ဗီဒီယို စစ်ရာဇဝတ်မှု စွပ်စွဲစကားတွေနဲ့ ပတ်သက်ပြီး ဆင်ခြင်ဖို့ အမေရိကန်ကို ရုရှား သတိပေး ရုရှား သမ္မတဟောင်း ဖြစ်ခဲ့ဖူးပြီး လက်ရှိမှာ ရုရှား လုံခြုံရေး ကောင်စီရဲ့ ဒုတိယ အတွင်းရေးမှူး တာဝန် ယူထားတဲ့ ဒီမစ်ထရီ မက်ဗီဒက်ဗ်က အမေရိကန်ဟာ နိုင်ငံတကာ အမြင်မှာ ရုရှားကို နာမည်ဖျက်ဖို့ ကြိုးစားပြီး ရုရှား မုန်းတီးရေးဝါဒ ဖြန့်ဝေနေကြောင်း စွပ်စွဲသွားပါတယ်။ LuduNwayOoမတ် 18, 2022
ဗီဒီယို စတုတ္ထမြောက် ရုရှားဗိုလ်ချုပ် တစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း ယူကရိန်း သမ္မတပြော သေဆုံးတဲ့ ဗိုလ်ချုပ်တွေဟာ ကံဆိုးပြီး အချိန်မှား၊ နေရာမှားကို ရောက်သွားမိတာမျိုး မဟုတ်တဲ့အတွက် ယူကရိန်း ခုခံရေး စစ်သည်တွေဟာ ရုရှားဗိုလ်ချုပ်တွေကို သေသေချာချာ ပစ်မှတ်ထားလာတယ်လို့ ယူဆနိုင်ကြောင်း လေ့လာသူတွေက ပြောပါတယ်။ LuduNwayOoမတ် 18, 2022
နိုင်ငံတကာ ရုရှားက အကူအညီ တောင်းထားတယ်ဆိုတဲ့ အမေရိကန်ရဲ့ စွပ်စွဲချက်ကို တရုတ်ငြင်းဆို ယူကရိန်း ပြဿနာကို အခြေပြုပြီး တရုတ်အပေါ် နိုင်ငံတကာ အထင်အမြင် လွဲမှားအောင် အမေရိကန်က ပြုမူ ဆောင်ရွက်နေတာတွေက လက်ခံနိုင်စရာ မရှိဘူးလို့ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ အခြေစိုက် တရုတ် သံရုံးက ကြေညာချက် ထုတ်ပြန်ပါတယ်။ LuduNwayOoမတ် 16, 2022
နိုင်ငံတကာ ရုရှား ရုပ်မြင်သံကြား ဌာနမှာ သတင်းလွှင့်နေချိန် အယ်ဒီတာ အမျိုးသမီးက စစ်ဆန့်ကျင်ရေး ဆန္ဒပြ အထူးသဖြင့် သတင်းလွတ်လပ်ခွင့်ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတဲ့ အစိုးရ ရုပ်မြင်သံကြား ဌာနတစ်ခုမှာ အခုလို ဆန္ဒပြတာမျိုးက အတော်လေး ရှားပါးတဲ့ အခြေအနေပါ။ ဆန္ဒပြခဲ့တဲ့ အယ်ဒီတာ အမျိုးသမီးဟာ မာရီနာ အော့ဗ်ရှန်နစ်ကိုဗာ ဆိုသူဖြစ်ပြီး အခုတော့ အဖမ်းခံထားတယ်လို့ ယုံကြည်ရပါတယ်။ LuduNwayOoမတ် 16, 2022
နိုင်ငံတကာ ရုရှားကို ဝင်မကူဖို့ တရုတ်ကို အမေရိကန် သတိပေး ရုရှားက အကူအညီ တောင်းနေတယ်ဆိုတဲ့ အမေရိကန် စွပ်စွဲချက်တွေကို တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက အတည်မပြုခဲ့ပါဘူး။ ဒါ့အပြင် တရုတ်နဲ့ ပတ်သက်လို့ နိုင်ငံတကာမှာ အထင်အမြင် လွဲမှားသွားအောင် အမေရိကန်က ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့်နေတယ်လို့ တန်ပြန် စွပ်စွဲခဲ့ပါတယ်။ LuduNwayOoမတ် 14, 2022
ဗီဒီယို ယူကရိန်းက မြို့တော်ဝန် တစ်ဦးကို ရုရှားစစ်တပ် ပြန်ပေးဆွဲ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ကျူးကျော်သူ ရုရှားစစ်တပ်ဟာ ယူကရိန်းမှာ အကြမ်းဖက် လုပ်ဆောင်မှုတွေကို နောက်တစ်ဆင့် မြှင့်တင်လာတယ်ဆိုတာ အခုလုပ်ရပ်က သက်သေပဲလို့ ပြောကြားခဲ့ပါတယ်။ LuduNwayOoမတ် 13, 2022
ဗီဒီယို ယူကရိန်းမှာ ရုရှားက ဓာတုလက်နက်တွေနဲ့ တိုက်ခိုက်လာနိုင်တယ်လို့ အမေရိကန် သတိပေး မတ်လ ၉ ရက် အစောပိုင်းမှာ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ယူကရိန်း စစ်တပ်ဟာ ဇိုလိုချစ်ဗ်နဲ့ ခါကစ်ဗ် မြို့တွေဆီ အမိုးနီးယား တန် ၈၀ လောက် ပေးပို့နေတာ ထောက်လှမ်း သိရှိခဲ့ကြောင်း ကြေညာပါတယ်။ LuduNwayOoမတ် 10, 2022
နိုင်ငံတကာ သားဖွားဆေးရုံကို ရုရှားလေတပ် ဗုံးကြဲခဲ့တယ်လို့ ယူကရိန်း စွပ်စွဲ မာရူပိုလ် မြို့ထဲက ဆေးရုံကို ရုရှားလေတပ်ရဲ့ ဒုံးကျည်တွေ ထိမှန်မှုကြောင့် လူနာတွေ၊ ဆေးရုံဝန်ထမ်းတွေ အပါအဝင် ၁၇ ဦးထက်မနည်း ဒဏ်ရာ ရခဲ့ကြောင်း ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ LuduNwayOoမတ် 10, 2022
ဗီဒီယို ရုရှားရဲ့ ရေနံနဲ့ ဓာတ်ငွေ့ တင်သွင်းမှုတွေကို အနောက်နိုင်ငံတွေ စတင်ပိတ်ပင် ဥရောပ ကော်မရှင်ကလည်း ဥရောပ သမဂ္ဂရဲ့ ရုရှားဆီက ဓာတ်ငွေ့ ဝယ်ယူလိုမှုကို သုံးပုံ နှစ်ပုံလောက် လျှော့ချသွားမယ်လို့ သီးခြား ကြေညာပါတယ်။ ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ အားလုံး သုံးစွဲတဲ့ ဓာတ်ငွေ့ ၄၀ ရာခိုင်နှုန်းဟာ ရုရှားဆီက ဝယ်ယူထားတာပါ။ LuduNwayOoမတ် 9, 2022
ဗီဒီယို ယူကရိန်း စစ်ပွဲအတွက် ဆီးရီးယား ကြေးစား စစ်သားတွေ ငှားဖို့ ရုရှား ကြိုးစားနေ ရုရှားစစ်တပ်ဟာ ဆီးရီးယား ပြည်တွင်းစစ်မှာ အာဏာရှင် သမ္မတ ဘာရှာ အယ်လ်အာဆတ် ဖက်ကနေ ထဲထဲဝင်ဝင် ပါဝင် တိုက်ခိုက်ပေးခဲ့ဖူးပါတယ်။ ဒါကြောင့် ဆီးရီးယားက လက်နက်ကိုင် အဖွဲ့အစည်း တချို့နဲ့ ချိတ်ဆက်မှုတွေ ရှိနေပါတယ်။ LuduNwayOoမတ် 9, 2022