရရှိတဲ့ စစ်သုံ့ပန်းဒုတပ်ရင်းမှူးကို စစ်ရာဇဝတ်မှုကျူးလွန်ထားခြင်းရှိ ၊ မရှိ စစ်​ဆေး​နေ

ရွှေဘိုမြို့နယ်ကစစ်ကောင်စီတပ်ရဲ့ အရေးပါတဲ့ ပျူစောထီးရွာနဲ့ ဗျူဟာ ကုန်း၃ကုန်းကို တော်လှန်ရေး ပူး ပေါင်းတပ် တွေသိမ်းပိုက်ရာမှာဖမ်းမိတဲ့ ဒုတိယတပ်ရင်းမှူး ဗိုလ်မှူးချမ်းလွင်မောင်ကိုစစ်ရာဇဝတ်မှု ကျူးလွန်ထားတာရှိ၊မရှိစစ်​​ဆေး​နေတယ်လို့ PDF ၉၇၀၆တပ်ရင်း(​ဒေါင်းနီတပ်ဖွဲ့)တပ်ရင်းမှူး ဗိုလင်္ကျာက​ပြောပါတယ်။

အလယ်မှ စွပ်ကျယ်ဝတ်ထားသူမှာ စစ်သုံ့ပန်းဒုတိယတပ်ရင်းမှူး ဗိုလ်မှူးချမ်းလွင်မောင်ဖြစ်ပါတယ်။ ဓါတ်ပုံ-​ရွှေဘိုခရိုင် တပ်ရင်း-၁၅

ဇူလိုင်-၁၀၊၂၀၂၅။မေ/People Spring

ရွှေဘိုမြို့နယ်ကစစ်ကောင်စီတပ်ရဲ့ အရေးပါတဲ့ ပျူစောထီးရွာနဲ့ ဗျူဟာ ကုန်း၃ကုန်းကို တော်လှန်ရေး ပူး ပေါင်းတပ် တွေသိမ်းပိုက်ရာမှာဖမ်းမိတဲ့ ဒုတိယတပ်ရင်းမှူး ဗိုလ်မှူးချမ်းလွင်မောင်ကိုစစ်ရာဇဝတ်မှု ကျူးလွန်ထားတာရှိ၊မရှိစစ်​​ဆေး​နေတယ်လို့ PDF ၉၇၀၆တပ်ရင်း(​ဒေါင်းနီတပ်ဖွဲ့)တပ်ရင်းမှူး ဗိုလင်္ကျာက​ပြောပါတယ်။

PDF နဲ့ ပကဖ တပ်​ပေါင်းစုက ထိုးစစ်ဆင်ပြီး သိမ်းပိုက်ခဲ့တဲ့ ဟင်္သာကြီးပျူ​စောထီးရွာစခန်းကုန်းနဲ့ ဗျူဟာကုန်း၃ခုမှာ စစ်သားနဲ့ ဗျူစောထီး စုစုပေါင်း အင်အား၁၀၀လောက် ဖြန့်ကျက်တပ်စွဲထားတာလို့သိရပါတယ် ။အဲဒီ​နေရာ​တွေမှာ မိုင်းအလုံး ၄၀၀ လောက် နဲ့ ကာထားတယ်လို့ သိရပါတယ်။

“အခုလောလောဆယ် ကျွန်တော်တို့ တောက်​လျှောက်‌လည်း မိုင်းရှင်းလင်း ရေး တွေလုပ် နေတယ်။ပြည်သူ တွေလည်းထိခိုက်မှုနည်း အောင် စစ်ဆင် ရေးနယ် မြေအဖြစ်ကန့်ပြီး ရှင်းလင်း ရေး တွေ တောက် လျှောက်လုပ်နေ တယ်”လို့ဗိုလင်္ကျာက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒီစစ်ဆင်​ရေးကိုရွှေဘိုခရိုင်တပ်ရင်း၁၅၊တပ်ရင်း ၁၈ ၊တပ်ရင်း၂၃၊တပ်ရင်း၂၆၊တပ်ရင်း ၁၇၀၁၊တပ်ရင်း ၉၇၀၆၊Brave Brother (ဒေသခံကာကွယ် ရေးတပ်)၊ ရွှေဘိုကျားကြီး(ပကဖ)အဖွဲ့တို့ ပူး ပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

​တော်လှန်​ရေးတပ်ဖွဲ့​တွေက ဇူလိုင်လ၄ရက်၊မနက်အစောပိုင်းမှာ ဟင်္သာကြီးပျူရွာစခန်းကုန်း၊ဘိုးနတ်တောင် ဗျူဟာစခန်းကုန်းနဲ့ တောင်လှဗျူဟာ စခန်းကုန်းတို့ကို တပြိုင်ထဲ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာလို့ တိုက်ပွဲမှာပါဝင်တဲ့ ရဲဘော်တဦးက ‌​ပြောပါတယ်။

စစ်တပ်က ကာမိုင်းအများအပြားတပ်ဆင်ထားပြီး တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့သလို လေကြောင်းကပါလာ​​ရောက်ပစ်ခတ်ခုခံခဲ့တယ်လို့သိရပါတယ်။ အဲဒီ​နေ့ ​နေ့လည်ခင်းအထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး နေ့ခင်း၂နာရီခွဲခန့်မှာ ဟင်္သာကြီးပျူရွာစခန်းကုန်းနဲ့ရွာကို ရရှိခဲ့တယ်လို့သိရပါတယ်။အဲဒီရွာကို ဦးဆောင်ပြီးစစ်စခန်းလုပ်ထားတဲ့ စစ်​ကောင်စီတပ်က ဒုတပ်ရင်းမှူး ဗိုလ်မှူးချမ်းလွင်မောင်ကိုပါ ဖမ်းဆီးမိခဲ့တယ်လို့သိရပါတယ်။

“လေယာဉ်လည်းလာတယ်။စကစက တော်တော်ကို ကောင်တာပြန်ပစ်တယ်ဗျ။ကျွန်တော်တို့ရဘော်တွေလည်း ကာမိုင်းမိတဲ့သူတွေရှိတယ်”လို့ ‌ပါဝင်တိုက်ခိုက်ခဲ့တဲ့ ရဲဘော်တဦးကပြောပါတယ်။

ညနေ၃နာရီ လောက်မှာစစ်ကောင်စီတပ်က G1ဦး ဆောင်ထားတဲ့ ဘိုးနတ် တောင်စခန်းကို ထပ်မံ သိမ်းယူနိုင်ခဲ့တယ်လို့သိရပါတယ်။ဒီစခန်းက G1နဲ့ အဖွဲ့ဟာ တောင်လှဗျူဟာ ကုန်းကိုထပ်မံထွက် ပြေးတာမို့ ဆက်လက်ထိုးစစ်ဆင်ခဲ့ကြပြီး ဇူလိုင် ၅ ရက် နေ့မှာ​တော့ တောင်လှဗျူဟာကုန်းကိုပါသိမ်းပိုက် ရရှိခဲ့တာလို့သိရပါတယ်။

ဒါအပြင် ဇူလိုင်လ ၇ ရက်နေ့မှာတော့ ဘိုးထွန်းကျော် ဗျူဟာကုန်းကို ထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။

တိုက်ပွဲမှာဖမ်းမိရမိတဲ့ဒုတပ်ရင်းမှူးကိုစစ်ရာဇဝတ်မှု ကျူးလွန်ထားခြင်းရှိမရှိစစ်ဆေးနေသလို လက်နက်ခဲယမ်း သိမ်းဆည်းရမိတာ တွေကိုလည်း စိစစ်နေဆဲ ဖြစ်တယ်လို့သိရပါတယ်။

တိုက်ပွဲအတွင်းမှာစစ်​ကောင်စီတပ်ဘက်ကရုပ်အလောင်း ၉ လောင်းရရှိခဲ့သလို ဒါဏ်ရာရရှိသူ ခန့်မှန်း ၈ ဦးခန့် ရှိတယ်လို့ရွှေဘိုခရိုင်တပ်ရင်း(၁၅)ကဗိုလ်ကောက်ရိုးကလည်း ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးရဲဘော်တွေက အားပေးသလို နှိပ်စက်တာမရှိ၊ တန်းတူစားရဟု ပြော

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးတပ်ဖြစ်တဲ့ PDF ဇိုလဲန်းတပ်ဖွဲ့က ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း ၈၀ ဦးခန့် ထွက်ပြေးသွားရာ ထက်ဝက်ခန့်က စစ်တပ်ထံ ပြန်လည်ရောက်ရှိသွားပြီး ၂၀ဦးခန့်ကို ပြန်ဖမ်းမိထားကြောင်း ချင်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။