News မြန်မာ့ဒီမိုကရေစီအရေး ဆက်လက်ကူညီရန် အမေရိကန်၏သံန္နိဋ္ဌာန် ခိုင်မြဲလျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီး ထပ်မံကတိပြု မြန်မာနှစ်သစ်ကူး သင်္ကြန်အခါသမယတွင် မြန်မာပြည်သူများကောင်းခြင်း မင်္ဂလာများနှင့် ပြည့်စုံပါစေကြောင်း အမေရိကန်ပြည်ထောင်စုကိုယ်စား အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဆုမွန် ကောင်းသည်။ LuduNwayOoဧပြီ 11, 2022
နိုင်ငံတကာ ယူကရိန်း ပြည်သူတွေကို ရုရှားက စီမံကိန်းချပြီး သတ်ဖြတ်နေတာလို့ အမေရိကန် အစိုးရ ထိပ်တန်းအရာရှိပြော ကျူးကျော်စစ် ပြုခဲ့တဲ့ ရုရှားစစ်သားတွေက ယူကရိန်းမှာ အရပ်သား ပြည်သူတွေကို သတ်ဖြတ်ခဲ့ကြောင်း အထောက်အထားတွေ ဆက်တိုက် ထွက်ပေါ်လာတဲ့နောက် အမေရိကန်နဲ့ ယူကရိန်း အစိုးရတို့က ရုရှားကို စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေကြောင်း အတိအလင်း စွပ်စွဲခဲ့ပါတယ်။ LuduNwayOoဧပြီ 11, 2022
News NUG အပါအဝင် ဒီမိုကရေစီအရေးကြိုးပမ်းသူအားလုံးအမေရိကန် ဆက်လက်ကူညီမည်ဟု USAID ဒုတိယအကြီးအကဲပြော NUG နှင့် အမေရိကန်အစိုးရ၏ ဆက်ဆံရေးကို အထောက်အပံ့ဖြစ်စေသည့် လူ့အခွင့်အရေး ဗဟိုချက်ချာကျမှုကို USAID ဒုတိယအကြီးအကဲက ထည့်သွင်းဆွေးနွေးသည်။ LuduNwayOoဧပြီ 9, 2022
News တိုင်းရင်းသား လက်နက်ကိုင်တွေဆီ လေယာဉ်ပစ်ဒုံးကျည် တင်သွင်းမယ့် ဂျပန်တစ်ဦး အမေရိကန်မှာ အဖမ်းခံရ အမေရိကန် အစိုးရ ရှေ့နေတွေက တာကီရှီ အီဘီဆာဝါဟာ ဒုစရိုက်ဂိုဏ်း ခေါင်းဆောင် တစ်ဦးလို့ စွပ်စွဲ ပြောဆိုခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ လက်နက် မှောင်ခို ရောင်းဝယ်မှုတွေ ကျူးလွန်နေတယ်လို့ ဆိုပါတယ်။ သူဟာ ဂျပန်ရဲ့ နာမည်ကျော် ယာကူဇာ ဒုစရိုက်ဂိုဏ်းထဲက အတွင်းစည်း ပုဂ္ဂိုလ် တစ်ဦးလို့... LuduNwayOoဧပြီ 8, 2022
နိုင်ငံတကာ လာမယ့်သီတင်းပတ်မှာ မြောက်ကိုရီးယားက နျူကလီးယားလက်နက် စမ်းသပ်လာနိုင်တယ်လို့ အမေရိကန် ယူဆ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ခန့်အပ်ထားတဲ့ မြောက်ကိုရီးယားဆိုင်ရာ အထူးကိုယ်စားလှယ် ဆွန်ကင်မ်က အမေရိကန် အစိုးရ အနေနဲ့ လာမယ့် သီတင်းပတ်ထဲမှာ မြောက်ကိုရီးယားက နျူကလီးယား လက်နက် စမ်းသပ်လိမ့်မယ်လို့ အတော်လေး ခိုင်ခိုင်မာမာ ယုံကြည်ရတဲ့ အထောက်အထားတွေ ရထားကြောင်း ဆိုပါတယ်။ LuduNwayOoဧပြီ 7, 2022
News ဒေသတွင်းမိတ်ဖက်နိုင်ငံများနှင့်ပူးပေါင်းကာ မြန်မာ့နွေဦးတော်လှန်ရေးကူညီနိုင်မည့် နည်းလမ်းများကို အမေရိကန်နှင့် NUGဆွေးနွေး အမေရိကန်အစိုးရ၏ အမျိုးသားလုံခြုံရေးကောင်စီ၊ အရှေ့အာရှဒေသဆိုင်ရာ အဆင့်မြင့်ဒါရိုက်တာ မစ္စတာအက်ဂိတ်ကာဗန်နှင့် NUG ကိုယ်စားလှယ်အဖွဲ့သည် အိမ်ဖြူတော်၌ တွေ့ဆုံခဲ့ရာ ယင်းသို့ ဆွေးနွေးခဲ့သည်ဟု လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ပြော သည်။ LuduNwayOoဧပြီ 7, 2022
News မြန်မာစစ်တပ် ပြစ်ဒဏ်ပေးခြင်း ကင်းလွတ်ခွင့်ရနေမှု အဆုံးသတ်နိုင်ရေး အမေရိကန်နှင့် NUG ဆွေးနွေး NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အမေရိကန်သို့ရောက်ရှိနေရာ လူ့အခွင့်အရေးအရေးပါမှု၊ နိုင်ငံတဝန်း ရက်စက်ယုတ်မာမှုပြုကျင့်ခံရသူအားလုံးအတွက် တရားမျှတမှု စသည်တို့ကိုလည်း ကမ္ဘာလုံးဆိုင်ရာရာဇဝတ်မှုတရားမျှတရေးရုံးက NUGကိုယ်စားလှယ်များနှင့်ဆွေးနွေးခဲ့သည်။ LuduNwayOoဧပြီ 6, 2022
News NUG ကိုယ်စားလှယ်အဖွဲ့နှင့် အမေရိကန်အစိုးရ ထိပ်တန်းတာဝန်ရှိသူများ ယနေ့တွေ့ဆုံမည် လူ့အခွင့်အရေးဝန်ကြီးဦးအောင်မျိုးမင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၏ အလုပ်တာဝန်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဆုမွန်ကောင်း တောင်းထားသည်။ LuduNwayOoဧပြီ 6, 2022
နိုင်ငံတကာ အမေရိကန် စစ်ရေးဗဟို ဌာနချုပ် အကြီးအကဲ တာဝန်က အနားယူသွားတဲ့ ဗိုလ်ချုပ်ကြီး မက်ကင်ဇီ ဧပြီ ၁ ရက်က ဖလော်ရီဒါမှာ သူ့အတွက် နှုတ်ဆက်ပွဲ ကျင်းပခဲ့ပြီး မက်ကင်ဇီက ကြည်းတပ် ဗိုလ်ချုပ်ကြီး မိုက်ကယ် အဲရစ်ခ် ကူရီလာဆီ ရာထူး လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။ မက်ကင်ဇီ ကိုယ်တိုင်ကတော့ မရိန်းတပ်ဖွဲ့ကနေ အမေရိကန် တပ်ပေါင်းစု အကြီးအကဲ ဖြစ်လာတာပါ။ LuduNwayOoဧပြီ 3, 2022
နိုင်ငံတကာ ပူတင့်ကို အခြေအနေမှန်အတိုင်း အစီရင်ခံမှုတွေ မရှိဘူးလို့ အမေရိကန်ပြော အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်မှာတော့ ပူတင်ရဲ့ အကြံပေးတွေဟာ အနောက်အုပ်စုရဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေကြောင့် ရုရှားအပေါ် ဘယ်လောက် ထိချက်ပြင်းပြင်း ရိုက်ခတ်နေသလဲ ဆိုတာကိုပါ ပူတင့်ဆီ အမှန်အတိုင်း အစီရင် မခံရဲကြဘူးလို့ ဖော်ပြထားပါတယ်။ LuduNwayOoမတ် 31, 2022