Connect with us

Hi, what are you looking for?

News

ဖယောင်းတိုင်ထွန်းသပိတ်နှင့် ပျက်တိုင်းဆဲကမ်ပိန်းများတွင် ပြည်သူများပါဝင်ရန် ရန်ကုန်လူထုသပိတ်နှိုးဆော်

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်တွင် ကျောက်ပန်းတောင်းမြို့နေ ကိုအောင်အောင်က မိမိကိုယ်ကိုမီးရှို့ကာ ၂၀၀၁/၂၀၀၂ အမှောင်ခေတ်များသို့ ပြန်မသွားရန် နှင့် တော်လှန်ရေးတရပ် ပြန်လည်နိုးကြားလာစေရန် တပ်လှန့်နှိုးဆော်မှုပြုလုပ်ခဲ့သည်။

ရန်ကုန်မြို့အပါအဝင် နိုင်ငံတဝန်း၌ လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ဖယောင်းတိုင်ထွန်းသပိတ်(Candle Strike)နှင့် ပျက်တိုင်းဆဲကမ်ပိန်းများတွင် ပြည်သူလူထုတရပ်လုံးပါဝင်ပေးကြရန် ရန်ကုန်လူထုသပိတ်က တိုက်တွန်းနှိုးဆော်ထားသည်။

အာဏာသိမ်းစစ်အုပ်စု‌၏ ညံ့ဖျင်းသော အုပ်ချုပ်မှုပုံစံနှင့် တိုင်းပြည်တိုးတက်ရန် ရှေးရှုမှုမရှိဘဲ ရသမျှအိတ်ကပ်ထဲထည့်သည့်လုပ်ရပ်များကြောင့် တိုင်းပြည်ယိုယွင်းဆုတ်ယုတ်လာကာ ယခုကာလများ၌ သိသာထင်ရှားလှသည့် လျှပ်စစ်မီးပြတ်တောက်မှုအခြေအနေ‌များကိုပါ ပြည်သူလူထုတစ်ရပ်လုံး ရင်ဆိုင်နေကြရပြီဖြစ်ကြောင်း ရန်ကုန်လူထုသပိတ်က ထုတ်ပြန်သည်။

ပြည်သူလူထုတရပ်လုံးက အာဏာသိမ်းစစ်ကောင်စီ​၏ မတရားအုပ်ချုပ်မှုစနစ်ကို အလိုမရှိကြောင်းနှင့် တိုင်းပြည်အနာဂါတ် ပြန်လည်ထွန်းတောက်လာစေရန်ရည်ရွယ်ကာ Candle Strike နှင့် ပျက်တိုင်းဆဲကမ်ပိန်း များတွင် ပင်ကိုယ်အသိစိတ်ဓာတ်၊ နာကျည်းတော်လှန်လိုစိတ်များဖြင့် ပါဝင်ဆန္ဒထုတ်ဖော်ကြရန် ရန်ကုန်လူထုသပိတ်က နှိုးဆော်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်တွင် ကျောက်ပန်းတောင်းမြို့နေ ကိုအောင်အောင်က မိမိကိုယ်ကိုမီးရှို့ကာ ၂၀၀၁/၂၀၀၂ အမှောင်ခေတ်များသို့ ပြန်မသွားရန် နှင့် တော်လှန်ရေးတရပ် ပြန်လည်နိုးကြားလာစေရန် တပ်လှန့်နှိုးဆော်မှုပြုလုပ်ခဲ့သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီသည် မတ်လ ၁၂ မှ ၁၈ ရက်အတွင်း နေရာအချို့တွင် ၂၄ နာရီပတ်လုံးလျှပ်စစ်မီးပြတ်တောက်မည်ဟု ကနဦးကြေညာခဲ့ပြီး နောက်ပိုင်းတွင် အလှည့်ကျစနစ်ဖြင့် မီး ပေးမည်ဟု ပြင်ဆင်ကြေညာခဲ့သည်။

သို့သော် ယင်းကြေညာချက်မတိုင်ခင် ပြီးခဲ့သည့် လပိုင်းကတည်းက စီးပွားရေးမြို့တော် ရန်ကုန် အပါအဝင် နိုင်ငံတဝန်း၌ နေ့စဉ် အနည်းဆုံး ၁၈ နှင့်အထက် လျှပ်စစ်မီးပြတ်တောက်မှုဖြစ် ပေါ် နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုကအာဏာတည်မြဲဖို့ နိုင်ငံရေးအကျဉ်းသားတွေကို အယောင်ပြလွှတ်ပေးတာ၊ အတုအယောင်ရွေးကောက်ပွဲတွေလုပ်ပြီး အစိုးရဖွဲ့တာစတဲ့ ကမ္ဘာကိုလိမ်ညာဖို့ ကြိုးစားနေနေပြီး အဲဒီအပေါ်ယံ ဟန်ပြလုပ်ရပ်တွေရဲ့နောက်ကွယ်မှာ ပြည်သူ့သွေးနဲ့ လမ်းခင်းထားတာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဆောင်းပါး

ရန်ကုန်-ပုသိမ်အဝေးပြေးကားလမ်းမ တလျှောက် စစ်တပ်စစ်ဆေးရေးဂိတ်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လက်ထဲမှာ ခါတိုင်းကိုင်ထားနေကြ သေနတ်နဲ့ ငွေစက္ကူအကြွေတွေအပြင် ​မေလ ၄ မှာတော့ ပိတောက်ပန်းတွေပါ ​တွေ့ရပါတယ်။