Connect with us

Hi, what are you looking for?

News

ကုလသမဂ္ဂက R2Pကျင့်သုံးရန် ပျက်ကွက်မှုကြောင့် အကြမ်းဖက်မှုများကို စစ်ကောင်စီ ဆက်လက်ကျူးလွန်နေခြင်းဖြစ်ဟု ဒေါက်တာဆာဆာပြော

ယခုဇန်နဝါရီအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီအလှည့်ကျဥက္ကဌသည် နော်ဝေးနိုင်ငံဖြစ်ပြီး မြန်မာ့အရေးကို လုံခြုံရေးကောင်စီအစည်းအဝေးခေါ်ယူရန် နော်ဝေးနိုင်ငံနှင့်ဆွေးနွေးထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

(ဖယ်ခုံမြို့နယ် ရွှေပြည်အေးကျေးရွာဒေသခံ ၁၉ဦးအာ အကြမ်းဖက် စစ်ကောင်စီတပ်က လူသားဒိုင်းကာအဖြစ် အသုံးပြုဖမ်းဆီးခေါ်ဆောင်လာစဥ်)

R2Pနှင့်ပတ်သက်၍ ကုလလုံခြုံရေးကောင်စီ၌ ဆွေးနွေးနိုင်ရေးလုပ်ဆောင်ထားဟုဆို

ချင်း၊ ကရင်နီ၊ ကရင်ပြည်နယ်အပါအဝင် နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်ကောင်စီ၏ ကျူးလွန်မှု များသည် ကုလသမဂ္ဂက အကာအကွယ်ပေးရန်တာဝန်ရှိမှု R2P ကျင့်သုံးရန် ပျက်ကွက်မှုကြောင့် ဖြစ်သည်ဟု NUG အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာက ပြောသည်။

“R2P ဆိုတာဟာလည်း ကုလသမဂ္ဂချာတာမှာ ရှိပြီးသားပဲ။ အခုတကယ်တမ်းဆို ပြန်ပြောရဦးမှာပဲ။ မတူပီမှာ ဘာဖြစ်လို့ ဒီလိုဖြစ်နေသလဲဆိုရင် Responsibility to Protect မရှိလို့ပေါ့။ ကိုယ့်ကိုယ်ကို မကာကွယ်နိုင်တဲ့ ကမ္ဘာသူ ၊ကမ္ဘာသားတွေကို ကုလသမဂ္ဂက ကာကွယ်ရမယ်ဆိုတာ R2P ပဲ။ အခုဟာက အကာအကွယ်မဲ့ဖြစ်နေလို့ဖြစ် တာမဟုတ်ဘူးလားဆိုတာကိုလည်း ကျွန်တော်တို့ အနေနဲ့ ဒီတရားဥပဒေလမ်းကြောင်းဘက်က အပြည်ပြည်ဆိုင်ရာလမ်းကြောင်းပေါ်မှာ ပြန်ပြောရမှာဖြစ်တယ်” ဟု ဒေါက်တာဆာဆာက ပြောသည်။

ယခုဇန်နဝါရီအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီအလှည့်ကျဥက္ကဌသည် နော်ဝေးနိုင်ငံဖြစ်ပြီး မြန်မာ့အရေးကို လုံခြုံရေးကောင်စီအစည်းအဝေးခေါ်ယူရန် နော်ဝေးနိုင်ငံနှင့်ဆွေးနွေးထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

Public Service Announcement

Public Service Announcement

“မကြာခင်မှာ ကျင်းပမယ့် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဆိုးရွားလှတဲ့ လူ့အခွင့်အရေး အခြေအနေ၊ စစ်ကောင်စီအကြမ်းဖက်လုပ်ရပ်တွေကို ကျွန်တော်တို့အနေနဲ့ တင်ပြပြီးတော့ မြန်မာနိုင်ငံ စစ်ကောင်စီပေါ်မှာ လက်နက်ပိတ်ဆို့မှုတွေ၊ စီးပွားရေး ပိတ်ဆို့မှုတွေကို အားလုံးကနေ ဝင်ရောက် ဆွေးနွေးနိုင်တဲ့ Open Debate လို့ခေါ်တဲ့ အစီအစဉ်တစ်ခုဖြစ်လာပြီး အကောင်အထည်ဖော်ဆောင် ရွက်ဖို့ လုပ်ဆောင်နေပါပြီ” ဟု ၎င်းက ဆက်ပြောသည်။

ထို့အပြင် မကြာခင်ကျင်းပမည့် လူ့အခွင့်အရေးကောင်စီ၌လည်း NUG အနေဖြင့် အစီရင်ခံစာများ တင်သွင်းကာ ယခုထက်ပိုပြီး အရေးယူနိုင်ရေး ခွန်အားကြီးသည့်အရာများ၊ လေကြောင်း တိုက်ခိုက် တားဆီးမှုများ၊ လက်နက်တင်ပို့ရောင်းချမှုနှင့် လေယာဉ်ဆီများပေးပို့ခြင်း အားလုံးကို ရပ်တန့်နိုင်မည့် ကိစ္စများ ဆက်လက်ပေါ်ပေါက်ရေးအတွက် လုပ်ဆောင်နေကြောင်း ဝန်ကြီးဦးအောင်မျိုးမင်းက ရှင်းပြသည်။

“NUG အစိုးရအနေနဲ့ အထူးသဖြင့် လူ့အခွင့်အရေးဝန်ကြီးဌာနအနေနဲ့ အမှန်တရားပေါ်ပေါက် ရေး၊ တရားဥပဒေဖော်ဆောင်နိုင်ရေး၊ အပြစ်ရှိတဲ့သူကို တိကျစွာ အပြစ်ပေးနိုင်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမယ့်အကြောင်း သန္နိဌာန်ပြုပါတယ်။ ကတိပြုပါတယ်။ ဖြစ်အောင် ကျွန်တော်တို့ ဆက်လက်ပြီးတော့ ကြိုးပမ်းဆောင်ရွက်သွားမယ့်အကြောင်း အများပြည်သူရှေ့မှာ လည်း ကတိသစ္စာပြုပါတယ်”ဟု ၎င်းက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကုလသမဂ္ဂဟာ သမိုင်းတလျှောက် မြန်မာပြည်သူများအတွက် ထိရောက်သောအရေးယူဆောင် ရွက်မှုများ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း ကရင်လူ့အခွင့်အရးအဖွဲ့(KHRG)ရဲ့ အစီရင်ခံစာမှာဖော်ပြထားပြီး ဒါကို ပြုပြင်တည့်မတ်ရေးအတွက် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့ ပိုမိုနက်ရှိုင်းပြီး တန်းတူညီမျှသော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။