Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်ကောင်စီ ဝါဒဖြန့်ပွဲသို့ ရုရှားနှင့် ဂျပန် နှစ်နိုင်ငံသာ သံအမတ်ကြီးအဆင့်တက်ရောက်

အကြမ်းဖက်စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ရုံးစိုက်ရာနေပြည်တော်၌ ရှင်းလင်းပွဲမပြုလုပ်ဘဲ ရန်ကုန်မြို့သို့ လာရောက်ရှင်းလင်းသော်လည်း ရုရှားနှင့် ဂျပန် နှစ်နိုင်ငံမှလွဲ၍ ကျန်သံရုံးများက စစ်ကောင်စီကို အသိအမှတ်မပြုကြောင်း ပြသခဲ့ကြသည်။

▪️သံတမန်မျက်နှာစာတွင် အကြမ်းဖက်စစ်ကောင်စီ ဆက်လက်အရေးနိမ့်နေ

အကြမ်းဖက်စစ်ကောင်စီ၊ နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာ့အရေးရှင်းလင်းပွဲသို့ ရုရှားနှင့် ဂျပန်နှစ်နိုင်ငံသာ သံအမတ်ကြီးအဆင့်တက်ရောက်ပြီး တရုတ်၊ အာဆီယံအပါအဝင် ကျန်နိုင်ငံများက သံရုံးအရာရှိများသာ တက်ရောက်ခဲ့ကြောင်း သတင်းရင်းမြစ်အချို့က ပြောသည်။

အကြမ်းဖက်စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ရုံးစိုက်ရာနေပြည်တော်၌ ရှင်းလင်းပွဲမပြုလုပ်ဘဲ ရန်ကုန်မြို့သို့ လာရောက်ရှင်းလင်းသော်လည်း ရုရှားနှင့် ဂျပန် နှစ်နိုင်ငံမှလွဲ၍ ကျန်သံရုံးများက စစ်ကောင်စီကို အသိအမှတ်မပြုကြောင်း ပြသခဲ့ကြသည်။

အဆိုပါ ရှင်းလင်းပွဲကို အကြမ်းဖက်စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ၀ဏ္ဏမောင်လွင်၊ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်၏ အကြံပေးများဖြစ်သည့် ရင်ရင်နွယ်၊ ယဉ်ယဉ်ဦး၊ ဆလိုင်းငွန်ကျုံးလျန် နှင့် အခြားသော အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံများတက်ရောက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံအနှံ့အပြားတွင် စစ်တပ်က ပြည်သူလူထုကို ထင်တိုင်းကြဲ ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက်ကာ အကြမ်းဖက်မှုများကျူးလွန်နေသော်လည်း ၀ဏ္ဏမောင်လွင်က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် စစ်ဘက်အုပ်ချုပ်ရေးမဟုတ်သည်မှာ ထင်ရှားကြောင်း သံတမန်ရှင်းလင်းပွဲ၌ လိမ်လည်သည်။

ထို့အပြင် PDF ၊ NUG နှင့် CRPH တို့ကို အကြမ်းဖက်အဖွဲ့များအဖြစ် စွပ်စွဲပြစ်တင်ပြီး UNCTED ၊ ACCT ၊ ASEANAPOL နှင့် INTERPOL တို့က ရှုတ်ချရန်နှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်ရန် ၀ဏ္ဏမောင်လွင်က တိုက်တွန်းခဲ့သည်။

သို့သော်လည်း လက်တွေ့တွင် တရားမဝင်အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်များကို ချက်ချင်း ရပ်တန့်ရန် အာဆီယံအပါအဝင် ကုလသမဂ္ဂနှင့် နိုင်ငံတကာက တိုက်တွန်းထားပြီး အရပ်သားအစိုးရကို အမြန်ဆုံး အာဏာပြန်အပ်ရန်တောင်းဆိုထားသည်။

အကြမ်းဖက်စစ်ကောင်စီ၏ လူမဆန်သောလုပ်ရပ်များကို အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂနှင့် အနောက်နိုင်ငံများက အပြင်းထန်ဆုံးပြစ်တင်ရှုတ်ချကာ မြန်မာစစ်ခေါင်းဆောင်များနှင့် ၎င်းတို့ကို ထောက်ခံသူများ၊ စီးပွားရေးလုပ်ငန်းများကို ပစ်မှတ်ထားပိတ်ဆို့ဒဏ်ခတ်မှုများ ချမှတ်ထားသည်။

ဒေသတွင်းအာဆီယံအဖွဲ့ကလည်း လက်ရှိအချိန်အထိ အကြမ်းဖက်စစ်ကောင်စီကို တရားဝင်အသိ အမှတ်ပြုခြင်းမရှိသေးဘဲ ဘုံဆုံးဖြတ်ချက် ၅ ရပ်အကောင် အထည်ဖော်ရေး တိုးတက်မှုမရှိဟု ဆိုကာ မကြာခင်ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ ၀ဏ္ဏမောင်လွင်ကို တက်ရောက်ခွင့်မပေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

စစ်ကို တားဆီးဖို့အတွက် ဂျပန်ဟာ စစ်အင်အားကို ကျိန်းသေပေါက် ဖြည့်တင်းဖို့လိုကြောင်း ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအီဇူမီက ပြောကြားခဲ့ပါတယ်။