Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဆွီဒင်နဲ့ ဖင်လန်တို့ NATO အဖွဲ့ဝင် ဖြစ်လာရင် နျူကလီးယား တပ်တွေ ဖြန့်ကျက်သွားမယ်လို့ ရုရှားခြိမ်းခြောက်

တကယ်လို့ ဆွီဒင်နဲ့ ဖင်လန်နိုင်ငံတွေသာ NATO မဟာမိတ် အဖွဲ့ထဲ ပူးပေါင်း ဝင်ရောက်သွားမယ်ဆိုရင် ဘောလ်တစ် ပင်လယ်ထဲမှာ နျူကလီးယား လက်နက်တွေ ဖြန့်ကျက်သွားမယ်လို့ ရုရှားက ခြိမ်းခြောက်လိုက်ပါတယ်။

ယူကရိန်းကို ရုရှားက ကျူးကျော် စစ်ပြုခဲ့တဲ့ ဖြစ်ရပ်နောက်ပိုင်း ဆွီဒင်နဲ့ ဖင်လန် အစိုးရတွေက NATO အဖွဲ့ဝင် ဖြစ်ခွင့်ရရေး ကိစ္စကို အမြန်ဆုံး အကောင်အထည် ဖော်သွားမယ်လို့ အသီးသီး ကြေညာခဲ့ပါတယ်။ အရင်ကတော့ အဲဒီ စကန်ဒီနေးဗီးယန်း ဒေသတွင်း နိုင်ငံတွေဟာ ကြားနေဝါကို လက်ကိုင်ထားခဲ့တာပါ။ ဒါပေမဲ့ စစ်ပွဲစတင်ချိန်မှာတော့ ရုရှားရဲ့ ရန်လိုမှုကို ကြိုတင်တွေးဆပြီး NATOနဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ရုရှားက တကယ်လို့ ဖင်လန်၊ ဆွီဒင်တို့သာ NATO အဖွဲ့ဝင် ဖြစ်လာမယ်ဆိုရင် ဘောလ်တစ် ပင်လယ်ဖက်မှာ နျူကလီးယားလက်နက် ကင်းစင်တဲ့ ဇုန်နယ်မြေဆိုတဲ့ ရပ်တည်မှု ပျက်စီးသွားလိမ့်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ဘောလ်တစ်ဒေသမှာ NATO အဖွဲ့ဝင်တွေ ရှိလာပြီဆိုရင် ရုရှားကလည်း ဟန်ချက်ပြန်ထိန်းဖို့ လိုအပ်တာ မှန်သမျှ လုပ်ရလိမ့်မယ်လို့ ရုရှား လုံခြုံရေး ကောင်စီရဲ့ ဒုတိယ ဥက္ကဋ္ဌ ဒီမစ်ထရီ မက်ဗီဒက်ဗ်က ပြောပါတယ်။

လက်ရှိ အချိန်ထိတော့ ရုရှားဟာ ဘောလ်တစ် ကမ်းခြေမှာ နျူကလီးယား အထူးတပ်ဖွဲ့တွေ ဖြန့်ကျက်ထားတာမျိုး မရှိသလို အဲဒီလို လုပ်ဆောင်ဖို့ စိတ်ကူးလည်း မရှိကြောင်း၊ ဒါပေမဲ့ NATOရဲ့ ချဲ့ထွင် ဖွဲ့စည်းမှုအပေါ် မူတည်ပြီး တုံ့ပြန်ရမှာဖြစ်ကြောင်း၊ နောက်ဆက်တွဲအဖြစ် ဒေသတွင်း တင်းမာမှုတွေ မြင့်တက်လာနိုင်တာကိုလည်း သတိပြုသင့်ကြောင်း မက်ဗီဒက်ဗ်က ဆိုပါတယ်။

ဒါပေမဲ့ ဖင်လန်၊ ဆွီဒင်တို့အပြင် လစ်သူယေးနီးယား အစိုးရကပါ ရုရှားရဲ့ ခြိမ်းခြောက်မှုကို ပယ်ချခဲ့ပြီး လက်တွေ့ အခြေအနေတွေအရ ဒေသတွင်းမှာ ရုရှားက နျူကလီးယား လက်နက်တွေ ကြိုတင် နေရာချထားပြီးသား ဖြစ်တယ်လို့ တုံ့ပြန်စွပ်စွဲခဲ့ပါတယ်။ ရုရှားက တခြားနိုင်ငံတွေကို ခြိမ်းခြောက်တယ် ဆိုတာဟာ အထူးအဆန်း ကိစ္စတောင် မဟုတ်တော့ဘူးလို့လည်း လစ်သူယေးနီးယား ဝန်ကြီးချုပ် အင်ဂရစ်ဒါ ဆီမွန်တေးက ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျတို့ ပါဝင်တဲ့ AUKUSဟာ ဩစတြေးလျ ရေတပ်ကို မဟာမိတ် နှစ်နိုင်ငံက ပူးပေါင်းပြီး နည်းပညာပိုင်း အဆင့်မြှင့်ပေးဖို့၊ ဒေသတွင်းမှာ တရုတ် လွှမ်းမိုးမှုကို တန်ပြန်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

IAEAဟာ အရင်ကတည်းက ဇာပေါ့ရစ်ဇီရာ ဓာတ်အားပေးစက်ရုံ တိုက်ခိုက်ခံရနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးကို အကြိမ်ကြိမ် သတိပေးခဲ့ဖူးပါတယ်။

နိုင်ငံတကာ

ရုရှားဖက်ကတော့ လေတပ်စခန်း တိုက်ခိုက်ခံရတယ် ဆိုတာကို ငြင်းဆိုပြီး ရော့စတော့ဗ်အပြင် အနီးတဝိုက် ဒေသတွေကို ကျူးကျော်လာတဲ့ ရန်သူဒရုန်း ၄၀ ကျော်ကို အကုန်အစင် ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။