News လွိုင်ကော်တစ်မြို့လုံးကို မီးနှင့်ရေဖြတ်ထားဟု ဒေသခံပြော၊ ကားအခက်အခဲကြောင့် မြို့ပေါ် ပိတ်မိနေသူများ ကျန်ရှိနေဟုဆို “မနေ့ကစပြီး မီးရော၊ ရေရော ပျက်တယ်။ မီးရော၊ ရေရော အကုန်လုံး ပျက်သွားပြီ။ ရက်ကတော့ အကန့် အသက်မရှိဘူး။ ဘယ်နေ့ဘာဖြစ်မယ်ဆိုတာမသိဘူး။ လမ်းကြောင်းက ၁၅၊ ၁၆ရက်ကျရင် စပိတ်ပြီလို့ ကြားပါတယ်”ဟု လွိုင်ကော်မြို့ခံက ပြောသည်။ LuduNwayOoဇန်နဝါရီ 10, 2022
News လွိုင်ကော်တွင် ယနေ့ ပစ်ခတ်မှုဆက်ဖြစ်ပြီး မြို့ပေါ်၌ ရဟတ်ယာဉ် ပျံဝဲနေ၊ မြို့ခံများ ထွက်ခွာတိမ်းရှောင် ယနေ့ နံနက်ပိုင်းတွင်လည်း ပစ်ခတ်မှုများ ထပ်မံကြားနေရပြီး လက်နက်ကြီးပစ်ခတ်သံများလည်း ကြားရကြောင်း လွိုင်ကော်မြို့ခံက ပြောသည်။ ယနေ့ ၁၁နာရီ ဝန်းကျင်ကလည်း ရဟတ်ယာဉ်တစ်စီး မြို့ပေါ်တွင် ပျံဝဲနေခဲ့သော်လည်း ပစ်ခတ်မှုမရှိခဲ့ဟု ၎င်းက ဆိုသည်။ LuduNwayOoဇန်နဝါရီ 9, 2022
မေးမြန်းခန်း “ကျွန်တော်တို့ကိုယ်တိုင်လည်း လက်နက်ဆွဲသင့်ရင်ဆွဲပြီး တိုက်ပွဲဝင်မှာပါ” လွိုင်ကော်မြို့တိုက်ပွဲ၊ စစ်ရှောင်အရေးတို့နှင့်ပတ်သပ်၍ မြို့ခံတစ်ဦးနှင့် မေးမြန်းခန်း LuduNwayOoဇန်နဝါရီ 8, 2022
News လွိုင်ကော် မြို့ပေါ် ပြည်သူများ စစ်ဘေးရှောင်ရန် သို့မဟုတ် ကျည်ကွယ်နေရာများ၌ သတိဖြင့်နေရန် KNDFတပ်ရင်း(၂) အသိပေး ထိခိုက်ဒဏ်ရာရရှိသော ပြည်သူများရှိပါက အခြားသော သက်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့များအား အကူအညီတောင်းခံနိုင်၍ ၎င်းအဖွဲ့အစည်းများမှလည်း မြေပြင်နှင့်ချိတ်ဆက် ဆောင်ရွက်ပေးရန် အကူအညီတောင်းခံတိုက်တွန်းကြောင်း ဖော်ပြထားသည်။ LuduNwayOoဇန်နဝါရီ 7, 2022
News စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိ၍ လွိုင်ကော်ဒေသခံ တစ်ဦးသေ လက်နက်ကြီးထိမှန်သေဆုံးသွားသူသည် လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်မှ အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်း၏ ဇနီးနှင့် ကလေးများလည်း ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီဒေသအခြေစိုက် ကန္တရာ၀တီတိုမ်း သတင်းဌာနက ဖော်ပြသည်။ LuduNwayOoဇန်နဝါရီ 7, 2022
News လွိုင်ကော် – ရှားတောလမ်းပိုင်း သွားလာခွင့်ပိတ်ပင်ကြောင်း KNDF သတိပေး စစ်ရေးနှင့် နယ်မြေအခြေအနေပေါ်မူတည်၍လည်း လိုအပ်သလို ရက်ထပ်မံတိုးမြှင့်ပိတ်ပင်ထားမည်ဟု KNDF လွိုင်ကော်ဇုန်က ဆိုသည်။ LuduNwayOoဇန်နဝါရီ 7, 2022
News ငွေတောင်ဆည်အနီးတိုက်ပွဲ ကျဆုံးခဲ့သည့် လွိုင်ကော် PDF လူငယ်ရဲဘော်၏ ဈာပန လွိုင်ကော် PDF တပ်ဖွဲ့ဝင်၏ ဈာပန အခမ်းအနားကို ယနေ့(ဇန်နဝါရီ ၃ရက်)ပြုလုပ်ခဲ့ပြီး ကရင်နီရဲဘော်နှင့် ဒီးမော့ဆို PDF ရဲဘော်တို့၏ ဈာပန အခမ်းအနားကိုလည်း ယနေ့၌ပင် ပြုလုပ်ခဲ့ရာ သက်ဆိုင်ရာတပ်မှ တပ်ဖွဲ့ဝင်များ လိုက်ပါပို့ဆောင်ခဲ့သည်။ LuduNwayOoဇန်နဝါရီ 3, 2022
News ဒီးမော့ဆိုနှင့် လွိုင်ကော်တိုက်ပွဲတွင် စစ်ကောင်စီဘက်ကခုနှစ်ဦးသေပြီး ကိုးဦးဒဏ်ရာရ၊ KNDFတပ်ဖွဲ့ဝင်တစ်ဦးကျဆုံး ဒီမောဆိုမြို့နယ်၊ ဝပ်လထွားကျေးရွာနှင့်လွိုင်ကော်မြို့နယ်၊ ကနန်းကွယ်ရွာ နှင့် ရေကန်ရွာကြားတွင် ဒီဇင်ဘာ ၁၅ရက်နှင့် ၁၆ရက်က ဖြစ်ခဲ့သောတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ခုနှစ်ဦးသေဆုံးကာ ကိုးဦးဒဏ်ရာရခဲ့သည်ဟု KNDFက ဒီဇင်ဘာ ၁၆ ရက်တွင် ထုတ်ပြန် သည်။ LuduNwayOoဒီဇင်ဘာ 17, 2021
News လွိုင်ကော်-ဒီးမော့ဆို-ဒေါသမကြီး-ဘောလခဲလမ်းပိုင်းကိုဒီဇင်ဘာ ၃ရက်မှစ၍ရက်အကန့်မရှိပိတ်မည်ဟုKNDFကြေညာ ခရီးသွားလာခြင်းနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အသိပေးချက်အား ယနေ့ ဒီဇင်ဘာလ(၁) ရက်နေ့တွင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ LuduNwayOoဒီဇင်ဘာ 2, 2021
News လွိုင်ကော်တွင် စစ်ကောင်စီ၏ ဒုရဲမှူးတစ်ဦးသေနတ်ဖြင့်ပစ်သတ်ခံရ "သေသွားတဲ့ရဲက သတင်းရဲတပ်ဖွဲ့ကတဲ့။ မုန့်ဟင်းခါးဆိုင်မှာ ဝင်ပစ်သွားတာ။ ဒေသခံတွေကတော့ ကြောက်ပေမယ့် အရမ်းကြီး ရုတ်ရုတ်သဲသဲ ဖြစ်မသွားဘူး။ ရဲခွေးကတော့ နေရာမှာတင်သေတာ" ဟု ဒေသခံတစ်ဦးကပြောသည်။ LuduNwayOoအောက်တိုဘာ 24, 2021