News မုံရွာ-မန္တလေးလမ်းတွင် ပြည်သူများအား ငွေညှစ်တောင်းခံနေသည့် မအူဂိတ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားအချို့ သေဆုံး ယနေ့(မတ်လ ၂၄ ရက်) နံနက် ၂ နာရီခန့်က မုံရွာ- မန္တလေးလမ်းပေါ်ရှိ မအူဂိတ်တွင် ငွေညှစ် အကြမ်းဖက်နေသော စစ်အုပ်စုကို မုံရွာပူးပေါင်းတပ်ဖွဲ့များမှ ဝင်တိုက်ပြီးအကြမ်းဖက်စစ်သား လေးဦးထက်မနည်း သေဆုံးကြောင်း Monywa The Boys အဖွဲ့က သတင်းထုတ်ပြန်သည်။ LuduNwayOoမတ် 23, 2022
News လက်နက်ခဲယမ်းအတွက် ပြည်သူများကူညီပေးရန်ကလေး PDFမေတ္တာရပ်ခံ "ကျွန်မတို့ကတော့ လူငယ်တွေကို ယုံကြည်တယ်။ ကျွန်မတို့ ပြေးရင်းလွှားရင်းကနေ တတ်နိုင်သလောက် ထောက်ပံ့နေတယ်။ ပြည်မဘက်ကနေလည်း ဒီထက် ပိုထောက်ပံ့ပေးနိုင်ရင် ကောင်းမယ်။ ဒီတော်လှန်ရေး အမြန် ပြီးချင်ပြီ"ဟု ကလေးမြို့ခံတစ်ဦးကလည်းပြောသည်။ LuduNwayOoမတ် 22, 2022
News မင်းတပ်မြို့မှ ပြည်သူများ မနက်ဖြန် မနက် ၅နာရီမှ ညနေ ၅နာရီအထိ့အပြင်မထွက်ရန် CDFမင်းတပ် ထုတ်ပြန် လိုက်နာမူမရှိသောကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများအပေါ် တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်းလည်းပါရှိသည်။ LuduNwayOoမတ် 18, 2022
News မြောက်ခင်ရန်းရွာသားများ အကူအညီတောင်း၍ ပြည်သူ ၄၀၀ခန့်ကို ဘေးလွတ်ရာပို့ဆောင်ခဲ့ဟု ဂန့်ဂေါ PDF ပြော ထိတွေ့မှုအတွင်း ပြည်သူတို့၏ လုံခြုံရေးကိုအဓိကထားကာကွယ်ပေးခဲ့ပြီး ဖိနှိပ်ခံနေရသည့် ဒေသခံပြည်သူ ၄၀၀ခန့်ကို ဘေးလွတ်ရာသို့ ပို့ဆောင်နိုင်ခဲ့ကြောင်း၊ ထိတွေ့မှု ဖြစ်ရာသို့ ဟံသာဝတီရွာမှ စစ်ကောင်စီ၏ တပ်၊ ရဲနှင့် ပျူစောထီးများက စစ်ကူလာရောက်၍ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ LuduNwayOoမတ် 18, 2022
News KNUက စစ်ကောင်စီ၏ စစ်ဘက်၊ အရပ်ဘက် ဝန်ထမ်းများနှုတ်ထွက်ပြီး ပြည်သူနှင့်အတူရပ်တည်ရန် ကြေညာချက်အပေါ် စစ်ကောင်စီ ကန့်ကွက်စာပို့ KNU အနေဖြင့် လက်ရှိအခြေအနေတွင် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များအပါအဝင် စစ်အာဏာရှင် ပြုတ်ကျရေး ဆောင်ရွက်နေသည့်အဖွဲ့များနှင့် ပူးပေါင်းဆောင် ရွက်နေသည့် အချိန်ဖြစ်ကြောင်း KNU ဗဟိုမှ သတင်းရင်းမြစ်က ပြောသည်။ LuduNwayOoမတ် 18, 2022
News အမေရိကန်ထောက်ပံ့မည့် ဒေါ်လာ ၁၃၆ သန်းကျော်ကို လက်တွေ့ဒုက္ခရောက်နေသည့်ပြည်သူများအတွက် ဦးစားပေးအသုံးပြုရန် NUG လျာထား လက်ရှိအချိန်အထိ ကာကွယ်ရေးအသုံးစရိတ်အတွက် ပြည်တွင်း၊ ပြည်ပမှ ပြည်သူလူထု၏ အား ပေးကူညီသော ငွေများဖြင့် အသုံးပြုနေပြီး သတ်မှတ်ချက်မပါသော၊ နှောင်ကြိုးမပါသော အကူအညီအများစုသည် ကာကွယ်ရေးအတွက် အသုံးပြုနေကြောင်း အထက်ပါ NUG ဝန်ကြီးက ရှင်းလင်းသည်။ LuduNwayOoမတ် 16, 2022
News ဟိုပင်မြို့လက်ဖက်ရည်ဆိုင်တွင်ရဟန်းပြည်သူရှစ်ဦးကိုသေနတ်ဖြင့်ပစ်သတ်ခဲ့သောအဖွဲ့မှပျူခေါင်းဆောင်ကို PDF သုတ်သင် ဟိုပင်မြို့တွင် ပျူစောထီးခေါင်းဆောင်အဖြစ်နာမည်ကြီးပြီး စစ်တပ်ကျောထောက်နောက်ခံရှိနေ၍ မြို့ခံများက သတိထားရှောင်ကြဉ်နေရသည့် အောင်မျိုးသန့်ဆိုသူကို ယနေ့(မတ် ၁၆ရက်)တွင် သုတ်သင်ရှင်းလင်းလိုက်ခြင်းဖြစ်သည်။ LuduNwayOoမတ် 16, 2022
News ပြည်သူများအနေဖြင့် NUG အစိုးရ ဘဏ္ဍာငွေရှာဖွေရေးလုပ်ငန်းစဉ်များတွင် အင်တိုက်အားတိုက်ပါဝင်ကြရန် ဖယ်ခုံ PDF တိုက်တွန်း ဖယ်ခုံ PDF သည် NUG အစိုးရဦးဆောင်သော စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေးနှင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်ရေးလုပ်ငန်းတွင် အုတ်တစ်ချပ် သဲတစ်ပွင့်အနေဖြင့် ပူးပေါင်း ချိတ်ဆက်ဆောင်ရွက်လျက်ရှိနေကြောင်းလည်း အသိပေးသည်။ LuduNwayOoမတ် 15, 2022
News လွိုင်ကော် – ဒီးမော့ဆို လမ်းအား အကန့်အသတ်မရှိ ပိတ်ထားကြောင်း ပြည်သူများအား အသိပေး ဒီးမော့ဆိုမြို့နယ်ရှိ ကျေးရွာများတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံတော်လှန်ရေးတပ် ပူးပေါင်း အဖွဲ့အကြား တိုက်ပွဲများ ပြင်းထန်နေသည်။ LuduNwayOoမတ် 13, 2022
News ဖယောင်းတိုင်ထွန်းသပိတ်နှင့် ပျက်တိုင်းဆဲကမ်ပိန်းများတွင် ပြည်သူများပါဝင်ရန် ရန်ကုန်လူထုသပိတ်နှိုးဆော် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်တွင် ကျောက်ပန်းတောင်းမြို့နေ ကိုအောင်အောင်က မိမိကိုယ်ကိုမီးရှို့ကာ ၂၀၀၁/၂၀၀၂ အမှောင်ခေတ်များသို့ ပြန်မသွားရန် နှင့် တော်လှန်ရေးတရပ် ပြန်လည်နိုးကြားလာစေရန် တပ်လှန့်နှိုးဆော်မှုပြုလုပ်ခဲ့သည်။ LuduNwayOoမတ် 12, 2022