Connect with us

Hi, what are you looking for?

News

လွိုင်ကော် မြို့ပေါ် ပြည်သူများ စစ်ဘေးရှောင်ရန် သို့မဟုတ် ကျည်ကွယ်နေရာများ၌ သတိဖြင့်နေရန် KNDFတပ်ရင်း(၂) အသိပေး

ထိခိုက်ဒဏ်ရာရရှိသော ပြည်သူများရှိပါက အခြားသော သက်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့များအား အကူအညီတောင်းခံနိုင်၍ ၎င်းအဖွဲ့အစည်းများမှလည်း မြေပြင်နှင့်ချိတ်ဆက် ဆောင်ရွက်ပေးရန် အကူအညီတောင်းခံတိုက်တွန်းကြောင်း ဖော်ပြထားသည်။

လွိုင်ကော်မြို့ပေါ်၌ လတ်တလော တိုက်ပွဲဖြစ်နေသည့် နေရာများမှ ပြည်သူများ အမြန်ဆုံးဘေးလွတ်ရာသို့ တိမ်းရှောင်ရန်နှင့် ရှောင်ရှားရန် ခက်ပါက ပြည်သူများနေအိမ်အတွင်း ကျည်ကွယ် မျက်ကွယ် ဖြစ်နိုင်သည့် အကာအကွယ်များတွင် သတိဖြင့် နေထိုင်ကြရန် ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) တပ်ရင်း(၂)က ယနေ့ မွန်းလွဲပိုင်း၌ ထုတ်ပြန်သည်။

ကရင်နီပြည်နယ် လွိုင်ကော်မြို့ပေါ်တွင် ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)နှင့် ပြည်သူ့ကာကွယ်ရေးတပ်များက အကြမ်းဖက်စစ်ကောင်စီကို ခုခံတိုက်ခိုက်လျက်ရှိရာ တိုက်ပွဲများ ပိုမိုပြင်းထန်နေကြောင်း၊ တိုက်ပွဲများဖြစ်ပွားသော နေရာများမှာ မိုင်းလုံး၊ ပန်ကန်း၊ ရွာတန်းရှည် တ၀ိုက်မှ ပြည်သူလူထုများ ဘေးလွတ်ရာသို့ အမြန်ရှောင်ရှားပေးကြရန် မေတ္တာရပ်ခံကြောင်း ဖော်ပြသည်။

တိုက်ပွဲဖြစ်ပွားစဉ် ရှောင်ရှားရန် အခက်အခဲဖြစ်သော ပြည်သူများမှာလည်း မိမိတို့၏ နေအိမ်အတွင်း ကျည်ကွယ် မျက်ကွယ်ဖြစ်နိုင်သော အကာအကွယ်များတွင် သတိနှင့် နေထိုင်ပေးကြရန် နှင့် မလိုအပ်လျင် လုံး၀ အပြင်သို့ မထွက်ကြရန် အသိပေးထားသည်။

တိုက်ပွဲများ ပြင်းထန်လာနိုင်ဖွယ်ရှိ၍ စစ်မီးသည် တစ်မြို့လုံး အချိန်မရွေး ကူးစက်သွားနိုင်သဖြင့် မြို့နေလူထုများလည်းမိမိတို့၏ မိသားစုနှင့် သက်ဆိုင်သောအရေးကြီး ပစ္စည်းများ သိမ်းထုတ်ပြင်ဆင်ထားရန်၊ လိုအပ်ပါက စစ်ရှောင်နိုင်ရန် အတွက် ပြင်ဆင်ထားရန် KNDF တပ်ရင်း(၂)က ကြေညာသည်။

Public Service Announcement

Public Service Announcement

ထိခိုက်ဒဏ်ရာရရှိသော ပြည်သူများရှိပါက အခြားသော သက်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့များအား အကူအညီတောင်းခံနိုင်၍ ၎င်းအဖွဲ့အစည်းများမှလည်း မြေပြင်နှင့်ချိတ်ဆက် ဆောင်ရွက်ပေးရန် အကူအညီတောင်းခံတိုက်တွန်းကြောင်း ဖော်ပြထားသည်။

လတ်တလော တိုက်ပွဲဖြစ်ပွားစဉ် ချက်ချင်းရှောင်တိမ်းရသော စစ်ရှောင်ဦးရေ ပိုများလာလျက်ရှိ၍ အနောက်ဘက်ခြမ်း စစ်ရှောင်စခန်းများတွင် ကူညီထောက်ပံ့နိုင်ရန် ရိက္ခာ၊ စောင်နှင့် ဆေးဝါးများ အပူအတပြင်းလိုအပ်နေသည်ဟု ဆိုသည်။

ထို့ကြောင့် အလှူငွေ ဖြစ်စေ၊ ထောက်ပံ့ပစ္စည်းများဖြစ်စေ အမြန်ဆုံးဖြည့်တင်းနိုင်ရေး KNDF တပ်ရင်းများနှင့် သက်ဆိုင်ရာ မြေပြင် အဖွဲ့များကို ချိတ်ဆက် လှူဒါန်းပေးရန် တိုက်တွန်းထားသည်။ မြို့နေပြည်သူများအထိပါ စစ်မီးမှာ စကူးလာပြီဖြစ်သောကြောင့် အခြားပြည်နယ်မှ ပြည်သူများအနေဖြင့် ကရင်နီ စစ်ရှောင်ပြည်သူ များအား ကူညီပေးရန်နှင့် ကရင်နီပြည်ရှိ KNDF ၊ပြည်သူ့ကာကွယ်ရေးအဖွဲ့များကို ပိုမိုထောက်ပံ့ပေးရန် ထုတ်ပြန်ထားသည်။

ယမန်နေ့က လွိုင်ကော်မြို့ပေါ်တွင် တိုက်ပွဲများပြင်းထန်ခဲ့ရာ ယနေ့နံနက်တွင်လည်း ပစ်ခတ်မှုများဆက်ရှိခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်၍ မြို့ပေါ် ရပ်ကွက်ရှိ မိသားစုတစ်ခု လက်နက်ကြီး ကျည်ထိ၍ တစ်ဦးသေဆုံးကာ ​လေးဦးဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ မေလ ၁၉ရက် ညနေက ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF က ဒရုန်းနဲ့ဗုံးကြဲလို့ အာဏာသိမ်းစစ်တပ်ကစစ်သား ၄ဦး သေဆုံးခဲ့ပြီး စစ်ဘေးရှောင်တွေရဲ့ နေအိမ်တွေကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာပေါင်း ၃၀နီးပါးက ပြည်သူပေါင်း ၂၄၀၀၀ ကျော် တိမ်းရှောင်နေရပြီး စားဝတ်နေရေးအခက်အခဲတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း နတ်တလင်းမြို့နယ်က စစ်ရှောင်ပြည်သူတွေကို တစ်အိမ်ထောင် ကျပ် ၂သိန်း ၁သောင်းနှုန်းဖြင့် အိမ်ထောင်စု ၄၀၀ ကျော် ထောက်ပံ့ ပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပဲခူးတိုင်း စစ်ဌာန ဗျူဟာ (၂၂) က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။