Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မုဒိမ်းမှုကို ရုရှားစစ်တပ်က လက်နက်လို အသုံးချနေတယ်လို့ ယူကရိန်း စွပ်စွဲ

မုဒိမ်းသမား ရုရှားစစ်သားတွေက မိန်းကလေးတွေကို နောက်ထပ် ယူကရိန်းသား ကလေးငယ်တွေ မမွေးနိုင်အောင် လုပ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့သလို လူတောမတိုးစေချင်လို့ တမင် မုဒိမ်းကျင့်ခဲ့တာလို့လည်း ပြောဆိုခဲ့ကြောင်း ကော်မရှင် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရုရှားတပ်တွေဟာ မုဒိမ်းမှုကို မဟာဗျူဟာ လက်နက်တစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးချနေကြောင်း ယူကရိန်းက စွပ်စွဲ ကြေညာခဲ့ပါတယ်။

ရုရှားတပ်တွေ သိမ်းပိုက်ခဲ့ဖူးပြီး အရပ်သား ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်ပစ်ခဲ့တဲ့ ဘူချာမြို့ထဲမှာ မိန်းကလေးနဲ့ အမျိုးသမီး ၂၅ ဦးထက်မနည်း မုဒိမ်းကျင့် ခံခဲ့ရတယ်လို့ ယူကရိန်း လူ့အခွင့်အရေး ကော်မရှင်က ထုတ်ပြန်ပါတယ်။

ကော်မရှင် အကြီးအကဲ လျူဒ်မိုင်လာ ဒန်နီဆိုဗာက လူမဆန်တဲ့ ရုရှားစစ်သားတွေဟာ အသက် ၁၄ နှစ်နဲ့ ၂၄ နှစ်ကြား အမျိုးသမီးတွေကို စစ်ဆင်ရေး တစ်ခုလို သဘောထားပြီး မုဒိမ်းကျင့်ခဲ့ကြကြောင်း၊ အဲဒီထဲက အနည်းဆုံး ၉ ဦးလောက် ကိုယ်ဝန် ရှိသွားခဲ့ကြောင်း ပြောပါတယ်။

မိန်းကလေးတွေက ဘူချာမှာရှိတဲ့ မြေအောက်ခန်းတွေထဲမှာ ပုန်းအောင်းနေတာကို ရုရှားတပ်တွေ ရှာတွေ့သွားတဲ့နောက် လိင်ပိုင်းဆိုင်ရာ စော်ကား တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဘူချာဟာ မြို့တော် ကိယက်ဗ်ရဲ့ ဆင်ခြေဖုံးမှာ တည်ရှိပြီး ရုရှားတပ်တွေ သတ်ဖြတ်သွားတဲ့ ရာနဲ့ချီတဲ့ ရုပ်အလောင်းတွေကိုလည်း ရှာတွေ့နေတဲ့ နေရာ ဖြစ်ပါတယ်။ အခုတော့ ရုရှားဟာ ကိယက်ဗ်ကို သိမ်းပိုက်မယ့် အစီအမံတွေကို လက်လျှော့ပြီး တပ်တွေ ပြန်ရုပ်သွားပါပြီ။ ဒါပေမဲ့ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းနဲ့ အရှေ့တောင်ပိုင်း ဧရိယာတွေမှာတော့ ရုရှားက စစ်အင်အား ထပ်ဖြည့်နေပါတယ်။

Public Service Announcement

Public Service Announcement

မုဒိမ်းသမား ရုရှားစစ်သားတွေက မိန်းကလေးတွေကို နောက်ထပ် ယူကရိန်းသား ကလေးငယ်တွေ မမွေးနိုင်အောင် လုပ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့သလို လူတောမတိုးစေချင်လို့ တမင် မုဒိမ်းကျင့်ခဲ့တာလို့လည်း ပြောဆိုခဲ့ကြောင်း ကော်မရှင် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရုရှားစစ်သားတွေက မိန်းကလေးတွေကို လမ်းပေါ် လူမြင်ကွင်းထိ ဆွဲထုတ်ပြီး မုဒိမ်းကျင့်ပြတာမျိုးတွေလည်း ရှိခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ် အမျိုးသမီး တစ်ဦးက သူ့ရဲ့ ၁၆ နှစ်အရွယ် ညီမကို ရုရှားတွေက သူ့ရှေ့မှာတင် မုဒိမ်းကျင့်ပြခဲ့ကြောင်း ကော်မရှင်ဆီ တိုင်ကြားခဲ့ပါတယ်။ မုဒိမ်းကျင့်နေချိန်မှာ ရုရှားစစ်သားတွေက နာဇီဝါဒစွဲ ပြည့်တန်ဆာမတွေတိုင်း ဒါမျိုး ကြုံစေမယ်လို့လည်း အော်ဟစ်နေခဲ့ကြောင်း အဲဒီ အမျိုးသမီးက ကော်မရှင်ဆီ ပြောပြခဲ့ပါတယ်။

ရုရှားအစိုးရကတော့ ဘူချာမှာ သူတို့စစ်သားတွေက ရက်စက်ကြမ်းကြုတ်တဲ့ ကိစ္စတွေ ကျူးလွန်ခဲ့တယ် ဆိုတာဟာ မဟုတ်မမှန် စွပ်စွဲမှုတွေသာ ဖြစ်တယ်လို့ အစဉ်တစိုက် တုံ့ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ မုဒိမ်းမှု စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး ရဲစခန်းတစ်ခုက ရဲဝန်ထမ်းနဲ့ တခြားအမှုထမ်း ၇၈ ဦးစလုံးကို လုပ်ငန်းတာဝန်ကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။