နိုင်ငံတကာ အိုင်အက်စ် အကြမ်းဖက် ခေါင်းဆောင်ကို သုတ်သင်နိုင်ခဲ့ကြောင်း အမေရိကန် ကြေညာ ဒီစစ်ဆင်ရေးမှာ ကွီရာရှီအပြင် သူ့ရဲ့ အားထားရတဲ့ လက်ထောက် ခေါင်းဆောင် တစ်ယောက်ပါ သေဆုံးသွားတယ်လို့ ဘိုင်ဒန်က ဆိုပါတယ်။ ဒါပေမဲ့ အဲဒီ လက်ထောက် ဘယ်သူဘယ်ဝါ ဆိုတာကိုတော့ အမေရိကန် အာဏာပိုင်တွေက မီဒီယာတွေဆီ အသိမပေးသေးပါဘူး။ LuduNwayOoဖေဖော်ဝါရီ 4, 2022
News အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်နှင့် ဆိုးရွာသောကပ်ဆိုက်မှုအတွက် စစ်တပ်တွင် တာဝန်ရှိကြောင်း ဥရောပသမဂ္ဂနှင့် ဗြိတိန်၊ အမေရိကန်အပါအဝင် ၉နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများပူးတွဲထုတ်ပြန် အဆိုပါ ပူးတွဲကြေညာချက်ကို ဥရောပသမဂ္ဂအဆင့်မြင့်ကိုယ်စားလှယ်၊ အယ်ဘေးနီးယား၊ ဩစတေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေး၊ တောင်ကိုရီးယား၊ ဆွဇ်ဇာလန်၊ ဗြိတိန်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးများက လက်မှတ်ရေးထိုးထုတ်ပြန်ခြင်းဖြစ်သည်။ LuduNwayOoဖေဖော်ဝါရီ 1, 2022
News ပုလဲနယ်ရှိ ကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး၊ အိမ်ခြေရာနှင့်ချီ မီးလောင်ဆုံးရှုံး အကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် မွေ့တုံကျေးရွာ၏အနောက်ဘက်(၂)မိုင်ခန့်တွင်ရှိသည့် ပန်းရွာကျေးရွာသို့ ရောက်ရှိလာကာ ယနေ့(ဖေဖော်ဝါရီ ၁ရက်) နံနက် ၁နာရီခန့်တွင် မီးရှို့ဖျက်ဆီးခဲ့သည်။ LuduNwayOoဖေဖော်ဝါရီ 1, 2022
News ခင်ဦးမြို့နယ်၊ ယောက်သွားအိုင်ရွာကို စစ်ကောင်စီတပ်အကြမ်းဖက် ပြည်သူနှစ်ဦးကျည်ထိမှန် "နှစ်ယောက်အပစ်ခံလိုက်ရတယ်ပြောတယ်။ သေတာမသေတာကတော့မသိရသေးပါဘူး။"ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ပြောသည်။ LuduNwayOoဇန်နဝါရီ 29, 2022
News အကြမ်းဖက်စစ်အုပ်စုအား ထောက်ပံ့ကူညီပေးနေသော လက်နက်ပွဲစား ၉ ဦး၏ အမည်စာရင်း NUG ကြေညာ၊ စီးပွားရေးလုပ်ငန်းများကို အမည်ပျက်စာရင်းသွင်း ဦးထွန်းလှိုင်၏ STE Global Trading , ဂျော်နသန်ကျော်သောင်း၏ KT Group နှင့် Ky Tha Group , ဦးသောင်လှိုင်ဦး Myanmar Chemical & Machinery (MCM)ကုမ္ပဏီအုပ်စု၊ ဦးတေဇ၏ ထူးကုမ္ပဏီ အုပ်စုနှင့် ဦးဇော်ဝင်းဦး၏ Trident... LuduNwayOoဇန်နဝါရီ 25, 2022
News အကြမ်းဖက်စစ်ခေါင်းဆောင် မန္တလေးသို့ရောက်ချိန် မဟာအောင်မြေရှိ ပြည်ခိုင်ဖြိုးရုံး ပေါက်ကွဲမှုဖြစ် "မအလ မန်းလေးမှာ ရောက်နေတယ် ကြားလို့ ခြောက်လန့်ပေးလိုက်တာပါ။ မနက်ဖြန် ဒီထက်မက မအလကို ခြောက်လှန့်မှာပါ"ဟု JMPDF တပ်ဖွဲ့ခေါင်းဆောင်က လူထုနွေဦးသို့ ပြောသည်။ LuduNwayOoဇန်နဝါရီ 21, 2022
News ကုလသမဂ္ဂက R2Pကျင့်သုံးရန် ပျက်ကွက်မှုကြောင့် အကြမ်းဖက်မှုများကို စစ်ကောင်စီ ဆက်လက်ကျူးလွန်နေခြင်းဖြစ်ဟု ဒေါက်တာဆာဆာပြော ယခုဇန်နဝါရီအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီအလှည့်ကျဥက္ကဌသည် နော်ဝေးနိုင်ငံဖြစ်ပြီး မြန်မာ့အရေးကို လုံခြုံရေးကောင်စီအစည်းအဝေးခေါ်ယူရန် နော်ဝေးနိုင်ငံနှင့်ဆွေးနွေးထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။ LuduNwayOoဇန်နဝါရီ 21, 2022
ဗီဒီယို ဘာလီကျွန်း ဗုံးခွဲမှုမှာပါဝင်ခဲ့တဲ့ အကြမ်းဖက် ခေါင်းဆောင်တစ်ဦးကို အင်ဒို တရားရုံး ထောင် ၁၅ နှစ်ချ ဘာလီကျွန်းက ကမ္ဘာလှည့် ခရီးသွားတွေ ထူထပ် စည်ကားနေရာ ဘားနှစ်ခုမှာ ဖြစ်ပွားတဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့် နိုင်ငံပေါင်း ၂၁ ခုက လူ ၂၀၂ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီတုန်းက ခရစ္စမတ် အားလပ်ရက် ကာလမျိုးနဲ့လည်း တိုက်ဆိုင်နေတာကြောင့် ဘာလီမှာ အရမ်း လူစည်ကားနေခဲ့ပါတယ်။ LuduNwayOoဇန်နဝါရီ 19, 2022
News စစ်ရှောင်များအားတိုက်ခိုက်ခြင်းအပါအဝင် စစ်ကောင်စီ၏ အကြမ်းဖက်မှုများရပ်တန့်ရေး နိုင်ငံတကာမှ အမြန်အရေးယူရန် ဒီးမော့ဆို PDF တောင်းဆို စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကရင်နီ၊ ကရင်၊ စစ်ကိုင်း၊ မကွေးနှင့် ချင်းဒေသများရှိ ဒေသခံပြည်သူအရပ်သားများ အသက်အိုးအိမ်စည်းစိမ် ထိခိုက်ပျက်စီးမှုများ ကြုံတွေ့နေရသည်။ LuduNwayOoဇန်နဝါရီ 17, 2022
News အကြမ်းဖက်စစ်အုပ်စုကို အရေးယူဒဏ်ခတ်ရန် ဆက်လက်လုပ်ဆောင်နေဟု ဗြိတိန်ထုတ်ပြန် ဗြိတိန်သည် မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းပြီးချိန်မှစပြီး ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများ နှင့် မြန်မာပြည်သူလူထုကို ဖိနှိပ်မှုများတွင် ပါဝင်ပတ်သက်မှုအတွက် လူပုဂ္ဂိုလ် ၂၄ဦးနဲ့ အဖွဲ့အစည်း ၉ ခုတို့ ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့သည်။ LuduNwayOoဇန်နဝါရီ 14, 2022