Connect with us

Hi, what are you looking for?

သတင်း

မြို့နယ် ၄ခုတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှူးအပါအဝင် သေဆုံးထိခိုက်မှုများဟု နေပြည်တော်PDF ထုတ်ပြန်

ပျဉ်းမနား၊သံတောင်ကြီး၊ ရေနီနှင့် ရေတာရှည်မြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က သေသုံးထိခိုက်မှုများပြားခဲ့ပြီး ဒုတပ်ရင်းမှူးအဆင့် အရာရှိ အချို့လည်းသေဆုံးခဲ့ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန နေပြည်တော်တိုင်းစစ်ဌာနက ယနေ့(ဧပြီ ၁၃ရက်) ထုတ်ပြန်သည်။

နေပြည်တော် PDFမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Nay Pyi Taw PDF

ဧပြီ ၁၃၊၂၀၂၅။ဟန်နွေ/People’s Spring

ပျဉ်းမနား၊သံတောင်ကြီး၊ ရေနီနှင့် ရေတာရှည်မြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က သေသုံးထိခိုက်မှုများပြားခဲ့ပြီး ဒုတပ်ရင်းမှူးအဆင့် အရာရှိ အချို့လည်းသေဆုံးခဲ့ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန နေပြည်တော်တိုင်းစစ်ဌာနက ယနေ့(ဧပြီ ၁၃ရက်) ထုတ်ပြန်သည်။

ပြီးခဲ့သည့် တစ်လအတွင်း စစ်ရေးအခြေအနေများ အသိပေးထုတ်ပြန်ခဲ့ရာ စစ်ကောင်စီတပ်က အပစ်ရပ်ပြီးနောက် စစ်ရေးလှုပ်ရှားမှု အခြေအနေများကိုလည်း ဖော်ပြခဲ့သည်။

နေပြည်တော်မှ စေလွှတ်၍ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ ပြီးခဲ့သည့် တစ်လကျော်အတွင်း ပြင်းထန်သည့်တိုက်ပွဲ ၆ကြိမ်ရှိခဲ့ကြောင်း အသိပေးသည်။ ယင်းတိုက်ပွဲများအပါအဝင် တိုက်ပွဲကြီး၊ငယ် ဖြစ်ပွားမှု ၁လကျော်အတွင်း စစ်ကောင်စီတပ်မှ ၆၂ဦး သေဆုံးကာ ၁၀၀ကျော် ဒဏ်ရာရခဲ့ဟု နေပြည်တော် PDFက ထုတ်ပြန်သည်။သို့သော် စစ်ကောင်စီတပ်သားများ သေဆုံးထိခိုက် အခြေအနေများကို လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

Public Service Announcement

Public Service Announcement

ထို့အပြင် ရန်သူ့ထံမှ လက်နက်အချို့နှင့် ခဲယမ်းများသိမ်းဆည်းရမိကာ ရန်သူစစ်ကောင်စီတပ်သား သုံးဦး လက်နက်(၂)လက်၊ ခဲယမ်းအချို့ဖြင့် အလင်းဝင် လာခဲ့ဟု အသိပေးသည်။

တိုက်ပွဲများအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှလည်း ရဲဘော်အချို့ ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

ယခုအချိန်တွင် ရန်သူစစ်ကောင်စီမှ အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ထားသော်လည်း မြေပြင်တွင်မူ စစ်ကြောင်းများ အင်အားဖြည့်တင်းခြင်း၊ မြေပြင်စစ်ကြောင်းထိုး တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ဒရုန်းများဖြင့်ဗုံးကျဲခြင်း၊ လေယာဉ်များဖြင့်ဗုံးကြဲခြင်းတို့အား နေ့စဉ်နှင့်အမျှ အမြဲမပျက် လုပ်ဆောင်လျက် ရှိကြောင်း နေပြည်တော် PDFက သတင်းထုတ်ပြန်ခဲ့ပြီး အများပြည်သူများအနေဖြင့် ရန်သူ့လေကြောင်းတိုက်ခိုက်မှုရန်မှု ကြိုတင်ကာကွယ် ရှောင်ရှားကြရန် အသိပေးထားသည်။

စစ်ရေးအခြေအနေအသေးစိတ်ဖြစ်စဉ်များကို ဖော်ပြခဲ့ရာ နေပြည်တော် PDF နှင့် မဟာမိတ်ပူးပေါင်းတပ်များက ပြီးခဲ့သည့် တစ်လကျော်အတွင်း စစ်ကောင်စီတပ်နှင့်ထိတွေ့ တိုက်ပွဲဖြစ်ပွားမှုများကို အသိပေးသည်။

အဆိုပါ တိုက်ပွဲများအနက် ပူးပေါင်းတပ်များက သံတောင်ကြီးမြို့နယ်၊ ရှမ်းလယ်ပြင် စစ်ကောင်စီ တပ်စခန်းကို ပိတ်ဆို့လျက်ရှိရာ ဖေဖော်ဝါရီ ၇ရက်တွင် ကျေးကတော စစ်ကောင်စီတပ်စခန်းမှ ရှမ်းလယ်ပြင် တပ်စခန်းသို့ စစ်ကူစေလွှတ်သော စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ဟု ဆိုသည်။

အင်အား ၃၀ကျော်ပါအဆိုပါ စစ်ကူစစ်ကြောင်းအား နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်း(၈၀၆)၊ KNLA တပ်မဟာ(၂) အထူးတပ်ရင်း KNDO တပ်ခွဲ(၄) တို့ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ခလရ(၂၉) ဒုတပ်ရင်းမှူး သိန်းသန်းနှင့် (၁၅)ဦး သေဆုံးခဲ့ပြီး လက်နက်ငယ်အချို့နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

မတ်လ ၁ရက်က နေပြည်တော် ပျဉ်းမနားမြို့နယ် တောင်မြင့်ရွာမကျေးရွာသို့ စစ်ကြောင်းထိုးလာသော ရန်သူစစ်ကောင်စီတပ်ကို ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့ဟု ဆိုသည်။

မတ်လ ၂၃ ရက်ကလည်း နေပြည်တော်မှ စေလွှတ်သော စစ်ကောင်စီ၏ တပ်မ(၈၈) လက်အောက်ခံတပ် အင်အား ၃၀၀ခန့်သည် အင်အား ၁၀၀ပါ စစ်ကြောင်း (၃)ကြောင်းဖြန့်ကာ ရေနီမြို့နယ်၊ မိအိကလေး ကျေးရွာအနီးသို့ ဝင်ရောက်လာခဲ့ရာ တော်လှန်ရေး ပူးပေါင်းတပ်က ခုခံခဲ့ဟု ဖော်ပြသည်။

မတ်လ ၂၄ရက်တွင်လည်း ရေတာရှည်မြို့နယ်၊ ဘောဓိကုန်း ကျေးရွာအနီးတွင် စစ်ကောင်စီ၏ အင်အား ၃၀၀ခန့်သည် အင်အား ၁၀၀ပါ စစ်ကြောင်း (၃)ကြောင်းဖြန့်ကာ ရှေ့တိုးလာ၍ တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီက လေကြောင်းမှ ပစ်ကူပေး တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ပွဲဖြစ်စဉ်တွင် စစ်ကောင်စီက ဗုံးကြဲချိန်သည် တောင်ယာမီးခိုးများ ထူပြောနေ၍ စစ်ကောင်စီတပ်များအပေါ် မှားယွင်း ဗုံးကြဲတိုက်ခိုက်မှု ဖြစ်ခဲ့ဟုလည်း အသိပေးသည်။

မတ်လ ၃၀ရက်ကလည်း သံတောင်မြောက်ပိုင်း မြောက်နန်းချိုကျေးရွာအနီး စစ်ကြောင်းထိုးလာသည့် အင်အား ၈၀၀ခန့်ပါ စစ်ကောင်စီတပ် နှင့် တော်လှန်ရေး ပူးပေါင်းတပ်အကြား တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ထုတ်ပြန်သည်။

ဧပြီ ၂ရက်ကလည်း သံတောင်မြောက်ပိုင်း သံတောင်မြောက်ပိုင်း ရွာတန်းရှည်ကျေးရွာမှ မြောက်နန်းချိုကျေးရွာသို့ စစ်ကြောင်း ထိုးလာသော ရန်သူစစ်ကောင်စီတပ်နှင့် ပူးပေါင်းတပ်များ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ် အထိနာပြီး နောက်ပြန်ဆုတ်သွားခဲ့ဟု ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့အနီးက ကံကြီးကျေးရွာကိုရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ တအာင်းတပ်မတော်(TNLA)ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ပြန်လည်ဆုတ်ခွာသွားရတယ်လို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းဒေသနှင့် နမ့်တိန်ဒေသတို့၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ဆက်ရှိခဲ့ဟု ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်အနေဖြင့် ကရင်အမျိုးသားအစည်းအရုံး(KNU) နယ်မြေအပါအဝင် နိုင်ငံတဝန်း၌ စစ်ရေးအရရှုံးနိမ့်မှုများ ကြုံနေရ၍ ပြည်သူကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ ကျူးလွန်နေကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)တာဝန်ရှိသူက ပြောကြားသည်။

သတင်း

ကျောက်ကြီးတွင်လည်း စစ်ကောင်စီလက်နက်ကြီးကြောင့် အမျိုးသမီး ၂ဦးသေ