Connect with us

Hi, what are you looking for?

သတင်း

ဘုရာသုံးဆူ စစ်ကောင်စီတပ် ဒုတပ်ရင်းမှူးတစ်ဦး ပစ်သတ်ခံရ

ဘုရားသုံးဆူမြို့ရှိ အလှပြင်ဆိုင်တစ်ခုအတွင်း ရောက်ရှိနေသော စစ်ကောင်စီလက်အောက်ခံ ခလရ(၉၇)တပ် ဒုတပ်ရင်းမှူး အေးချမ်းအား နဂါးနီးစစ်ကြောင်းကပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားကြောင်းသိရသည်။

ဘုရာသုံးဆူ စစ်ကောင်စီတပ် ဒုတပ်ရင်းမှူးတစ်ဦး ပစ်သတ်ခံရ
ဘုရာသုံးဆူ စစ်ကောင်စီတပ် ဒုတပ်ရင်းမှူးတစ်ဦး ပစ်သတ်ခံရ

ထိုင်း-မြန်မာနယ်စပ်မြို့တစ်မြို့ဖြစ်သည့် ဘုရားသုံးဆူမြို့ပေါ်ရှိ စစ်ကောင်စီတပ် ဗိုလ်မှူးတစ်ဦးကို ပစ်ခတ်ခဲ့ကြောင်း နဂါးနီစစ်ကြောင်းတော်လှန်ရေးအဖွဲ့ကထုတ်ပြန်သည်။

ဘုရားသုံးဆူမြို့ရှိ အလှပြင်ဆိုင်တစ်ခုအတွင်း ရောက်ရှိနေသော စစ်ကောင်စီလက်အောက်ခံ ခလရ(၉၇)တပ် ဒုတပ်ရင်းမှူး အေးချမ်းအား နဂါးနီးစစ်ကြောင်းကပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားကြောင်းသိရသည်။

နိုဝင်ဘာလ(၂၃)ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သေဆုံးသွားခဲ့သည့် ဗိုလ်မှူးအေးချမ်းသည် ကော့ကရိတ်မြို့အခြေစိုက် ခလရ(၉၇)တပ်ရင်းမှဖြစ်ပြီး ဘုရားသုံးဆူဒေသသို့ တာဝန်ဖြင့် ရောက်ရှိလာသူတစ်ဦး ဖြစ်သည်ဟု နဂါးနီစစ်ကြောင်းက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

“(ဘုရားသုံးဆူကိုရောက်တာ) ခန့်မှန်းခြေ ၆ လ လောက်ရှိပြီဗျ” ဟု နဂါးနီစစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဘုရားသုံးဆူမြို့၏ နယ်စပ်ချက်ပွိုင့်ဂိတ်တွင် အများပြည်သူမော်တော်ယာဉ်များ အဆမတန် ဆက်ကြေးကောက်ခံနေခြင်း၊ မြို့တွင်းပေါ်၌ အများပြည်သူ စိတ်အနှောင့်အယှက်ဖြစ်စေရန် ခြိမ်းခြောက်ခြင်းများ၊ တော်လှန်ပြည်သူများအား လိုက်လံဖမ်းဆီးခြင်းများ ပြုလုပ်ရန် အားထုတ်လျက်ရှိသူတစ်ဦးလည်းဖြစ်ဟု ရေးသားထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ နဂါးနီစစ်ကြောင်းသို့မေးမြန်းရာတွင် “ကျွန်တော်တို့ ဒီထုတ်ပြန်ထားတဲ့အတိုင်းပါပဲ။ ကျန်တဲ့ဟာတော့ ကျွန်တော်တို့ ဒါသေချာတော့ ပြောပြလို့တော့ မရဘူး” ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။