Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ်သားများ ထွက်ပြေးမှု များနေပြီး ၅လအတွင်း ဒုရင်းမှူးအဆင့် အပါအဝင် ၅၀၀ကျော်ရှိဟု NUG ဝန်ကြီးချုပ်ပြော

ဘက်ပေါင်းစုံက ပြိုလဲနေသည့် စစ်ကောင်စီအနေဖြင့် လက်ရှိတွင် Non CDM ဝန်ထမ်းများကို စစ်တပ်၏ အရန်အင်အားအဖြစ် တပ်ရင်းအသွင်ဖွဲ့စည်းတာဝန်ပေးရန် ညွှန်ကြားရသည်အထိ ပြိုလဲနေပြီဖြစ်သည်ဟု ပြောသည်။

(စစ်တပ်အာဏာသိမ်းမှုအပေါ် ကန့်ကွက်ဆန္ဒပြနေသည်ကို ၂၀၂၁ဖေဖော်ဝါရီ ၁၉ရက်က ရန်ကုန်မြို့၌ တွေ့ရစဉ်။ ဓာတ်ပုံ - PS)
(စစ်တပ်အာဏာသိမ်းမှုအပေါ် ကန့်ကွက်ဆန္ဒပြနေသည်ကို ၂၀၂၁ဖေဖော်ဝါရီ ၁၉ရက်က ရန်ကုန်မြို့၌ တွေ့ရစဉ်။ ဓာတ်ပုံ - PS)

စစ်ကောင်စီတပ်အနေဖြင့် တိုက်ပွဲများ၌ ထိခိုက်သေဆုံးမှုများပြားနေရုံသာမက ထွက်ပြေးမှုများလည်းရှိရာ ပြီးခဲ့သည့် ၅လအတွင်း ဗိုလ်မှူး အဆင့် အရာရှိ အပါအဝင် စစ်ကောင်စီတပ်သား ၅၀၀ ဦးကျော် စစ်ကောင်စီကို စွန့်ခွာထွက်ပြေးလာသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ယမန်နေ့က ကျင်းပသော အစိုးရ အဖွဲ့အစည်းအဝေး၌ ပြောကြားသည်။

ဘက်ပေါင်းစုံက ပြိုလဲနေသည့် စစ်ကောင်စီအနေဖြင့် လက်ရှိတွင် Non CDM ဝန်ထမ်းများကို စစ်တပ်၏ အရန်အင်အားအဖြစ် တပ်ရင်းအသွင်ဖွဲ့စည်းတာဝန်ပေးရန် ညွှန်ကြားရသည်အထိ ပြိုလဲနေပြီဖြစ်သည်ဟု ပြောသည်။

“အကြမ်းဖက် စစ်ကောင်စီလက်အောက်မှာ ဆက်လက် တာဝန် မထမ်းဆောင်လိုတော့လို့ ထွက်ပြေးလာကြတဲ့ တပ်မတော်သား တွေလည်း ဩဂုတ်တစ်လတည်းမှာကို ၅၀ ကျော်ရှိပြီး ဧပြီလကနေ ဇူလိုင်လအထိ ၄ လ အတွင်းမှာဆိုရင် စာရင်းအရ ဒုရင်းမှူးအဆင့် ဗိုလ်မှူးတစ်ဦးအပါအဝင် ခန့်မှန်း ၅၀၀ နီးပါးရှိတယ်လို့ သိရပါတယ်။ ဒါဟာ ကျွန်တော်တို့ကို ချိတ်ဆက်လာတဲ့ အရေအတွက်ပဲ ဖြစ်ပြီး မချိတ်လာကြသေးတာလည်း ရှိနေနိုင်တာ ဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

အသိပေးလိုသည်မှာ နွေဦးတော်လှန်ရေးသည် ပြည်သူ့အင်အားနှင့် ရုန်းကန်တိုက်ပွဲဝင်လာခဲ့ရာ လက်ရှိတွင် အောင်မြင်မှု ပန်းတိုင်နီးနေပြီဟု ဝန်ကြီးချုပ်က ပြောသည်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်ဆွေကလည်း စစ်ကောင်စီတပ်အနေဖြင့် အင်အားပြုန်းတီးမှု အလွန်များပြားနေကြောင်း၊ တိုက်ပွဲ၌ သေဆုံးဒဏ်ရာရသူများပြားသကဲ့သို့ ထွက်ပြေးသူများလည်း များပြားကြောင်း ပြောကြားထားသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကလည်း စစ်ကောင်စီတပ်သားများ အနေဖြင့်လက်ရှိ အချိန်ထိ ပြည်သူလူထု ဘက်သို့ ပူးပေါင်းလာနိုင်ကြောင်း အသိပေးထား‌သည်။ သို့ရာတွင် အချိန်များစွာ မရှိတော့ဟုလည်း သတိပေးသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။