Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆွီဒင်နဲ့ ဖင်လန်တို့ NATO အဖွဲ့ဝင် ဖြစ်လာရင် နျူကလီးယား တပ်တွေ ဖြန့်ကျက်သွားမယ်လို့ ရုရှားခြိမ်းခြောက်

တကယ်လို့ ဆွီဒင်နဲ့ ဖင်လန်နိုင်ငံတွေသာ NATO မဟာမိတ် အဖွဲ့ထဲ ပူးပေါင်း ဝင်ရောက်သွားမယ်ဆိုရင် ဘောလ်တစ် ပင်လယ်ထဲမှာ နျူကလီးယား လက်နက်တွေ ဖြန့်ကျက်သွားမယ်လို့ ရုရှားက ခြိမ်းခြောက်လိုက်ပါတယ်။

ယူကရိန်းကို ရုရှားက ကျူးကျော် စစ်ပြုခဲ့တဲ့ ဖြစ်ရပ်နောက်ပိုင်း ဆွီဒင်နဲ့ ဖင်လန် အစိုးရတွေက NATO အဖွဲ့ဝင် ဖြစ်ခွင့်ရရေး ကိစ္စကို အမြန်ဆုံး အကောင်အထည် ဖော်သွားမယ်လို့ အသီးသီး ကြေညာခဲ့ပါတယ်။ အရင်ကတော့ အဲဒီ စကန်ဒီနေးဗီးယန်း ဒေသတွင်း နိုင်ငံတွေဟာ ကြားနေဝါကို လက်ကိုင်ထားခဲ့တာပါ။ ဒါပေမဲ့ စစ်ပွဲစတင်ချိန်မှာတော့ ရုရှားရဲ့ ရန်လိုမှုကို ကြိုတင်တွေးဆပြီး NATOနဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ရုရှားက တကယ်လို့ ဖင်လန်၊ ဆွီဒင်တို့သာ NATO အဖွဲ့ဝင် ဖြစ်လာမယ်ဆိုရင် ဘောလ်တစ် ပင်လယ်ဖက်မှာ နျူကလီးယားလက်နက် ကင်းစင်တဲ့ ဇုန်နယ်မြေဆိုတဲ့ ရပ်တည်မှု ပျက်စီးသွားလိမ့်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ဘောလ်တစ်ဒေသမှာ NATO အဖွဲ့ဝင်တွေ ရှိလာပြီဆိုရင် ရုရှားကလည်း ဟန်ချက်ပြန်ထိန်းဖို့ လိုအပ်တာ မှန်သမျှ လုပ်ရလိမ့်မယ်လို့ ရုရှား လုံခြုံရေး ကောင်စီရဲ့ ဒုတိယ ဥက္ကဋ္ဌ ဒီမစ်ထရီ မက်ဗီဒက်ဗ်က ပြောပါတယ်။

လက်ရှိ အချိန်ထိတော့ ရုရှားဟာ ဘောလ်တစ် ကမ်းခြေမှာ နျူကလီးယား အထူးတပ်ဖွဲ့တွေ ဖြန့်ကျက်ထားတာမျိုး မရှိသလို အဲဒီလို လုပ်ဆောင်ဖို့ စိတ်ကူးလည်း မရှိကြောင်း၊ ဒါပေမဲ့ NATOရဲ့ ချဲ့ထွင် ဖွဲ့စည်းမှုအပေါ် မူတည်ပြီး တုံ့ပြန်ရမှာဖြစ်ကြောင်း၊ နောက်ဆက်တွဲအဖြစ် ဒေသတွင်း တင်းမာမှုတွေ မြင့်တက်လာနိုင်တာကိုလည်း သတိပြုသင့်ကြောင်း မက်ဗီဒက်ဗ်က ဆိုပါတယ်။

ဒါပေမဲ့ ဖင်လန်၊ ဆွီဒင်တို့အပြင် လစ်သူယေးနီးယား အစိုးရကပါ ရုရှားရဲ့ ခြိမ်းခြောက်မှုကို ပယ်ချခဲ့ပြီး လက်တွေ့ အခြေအနေတွေအရ ဒေသတွင်းမှာ ရုရှားက နျူကလီးယား လက်နက်တွေ ကြိုတင် နေရာချထားပြီးသား ဖြစ်တယ်လို့ တုံ့ပြန်စွပ်စွဲခဲ့ပါတယ်။ ရုရှားက တခြားနိုင်ငံတွေကို ခြိမ်းခြောက်တယ် ဆိုတာဟာ အထူးအဆန်း ကိစ္စတောင် မဟုတ်တော့ဘူးလို့လည်း လစ်သူယေးနီးယား ဝန်ကြီးချုပ် အင်ဂရစ်ဒါ ဆီမွန်တေးက ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကုလသမဂ္ဂရဲ့ နျူကလီးယား ထိန်းချုပ်ရေး အေဂျင်စီဟာ စည်းမျဉ်းတွေကို လိုတစ်လို၊ မလိုတစ်မျိုး ကျင့်သုံးနေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တွေ စွန့်လွှတ်ဖို့ အလားအလာကို အရူးတွေပဲ ယုံလိမ့်မယ်လို့ နိုင်ငံ အဓိပတိ ကင်မ်ဂျုံအွန်းရဲ့ ညီမဖြစ်သူက ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။