Connect with us

Hi, what are you looking for?

LuduNwayOo

News

လွိုင်ကော် – ဒီးမော့ဆို လမ်းအား အကန့်အသတ်မရှိ ပိတ်ထားကြောင်း ပြည်သူများအား အသိ​ပေး

ဒီးမော့ဆိုမြို့နယ်ရှိ ကျေးရွာများတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံတော်လှန်ရေးတပ် ပူးပေါင်း အဖွဲ့အကြား တိုက်ပွဲများ ပြင်းထန်နေသည်။

လတ်တလောတိုက်ပွဲများပြင်းထန်နေသည့် ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော် – ဒီးမော့ဆို လမ်းပိုင်းကို အကန့်အသတ်မရှိ ပိတ်ထားကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း(၉)က ယနေ့ နေ့လည်ပိုင်း၌ ထုတ်ပြန်သည်။

အဆိုပါလမ်းပိုင်းကို အကြမ်းဖက်စစ်ကောင်စီများ အသုံးပြုနေ၍ ပိတ်ပင်ခြင်းဖြစ်ပြီး ပြည်သူများ သွားလာခြင်း မပြုကြရန် အသိပေးကြောင်း ဖော်ပြထားသည်။

Public Service Announcement

ဒီးမော့ဆိုမြို့နယ်ရှိ ကျေးရွာများတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံတော်လှန်ရေးတပ် ပူးပေါင်း အဖွဲ့အကြား တိုက်ပွဲများ ပြင်းထန်နေသည်။

ဖေဖော်ဝါရီလလယ်မှစ၍ နေ့စဉ် တိုက်ပွဲပြင်းထန်နေသည့် ရှမ်း -ကယားနယ်စပ် မိုးဗြဲဒေသနှင့် ဒီးမော့ဆိုမြို့နယ် တိုက်ပွဲများ၌ အကြမ်းဖက်စစ်ကောင်စီတပ်က မြေပြင်၌ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ခြင်းအပြင် လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပြစ်ကူများ၊ တင့်ကားအသုံးပြု တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ပြီး ယခုအခါ အတွဲလိုက်ပစ် ရော့ကဒ်ဒုံး(MLRS) များ အသုံးပြု တိုက်ခိုက်နေသည်ဟု KNDFက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

သတင်း

ရက္ခိုင်ပြည်နယ်အတွင်း AA မှ လွဲ၍ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမှ မရှိစေရမူအတိုင်း ရှိနေမည်ဟုလည်း AAက ထပ်မံ အသိပေးသည်။

သတင်း

တိုက်ပွဲဖြစ်ပွားစဉ် တာမခန်ကို စစ်ကူလာသည့် စစ်ကောင်စီတပ်က ရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ အဆိုပါ စစ်ကောင်စီတပ် ကိုလည်း KIAက ချေမှုန်းတိုက်ခိုက်ခဲ့သည်။