Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်အုပ်စုအား ထောက်ပံ့ကူညီပေးနေသော လက်နက်ပွဲစား ၉ ဦး၏ အမည်စာရင်း NUG ကြေညာ၊ စီးပွားရေးလုပ်ငန်းများကို အမည်ပျက်စာရင်းသွင်း

ဦးထွန်းလှိုင်၏ STE Global Trading , ဂျော်နသန်ကျော်သောင်း၏ KT Group နှင့် Ky Tha Group , ဦးသောင်လှိုင်ဦး Myanmar Chemical & Machinery (MCM)ကုမ္ပဏီအုပ်စု၊ ဦးတေဇ၏ ထူးကုမ္ပဏီ အုပ်စုနှင့် ဦးဇော်ဝင်းဦး၏ Trident Marine ကုမ္ပဏီတို့ဖြစ်သည်။

အကြမ်းဖက်စစ်အုပ်စုအား ထောက်ပံ့ကူညီပေးနေသော လက်နက်ပွဲစား ၉ ဦး၏ အမည်စာရင်းများကို ကြေညာပြီး ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို အကြမ်းဖက်မှုနှင့်စစ်ရာဇဝတ်မှုကို အားပေးသောလုပ်ငန်းများအဖြစ် အမည်ပျက်စာရင်းသွင်းလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ ထုတ်ပြန်လိုက်သည်။

၎င်းတို့သည် နိုင်ငံတော်ပုန်ကုန်မူနှင့် စစ်ရာဇဝတ်မူများကျုးလွန်ထားသည့် အကြမ်းဖက်စစ်အုပ်စုကို လက်နက်ဝယ်ယူရရှိနိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်အမည်ခံ လက်နက်ပွဲစားများဖြစ်သည်ကို NUG၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စီးပွားရေးဆိုင်ရာထောက်လှမ်းရေး ညွန့်ကြားရေးမှူးရုံးက စိစစ်တွေ့ရှိရသည်ဟု ဆိုထားသည်။

ထိုကြောင့် အဆိုပါစီးပွားရေးလုပ်ငန်းများနှင့် ဆက်စပ်ထုတ်ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများကို ဝယ်ယူသုံး ဆွဲခြင်း။ ရောင်းဝယ်ဖောက်ကားခြင်း၊ သိုလှောင်ဖြန့်ဖြူးရောင်းချခြင်း၊ စီးပွားရေးလုပ်ငန်းများအချင်းချင်း ချိတ်ဆက်ဆောင်ရွက်ခြင်းနှင့်ငွေပေးငွေယူပြုလုပ်ခြင်းများ မပြုရန် NUGက တားမြစ်လိုက်သည်။

ထိုလုပ်ရပ်များသည်လည်း အကြမ်းဖက်မှုစစ်ရာဇဝတ်မှုကျူးလွန်ရန် ထောက်ခံအားပေးသော လုပ်ငန်းများ အဖြစ်သတ်မှတ်လိုက်ကြောင်း NUGက ဆိုသည်။

Public Service Announcement

Public Service Announcement

NUG၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စီးပွားရေးဆိုင်ရာထောက်လှမ်းရေး ညွန့်ကြားရေးမှူးရုံး က ထုတ်ပြန်သည့်လုပ်ငန်းရှင် ၉ ဦးနှင့် ၎င်းတို့၏ လုပ်ငန်းများမှာ -ဦးအေးကို၏ လုပ်ငန်းဖြစ်သည့် AKကုမ္ပဏီအုပ်စု၊ Family Aye Ko ဆောက်လုပ်ရေး၊ AK Construction & Industry Clarity Construction & Trading, Axion Mandalay Construction၊ ဒေါက်တာ နိုင်ထွဋ်အောင်၏ Dynasty Group of Companies, ဦးစစ်တိုင်းအောင်၏ Suntac ကုမ္ပဏီအုပ်စုနှင့် Yatanarpon Aviation Support တို့ဖြစ်သည်။

ထို့အပြင် ဦးထွန်းလှိုင်၏ STE Global Trading , ဂျော်နသန်ကျော်သောင်း၏ KT Group နှင့် Ky Tha Group , ဦးသောင်လှိုင်ဦး Myanmar Chemical & Machinery (MCM)ကုမ္ပဏီအုပ်စု၊ ဦးတေဇ၏ ထူးကုမ္ပဏီ အုပ်စုနှင့် ဦးဇော်ဝင်းဦး၏ Trident Marine ကုမ္ပဏီတို့ဖြစ်သည်။

မြန်မာနိုင်ငံ၏ တပ်မတော်အမည်ခံ အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံတော်ပုန်ကုန်မှုနှင့် စစ်ရာဇဝတ်မှုများကို နည်းမျိုးစုံဖြင့် ကျူးလွန်လျက်ရှိသည်ဟုလည်း NUG၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဆိုသည်။ အကြမ်းဖက်စစ်အုပ်စုသည် ပြည်သူလူထုကို လက်နက်ငယ်မျိုးစုံဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်း၊ လက်နက်ကြီးများဖြင့် ကျေးရွာများ၊ စစ်ရှောင်စခန်းများကို ပစ်ခတ်ခြင်း ရဟတ်ယာဉ်များဖြင့် ပြည်သူလူထုကို ပစ်ခတ်ခြင်းနှင့် တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်များတို့ကို နေ့စဉ်ပြုလုပ်နေသည်။ ထိုလုပ်ရပ်များသည် နိုင်ငံတကာစစ်ရာဇဝတ်မှုကို ကျူးလွန်ချိုးဖောက်ခြင်းဖြစ်ပြီး နိုင်ငံတကာတရားရုံးများနှင့် စစ်ခုံရုံးများတွင် အရေးယူရမည့် ပြစ်မှုများဖြစ်သည်ဟု NUGကဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

နိုင်ငံတကာ

အီရန်ကသာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကို ခံရတဲ့ နစ်နာသူ ဖြစ်နေတာလို့ အီရန် သမ္မတ မာဆုဒ် ပက်ဇက်ရှ်ခန်းက ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ပြောကြားသွားပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တုံ့ပြန်လိုက်ပါတယ်။

Facebook