Connect with us

Hi, what are you looking for?

News

ပုလဲနယ်ရှိ ကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး၊ အိမ်ခြေရာနှင့်ချီ မီးလောင်ဆုံးရှုံး

အကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် မွေ့တုံကျေးရွာ၏အနောက်ဘက်(၂)မိုင်ခန့်တွင်ရှိသည့် ပန်းရွာကျေးရွာသို့ ရောက်ရှိလာကာ ယနေ့(ဖေဖော်ဝါရီ ၁ရက်) နံနက် ၁နာရီခန့်တွင် မီးရှို့ဖျက်ဆီးခဲ့သည်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီးနောက် ကျေးရွာများ၏ ရာနှင့်ချီသော နေအိမ်များကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက လူထုနွေဦးသို့ ပြောသည်။

မြိုင်မြို့နယ်မှတစ်ဆင့် စစ်ကြောင်းထိုးလာသည့် အင်အား ၁၀၀ကျော်ပါ အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ဇန်နဝါရီ ၃၁ရက်တွင် ပုလဲမြို့နယ် မွေ့တုံကျေးရွာတွင် တပ်စွဲခဲ့သည်။

ထို့နောက် အကြမ်းဖက်စစ်တပ်က ယမန်​နေ့ ည ၈နာရီဝန်းကျင်တွင် မွေ့တုံကျေးရွာကို မီးရှို့ ဖျက်ဆီးမှုစတင်ခဲ့ပြီး အိမ်ခြေ ၂၅၀ ခန့်အနက် အိမ် ခြေ၂၀၀ ထက်မနည်းဆုံးရှုံးခဲ့ရသည်။

အကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် မွေ့တုံကျေးရွာ၏အနောက်ဘက်(၂)မိုင်ခန့်တွင်ရှိသည့် ပန်းရွာကျေးရွာသို့ ရောက်ရှိလာကာ ယနေ့(ဖေဖော်ဝါရီ ၁ရက်) နံနက် ၁နာရီခန့်တွင် မီးရှို့ဖျက်ဆီးခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် အိမ်ခြေ ၈၀၀ကျော်ခန့်ရှိသော ပန်းရွာကျေးရွာရှိ နေအိမ် အလုံး ၂၀၀ခန့်မှာလည်း မီးလောင်ကျွမ်းခဲ့ရသည်။

“စစ်ခွေးတပ်က ရွာတစ်ရွာကို ဝင်ပြီဆိုတာနဲ့ ဒေသခံပြည်သူတွေက အကုန်ကြောက်ပြီ ပြေးကြရတာ။ ဒါတင်မကဘူး နီးစပ်ရာ ရွာတွေကပါ ထွက်ပြေးကြရတယ်။မနေ့ကနဲ့ ဒီနေ့အထိဆို ပုလဲ က ကျေးရွာခြောက်ခုက ပြည်သူသောင်းဂဏန်းလောက်ရှိပါတယ်”ဟု ပုလဲမြို့နယ်နေသူတစ်ဦးက ပြောသည်။

လက်ရှိ အကြမ်းဖက်စစ်တပ်၏ ပုလဲမြို့နယ်တွင်း စစ်ကြောင်းထိုးမှုကြောင့် မင်းရွာ၊မွေ့တုံ၊ပန်းရွာ၊ကံပေါက်နှင့် တနယ် ကျေးရွာများမှ ဒေသခံပြည်သူများမှာ ရွာလုံးကျွတ်စစ်ဘေးရှောင်နေရသည်ဟုလည်း ၎င်းကဆိုသည်။

ထို့ကြောင့် ပုလဲမြို့နယ်စစ်ဘေးရှောင်ပြည်သူများအတွက် အကူညီများလိုအပ်နေပြီး နီးစပ်ရာ ဒေသခံများနှင့် ပြည်သူများအနေဖြင့် ကူညီရန်လည်း ပုလဲ အခြေစိုက် လူမှုရေးအသင်းများက တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ခရီးသည်တင် ကူးတို့ရေယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၅ ဦးသေ၊ ၄၀ ကျော် ပျောက်ဆုံးနေပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။