Connect with us

Hi, what are you looking for?

News

လက်နက်ခဲယမ်းအတွက် ပြည်သူများကူညီပေးရန်က​လေး PDFမေတ္တာရပ်ခံ

“ကျွန်မတို့ကတော့ လူငယ်တွေကို ယုံကြည်တယ်။ ကျွန်မတို့ ပြေးရင်းလွှားရင်းကနေ တတ်နိုင်သလောက် ထောက်ပံ့နေတယ်။ ပြည်မဘက်ကနေလည်း ဒီထက် ပိုထောက်ပံ့ပေးနိုင်ရင် ကောင်းမယ်။ ဒီတော်လှန်ရေး အမြန် ပြီးချင်ပြီ”ဟု ကလေးမြို့ခံတစ်ဦးကလည်းပြောသည်။

(က​​လေး PDF တပ်ရင်း ၅ မှတပ်ဖွဲ့ဝင်များ)

ကလေးမြို့နယ်အတွင်း ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီတပ် အထိနာအောင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက ပူးပေါင်းတိုက်ခိုက်ခဲ့​နေပြီး အဓိကလိုအပ်နေသည့် လက်နက်ခဲယမ်းအတွက် ပြည်သူတစ်ဦးချင်းစီက တတ်နိုင်သလောက်ပါဝင်လှူဒါန်းပေးကြရန် Kalay PDF က မေတ္တာရပ်ခံသည်။

ကလေးတောင်ပိုင်းဒေသရှိ ကျေးရွာများသို့ ထိုးစစ်ဆင်နေသည့်အကြမ်းဖက်စစ်ကောင်စီတပ်ကိုကလေးPDF တပ်ရင်း(၅) နှင့် ပူးပေါင်းအဖွဲ့က မတ်လ၁၉ရက်တွင် လက်ဦးမှုရယူကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ကျွန်​တော်တို့အနေနဲ့အသာစီး ပစ်ခတ်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားတော်တော်များများကိုသုတ်သင်နိုင်ခဲ့ပါတယ်။ကျွန်​တော်တို့ PDFရဲဘော်များဘက်မှ အကျဆုံးမရှိ အောင်ပွဲယူနိုင်ခဲ့ပါတယ်”ဟု Kalay PDF တပ်ရင်း(၅)ကတိုက်ပွဲရုပ်သံမှတ်တမ်းနှင့်အတူ သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီသည်ချင်းတောင်ဒေသနှင့်ဆက်စပ်နေသောကလေးတောင်ပိုင်းဒေသသို့ ထိုးစစ်ဆင်နေသည်မှာလချီကြာမြင့်နေသော်လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များကြောင့် အထိနာနေသည်။ သော်လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များဘက်ကလည်း ခုခံစစ်ကာလ ကြာလာပြီဖြစ်၍ လက်နက်ခဲယမ်းအင်အား လိုအပ်ချက်ကြီးမားနေသည်ဟု လူထုအား အသိပေးထားသည်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲဖြစ်ပွားချိန်တွင် ကျည်အား၊ လက်နက်အားနှင့်ဖိနိုင်မှ အောင်ပွဲရနိုင်မည်ဖြစ်၍ လိုအပ်နေ‌သည့်ကျည်ဆံဖိုးများကိုပြည်သူတ‌စ်ယောက်ချင်းဆီမှ တတ်နိုင်တဲ့ဘက်က ပါဝင်လှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်”ဟု Kalay PDF တပ်ရင်း(၅)က မေတ္တာရပ်ခံထားသည်။

“ကျွန်မတို့ကတော့ လူငယ်တွေကို ယုံကြည်တယ်။ ကျွန်မတို့ ပြေးရင်းလွှားရင်းကနေ တတ်နိုင်သလောက် ထောက်ပံ့နေတယ်။ ပြည်မဘက်ကနေလည်း ဒီထက် ပိုထောက်ပံ့ပေးနိုင်ရင် ကောင်းမယ်။ ဒီတော်လှန်ရေး အမြန် ပြီးချင်ပြီ”ဟု ကလေးမြို့ခံတစ်ဦးကလည်းပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်အရှေ့ခြမ်းနဲ့ ဧရာဝတီမြစ်ရိုးတလျောက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ထံက ဂျန်ဘာကားအပါအ၀င် စစ်ကား ၅စီး၊ဒရုန်းတွေနဲ့လက်နက်တွေ သိမ်းဆည်းရရှိတယ်လို့ရွှေဘိုခရိုင် အမှတ် (၂)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။