Connect with us

Hi, what are you looking for?

News

စစ်တပ်၏ အကြမ်းဖက်မှုများကြောင့် ကလေးသူငယ်သေဆုံးမှု နေ့စဉ်မြင့်တက် နေကြောင်း ကုလကို မြန်မာသံအမတ်ကြီး အစီရင်ခံ

UNICEF ၏ ထုတ်ပြန်ချက်အရ မြန်မာစစ်တပ် တရားမဝင် အာဏာသိမ်း ခဲ့သည့် ၂၀၂၁ ဖေဖော် ဝါရီလ ၁ ရက်မှ စတင်ကာ အသက် ၃ နှစ်မှ ၁၇ နှစ် အကြား ကလေးငယ် ၁၁၄ ဦးထက်မနည်း စစ်တပ်၏ သတ်ဖြတ်ခြင်းခံခဲ့ရပြီး ပြီးခဲ့သောလအတွင်းမှာပင် ကလေး ၁၈ ဦး သေဆုံးခဲ့ကြောင်း သံအမတ်ကြီးက ကုလသမဂ္ဂသို့ ပြောသည်။

မြန်မာစစ်တပ်က ပြည်သူလူထုအပေါ် ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ ကျူးလွန်သော အကြမ်းဖက်မှုများကြောင့် ကလေးသူငယ်သေဆုံးမှု အရေ အတွက် နေ့စဉ်မြင့်တက်နေကြောင်း မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ၌ ပြောကြားသည်။

ဖေဖော်ဝါရီ ၈ ရက်တွင် ကျင်းပသောကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) အမှုဆောင်ဘုတ်အဖွဲ့အစည်းအဝေးတွင် မြန်မာသံအမတ်ကြီးက မိန့်ခွန်းတစ်ရပ်ပြောကြားကာ ကလေးငယ်များအပါအဝင် ပြည်သူလူထုအပေါ် မြန်မာစစ်တပ်က အကြမ်းဖက်မှုများ၊ လူမဆန်စွာ သတ်ဖြတ် မီးရှို့မှုများကို အစီရင်ခံသည်။

UNICEF ၏ ထုတ်ပြန်ချက်အရ မြန်မာစစ်တပ် တရားမဝင် အာဏာသိမ်း ခဲ့သည့် ၂၀၂၁ ဖေဖော် ဝါရီလ ၁ ရက်မှ စတင်ကာ အသက် ၃ နှစ်မှ ၁၇ နှစ် အကြား ကလေးငယ် ၁၁၄ ဦးထက်မနည်း စစ်တပ်၏ သတ်ဖြတ်ခြင်းခံခဲ့ရပြီး ပြီးခဲ့သောလအတွင်းမှာပင် ကလေး ၁၈ ဦး သေဆုံးခဲ့ကြောင်း သံအမတ်ကြီးက ကုလသမဂ္ဂသို့ ပြောသည်။

ထို့အပြင် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) ၏ ပဏာမလေ့လာဆန်းစစ်ချက်များအရ မြန်မာစစ်တပ်က လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများ ဖြစ်သည့် ပညာရေးနှင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများကို တိုက်ခိုက်ခြင်း၊ မတရားချုပ်နှောင်ထားသူ များအား သေသည်အထိ ညှင်းပန်းနှိပ်စက်ခြင်း၊ လူသားချင်း စာနာ ထောက်ထားမှု အကူအညီများ ပိတ်ဆို့ခြင်း၊ အိမ်များနှင့် ဘာသာရေး အဆောက်အအုံများကို မီးရှို့ဖျက်ဆီးခြင်း၊ အမျိုးသမီးများနှင့် ကလေး သူငယ်များအပါအဝင် အရပ်သားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း များ ပါဝင်ကြောင်း သံအမတ်ကြီးက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံရှိ ဒေသများ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားရာဒေသများရှိ ကလေးအများအပြားသည် လူသားချင်းစာနာထောက်ထားမှုအကူအညီများ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးဝန်ဆောင်မှုများ လိုအပ်နေပြီး ၎င်းတို့အား လိုအပ်သောအကူအညီများ ဖြည့်ဆည်းပေးနိုင်ရေး နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှု အကူအညီများ အပါအဝင် ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးကို ရှာဖွေ၍ ပံ့ပိုးပေးရန် UNICEF ကို မြန်မာသံအမတ်ကြီး က မေတ္တာရပ်ခံသည်။

ထို့အတွက် ၂၀၂၂ တွင် မြန်မာနိုင်ငံရှိ ကလေးသူငယ်များ၏ ကဏ္ဍစုံလူသားချင်း စာနာထောက်ထားမှု လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် UNICEF မှ လိုအပ်လျက်ရှိသော ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၅၁.၄ သန်း ကို ကူညီထောက်ပံ့ပေးပါရန် အလှူရှင်နိုင်ငံကိုလည်း သံအမတ်ကြီးက မေတ္တာရပ်ခံခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့မှာ လမ်းနယ်နမိတ်နဲ့ မလွတ်လို့ဆိုပြီး နေအိမ် ရာနဲ့ချီဖျက်ဖို့အတွက် စစ်ကောင်စီ လက်အောက်ခံလမ်းဦးစီးဌာနက စာပို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။