အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် မန္တလေးမြို့သို့ရောက်နေချိန် မဟာအောင်မြေမြို့နယ်ရှိ ပြည်ခိုင်ဖြိုးပါတီးရုံးအား ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ Justic Mandalay People Defence Force(JMPDF)က ယနေ့ (ဇန်နဝါရီ ၂၁)ထုတ်ပြန်သည်။
ယနေ့ည ၇ နာရီခန့်က မဟာအောင်မြေမြို့နယ် ၃၅ လမ်း၊ ၈၆ လမ်းထောင့်ရှိ ပြည်ခိုင်ဖြိုးပါတီရုံးအား ဗုံးတစ်လုံးပစ်ခတ်ဖောက်ခွဲခဲ့ရာ ထိခိုက်မှုရှိ၊ မရှိ မသိရသေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
“မအလ မန်းလေးမှာ ရောက်နေတယ် ကြားလို့ ခြောက်လန့်ပေးလိုက်တာပါ။ မနက်ဖြန် ဒီထက်မက မအလကို ခြောက်လှန့်မှာပါ”ဟု JMPDF တပ်ဖွဲ့ခေါင်းဆောင်က လူထုနွေဦးသို့ ပြောသည်။
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် မန္တလေးမြို့သို့ ရောက်ရှိနေပြီး မနက် ဖြန်(ဇန်နဝါရီ ၂၂)တွင် ဘုရားတစ်ဆူအား ထီးတင်ရန်ရှိနေကြောင်း မန္တလေးမြို့ခံများထံမှ သိရသည်။

Public Service Announcement
