Connect with us

Hi, what are you looking for?

ဗီဒီယို

ယူကရိန်းမှာ နျူကလီးယား လက်နက်တွေ မသုံးဘူးလို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီးပြော

စစ်ပွဲ အစောပိုင်း ကာလတွေတုန်းက ရုရှားဟာ မျှော်မှန်းထားသလို အောင်မြင်မှုမျိုး မရဘဲ ရုန်းကန်ခဲ့ရတဲ့နောက် သမ္မတ ဗလာဒီမာ ပူတင်က နိုင်ငံရဲ့ နျူကလီး အထူးတပ်ဖွဲ့တွေကို အသင့်ပြင်ဆင်ထားဖို့ အမိန့်ပေးခဲ့ဖူးပါတယ်။ ဒါကြောင့် ယူကရိန်းမှာ ရုရှားက နျူကလီးယားနဲ့ တိုက်ခိုက်မလားဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်ခဲ့ပါတယ်။

ယူကရိန်းနဲ့ စစ်ပွဲမှာ နျူကလီးယား လက်နက်တွေ ထုတ်မသုံးဘူးလို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်က ပြောကြားလိုက်ပါတယ်။

အင်တာဗျူး တစ်ခုမှာ လက်ဗ်ရော့ဗ်က ရုရှားအနေနဲ့ သမားရိုးကျ စစ်လက်နက်တွေကိုပဲ ယူကရိန်းက စစ်ဆင်ရေးတွေမှာ သုံးစွဲသွားမယ်လို့ အာမခံသွားပါတယ်။ လက်ဗ်ရော့ဗ်ဟာ ရုရှားစစ်တပ်နဲ့ ပတ်သက်ရင် အဓိက ဆုံးဖြတ်ပိုင်ခွင့် ရှိသူတစ်ဦး မဟုတ်ပေမယ့် သူ့မှတ်ချက်တွေက ရုရှား အစိုးရရဲ့ စစ်ပွဲ အစီအမံတွေကို ထင်ဟပ်စေပါတယ်။

စစ်ပွဲ အစောပိုင်း ကာလတွေတုန်းက ရုရှားဟာ မျှော်မှန်းထားသလို အောင်မြင်မှုမျိုး မရဘဲ ရုန်းကန်ခဲ့ရတဲ့နောက် သမ္မတ ဗလာဒီမာ ပူတင်က နိုင်ငံရဲ့ နျူကလီး အထူးတပ်ဖွဲ့တွေကို အသင့်ပြင်ဆင်ထားဖို့ အမိန့်ပေးခဲ့ဖူးပါတယ်။ ဒါကြောင့် ယူကရိန်းမှာ ရုရှားက နျူကလီးယားနဲ့ တိုက်ခိုက်မလားဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်ခဲ့ပါတယ်။

ရုရှား အစိုးရ အရာရှိ တချို့ကလည်း လိုအပ်ရင် နျူကလီးယား လက်နက်တွေ အသုံးပြုဖို့ လိုလားတဲ့ သဘောမျိုး ပြောဆိုခဲ့တာကြောင့် အခြေအနေတွေက ပိုပြီး ရှုပ်ထွေးခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်ကတော့ နျူကလီးယားလက်နက် သုံးဖို့ အစီအစဉ်ရှိတယ်ဆိုတဲ့ ထင်ကြေးတွေကို ငြင်းပယ်သွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အခုတဖန် လက်ဗ်ရော့ဗ်ကလည်း ယူကရိန်းက စစ်ဆင်ရေး အစီအမံတွေမှာ နျူကလီးယား လက်နက်တွေက အစိတ်အပိုင်း တစ်ခုအဖြစ် ပါဝင်မှာ မဟုတ်ဘူးလို့ ပြောဆိုသွားပါတယ်။ ရုရှားဟာ ယူကရိန်းမှာ စစ်ဆင်ရေး နောက်တစ်ဆင့် ရောက်နေပြီလို့ ကြေညာထားပြီး ယူကရိန်း အရှေ့ပိုင်း နယ်မြေတွေကို သိမ်းပိုက်ဖို့ ပိုမို အားထုတ်လာနေပါတယ်။

ရုရှားက နျူကလီးယား မသုံးဘူးလို့ ပြောခဲ့ခြင်းဟာ ယူကရိန်းအတွက် စိတ်သက်သာရာ ရစေပေမယ့် အပြည့်အဝတော့ ယုံကြည်လို့ မရနိုင်ပါဘူး။ ရုရှား သမ္မတ ပူတင်ဟာ ယူကရိန်းကို မကျူးကျော်ခင် သီတင်းပတ်တွေမှာ သူ့အနေနဲ့ ကျူးကျော်စစ် ဆင်နွှဲမှာ လုံးဝ မဟုတ်ဘူးလို့ အကြိမ်ကြိမ် ငြင်းဆိုခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုင်ငံမှာ အစွမ်းထက်တဲ့ လက်နက်စနစ် တစ်ခု ပိုင်ဆိုင်လာပြီလို့ မြောက်ကိုရီးယား အဓိပတိကြီး ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂရဲ့ နျူကလီးယား ထိန်းချုပ်ရေး အေဂျင်စီဟာ စည်းမျဉ်းတွေကို လိုတစ်လို၊ မလိုတစ်မျိုး ကျင့်သုံးနေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

Facebook