Connect with us

Hi, what are you looking for?

ဗီဒီယို

ဇူကာဘက်နဲ့ အမေရိကန် ဒုတိယ သမ္မတတို့ကို ပြည်ဝင်ခွင့်ပိတ် အရေးယူကြောင်း ရုရှားကြေညာ

ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက အခု အရေးယူ ပိတ်ဆို့မှုမှာ ပါဝင်သူတွေဟာ ဘာအကြောင်းကြောင့်ဖြစ်ဖြစ် ရုရှားကို ဝင်ရောက်ခွင့် ရတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အဲဒီ လူပုဂ္ဂိုလ်တွေဟာ အမေရိကန်မှာ ရုရှားမုန်းတီးရေး ဝါဒဖြန့်နေသူတွေလို့လည်း ဝန်ကြီးဌာနက စွပ်စွဲပါတယ်။

Facebook ထူထောင်သူနဲ့ အမေရိကန် ဒုတိယ သမ္မတတို့ အပါအဝင် လူပေါင်း ၂၈ ဦးကို ပြည်ဝင်ခွင့် ပိတ်ဆို့ အရေးယူကြောင်း ရုရှား အစိုးရက ကြေညာခဲ့ပါတယ်။

ဒါဟာ ယူကရိန်းကို ကျူးကျော် စစ်ပြုတဲ့ ရုရှားအပေါ် အနောက်နိုင်ငံတွေက စီးပွားရေး ပိတ်ဆို့ပြီး အရေးယူခဲ့တဲ့အပေါ် ရုရှားက တုံ့ပြန်လိုက်တဲ့ သဘောပါပဲ။ ရုရှားက ပြည်ဝင်ခွင့် ပိတ်ဆို့ အရေးယူတယ်လို့ ကြေညာလိုက်သူတွေ စာရင်းမှာ Facebook ကုမ္ပဏီ ထူထောင်သူ မတ်ခ်ဇူကာဘက်၊ အမေရိကန် ဒုတိယ သမ္မတ ကာမာလာဟားရစ်၊ LinkedInရဲ့ အမှုဆောင်ချုပ် ရိုင်ယန် ရော့စ်လန်စကီးနဲ့ ABC သတင်းထောက် ဂျော့ဂျ် စတီဖာနိုပူလော့စ်တို့လို ပုဂ္ဂိုလ်တွေ ပါဝင်ပါတယ်။

ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက အခု အရေးယူ ပိတ်ဆို့မှုမှာ ပါဝင်သူတွေဟာ ဘာအကြောင်းကြောင့်ဖြစ်ဖြစ် ရုရှားကို ဝင်ရောက်ခွင့် ရတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အဲဒီ လူပုဂ္ဂိုလ်တွေဟာ အမေရိကန်မှာ ရုရှားမုန်းတီးရေး ဝါဒဖြန့်နေသူတွေလို့လည်း ဝန်ကြီးဌာနက စွပ်စွဲပါတယ်။

ဒါပေမဲ့လည်း ရုရှားရဲ့ ပိတ်ဆို့မှုတွေဟာ ဇူကာဘက်နဲ့ ဟားရစ်တို့လို လူတွေအတွက် ဘာမှ ကြီးကြီးမားမား ထိခိုက်ဖွယ် မရှိပါဘူး။ စာရင်းထဲမှာ ပါခဲ့တဲ့ Meduza သတင်းဝက်ဘ်ဆိုက် အယ်ဒီတာ ကီဗင် ရော့သ်ရော့ခ်က သူ့အတွက် ရယ်စရာကြီးတစ်ခု ကြုံလိုက်ရတာပဲလို့ Twitterပေါ်မှာ အရွှန်းဖောက် ရေးသားထားပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားဟာ ပြီးခဲ့တဲ့ လတုန်းကလည်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ လွှတ်တော် ကိုယ်စားလှယ် ၃၉၈ ဦးကို ပြည်ဝင်ခွင့် ပိတ်ပင်ကြောင်း ကြေညာခဲ့ဖူးပါတယ်။ ရုရှားဟာ အရင်ကလည်း ဇူကာဘက်ကို ပြည်ဝင်ခွင့် ပိတ်ပင် အရေးယူခဲ့ဖူးပြီး LinkedInကတော့ ၂၀၁၇ ကတည်းက ရုရှားမှာ အသုံးပြုခွင့် တားမြစ် ခံထားရကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။