Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဘုရာသုံးဆူ စစ်ကောင်စီတပ် ဒုတပ်ရင်းမှူးတစ်ဦး ပစ်သတ်ခံရ

ဘုရားသုံးဆူမြို့ရှိ အလှပြင်ဆိုင်တစ်ခုအတွင်း ရောက်ရှိနေသော စစ်ကောင်စီလက်အောက်ခံ ခလရ(၉၇)တပ် ဒုတပ်ရင်းမှူး အေးချမ်းအား နဂါးနီးစစ်ကြောင်းကပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားကြောင်းသိရသည်။

ဘုရာသုံးဆူ စစ်ကောင်စီတပ် ဒုတပ်ရင်းမှူးတစ်ဦး ပစ်သတ်ခံရ
ဘုရာသုံးဆူ စစ်ကောင်စီတပ် ဒုတပ်ရင်းမှူးတစ်ဦး ပစ်သတ်ခံရ

ထိုင်း-မြန်မာနယ်စပ်မြို့တစ်မြို့ဖြစ်သည့် ဘုရားသုံးဆူမြို့ပေါ်ရှိ စစ်ကောင်စီတပ် ဗိုလ်မှူးတစ်ဦးကို ပစ်ခတ်ခဲ့ကြောင်း နဂါးနီစစ်ကြောင်းတော်လှန်ရေးအဖွဲ့ကထုတ်ပြန်သည်။

ဘုရားသုံးဆူမြို့ရှိ အလှပြင်ဆိုင်တစ်ခုအတွင်း ရောက်ရှိနေသော စစ်ကောင်စီလက်အောက်ခံ ခလရ(၉၇)တပ် ဒုတပ်ရင်းမှူး အေးချမ်းအား နဂါးနီးစစ်ကြောင်းကပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားကြောင်းသိရသည်။

နိုဝင်ဘာလ(၂၃)ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သေဆုံးသွားခဲ့သည့် ဗိုလ်မှူးအေးချမ်းသည် ကော့ကရိတ်မြို့အခြေစိုက် ခလရ(၉၇)တပ်ရင်းမှဖြစ်ပြီး ဘုရားသုံးဆူဒေသသို့ တာဝန်ဖြင့် ရောက်ရှိလာသူတစ်ဦး ဖြစ်သည်ဟု နဂါးနီစစ်ကြောင်းက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

“(ဘုရားသုံးဆူကိုရောက်တာ) ခန့်မှန်းခြေ ၆ လ လောက်ရှိပြီဗျ” ဟု နဂါးနီစစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဘုရားသုံးဆူမြို့၏ နယ်စပ်ချက်ပွိုင့်ဂိတ်တွင် အများပြည်သူမော်တော်ယာဉ်များ အဆမတန် ဆက်ကြေးကောက်ခံနေခြင်း၊ မြို့တွင်းပေါ်၌ အများပြည်သူ စိတ်အနှောင့်အယှက်ဖြစ်စေရန် ခြိမ်းခြောက်ခြင်းများ၊ တော်လှန်ပြည်သူများအား လိုက်လံဖမ်းဆီးခြင်းများ ပြုလုပ်ရန် အားထုတ်လျက်ရှိသူတစ်ဦးလည်းဖြစ်ဟု ရေးသားထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ နဂါးနီစစ်ကြောင်းသို့မေးမြန်းရာတွင် “ကျွန်တော်တို့ ဒီထုတ်ပြန်ထားတဲ့အတိုင်းပါပဲ။ ကျန်တဲ့ဟာတော့ ကျွန်တော်တို့ ဒါသေချာတော့ ပြောပြလို့တော့ မရဘူး” ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။

သတင်း

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးခစိုးမင်းထက် မဲ​ဆောက်​ဆေးရုံ၌ ​ဆေးကူသမှု ခံယူ​နေရင်း သေဆုံးကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားနေကြသည်ကို တွေ့ရသည်။